Monday, April 4, 2011

တရားပွဲ ကျင်းပ ပြီးစီးခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ (M.S.M.O) အဖွဲ့အား ASIAN ( တိမ်ပြာ ) မိသားစုများနှင့် အကျိုးဆောင်ဒါယကာ ဒါယိကာမတို့မှ တရားချီးမြှင့်ပေးပါရန် ပင့်လျှောက်လာ၍ -
ကော်မတီမှ တာဝန်ပေး ပင့်လျှောက်ချက်အရ ကျောင်းသားရဟန်းတော်များအဖွဲ့ ကိုယ်စား အရှင်ဝိသုဒ္ဓ (ဘာသန္တရဆေကဓမ္မာစရိယ) P.S.E.(Dip), B.A ( Indo Aryan ), M.A ( First year ) မဟာချူလာလောင်ကွန်တက္ကသိုလ် (ဘန်ကောက်)မှ (၃-၄-၂၀၁၁)နေ့တွင် ည (၆)နာရီမှ (၁၀)အထိ တရားဓမ္မများကို ထာ့ကျင်ဂေဟ (၁၀)ထပ် တိုက်အောက်တွင် ဟောကြားခဲ့ပါသည်။ ယင်းတရားပွဲသို့ ဘဏ္ဍာရေးမှူးဆရာတော် အရှင်ဝိသုဒ္ဓ(ယော)နှင့် ပြန်ကြားရေးမှူးဆရာတော် အရှင်ပညာစာရတို့ ကြွရောက် ချီးမြှင့်ခဲ့ကြပါသည်။
ဓမ္မပူဇာဝတ္ထုငွေ စုစုပေါင်း နှစ်သောင်းနှစ်ရာကိုးဆယ် (၂၀၂၉၀)ဘတ်တိတိကို တရားနာပရိသတ်များ၏ ကိုယ်စား အကျိုးဆောင် ဒါယကာ ဒါယိကာများမှ တရားဟောဆရာတော် အရှင်ဝိသုဒ္ဓအား ဆက်ကပ်လှူဒါန်းရာ၊ ယင်းအရှင်မြတ်မှ တဆင့် ကျောင်းသားရဟန်းတော်များအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဆရာတော် အရှင်ဝိသုဒ္ဓ(ယော)ထံသို့ တပါးတည်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ကော်မတီ၏စည်းဝေး ဆုံးဖြတ်ချက်အရ ယင်းတရားပွဲမှ ရရှိလာသည့် ဓမ္မပူဇာ ၀တ္ထုငွေများကို မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ပညာသင်ကြာရေး ကျောင်းတွင် လိုအပ်လျှက် ရှိသော ကွန်ပျူတာများအတွက် ထပ်မံ ဖြည့်တင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

1 comment:

  1. ကျောက်ခဲကို ဆီညှစ်ကြကုန်သတည်း

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.