Saturday, April 2, 2011

ပြေးထွက်သွားပြီ



သဘာဝ မဟုတ်တဲ့ အေးခဲမှုတွေကြားမှာ၊
ဘယ်လိုမှ မအေးစက်နိုင်။
ခန္ဓာကိုယ်က အေးစက်
စိတ်တွေက ချွေးထွက်နေတယ်။
ဘာလုပ် ရမှာလဲ?။
ဒါဟာ ဘဝ၊ ဒါဟာ အစ၊
ကမ္ဘာ ပျက်ခြင်းရဲ့ နိယာမလား။
သမိုင်း ပညာရှင်၊ သိပ္ပံ ပညာရှင်တွေက ကာကွယ်၊
ဘယ်အချိန်မှာ ဘယ်လိုဖြစ်၊
ရှေးဖြစ်တွေ ကြိုတွက်ကြပေမယ့်၊
ရှေးသနစ်တွေ ကြိုချက်ကြပေမယ့်၊
အချိန်တန်တော့ ဆွဲယူ၊
လဲသူက လဲ၊ ကွဲသူက ကွဲ၊ မွဲသူက မွဲ၊ ဆဲသူက ဆဲ။
မြေသြဇာကို ငါတို့သုံး၊
ခုတော့ လူလုံးလည်း မလှနိုင်တော့။
တဖန် ပြန်လည်ကာ ပေးဆပ်၊
သဘာဝရဲ့ ဒဏ်ရာ ဒဏ်ချက်ပေပဲ။
သြော် . . . တွေးတုန်း ငေးတုန်း ငေးတုန်း ရေးတုန်း။
“ဝုန်း”ဆို အသံမြည်လာတယ်။
အတွေးစတို့ အပိုင်းပိုင်း ပြတ်၊ တွေးမရလို့ ဒီအတိုင်းတိုင်း ရပ်။
ကြောက် ကြောက် လန့် လန့် ထအကြည့်၊
ဘာမှ မရှိပါဘူး။
ကိုက်မိသည့် ကြောင် နှစ်ကောင်က ပြေးထွက်သွားပြီ။


မောင်ပညာ (မန်းတက္ကသိုလ်) http://www.myozarni.com/

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.