Friday, June 24, 2011

အစည်းအဝေးမှတ်တမ်းနှင့် ဆုံးဖြတ်ချက်များ

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဗဟိုကော်မတီအဖွဲ့နှင့် ပညာရေး ကော်မတီအဖွဲ့တို့၏ အစည်းအဝေးကို (၁၈၊ ၆၊ ၂၀၁၁) စနေနေ့ နေ့လည် (၂) နာရီအချိန်တွင် ဖလန်ဆောင် (၆၃)လမ်း၊ ကျောင်းသားပညာသင်ကြားရေး ရုံးခန်းတွင် “နမော တဿ” စသည်ဖြင့် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပါသည်။

ထို့နောက် ဥက္ကဋ္ဌဆရာတော် အရှင်ဣန္ဒောဘာသမှ လိုအပ်ရာရာများကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းကာ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် အောက်ပါ အကြောင်းအရာများအား ဆွေးနွေးတိုင်းပင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြပါသည်။
၁။       အရှင်ပညာဇောတ (မန်း) မှ တာဝန်ယူ၍ ကျောင်းသား ဝဘ်ဆိုဒ်အား ပြုပြင် မွမ်းမံရန်။
၂။       ဝါမဆိုခင် ကျောင်းသားဥက္ကဋ္ဌဆရာတော် အရှင်ဣန္ဒောဘာသမှ ဦးဆောင်၍ ဘန်ဘော စံကျောင်းဆရာတော်များမှ ကျောင်းသားပညာရေး ရုံးခန်းသို့ ကွန်ပျူတာ ငါးလုံး လှူဒါန်းနိုင်ရန်။
၃။       ကွန်ပျူတာ စာသင်ခုံများ ရှာဖွေရန်။
၎။       ကျောင်းသားပညာသင်ကြားရေး ရုံးခန်းတွင် စာကြည့်တိုက်တည်ထောင်ဖွင့်လှစ်ရန်နှင့် စာအုပ်များ ရှာဖွေ စုဆောင်းရန်။
၅။       ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ အင်္ဂလိပ်ဘာသာစကား ပိုမို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အင်္ဂလိပ်စာပညာရှင်ကြီးများအား ပင့်ဖိတ်၍ သုံးလပြတ် တစ်ကြိမ်နှုံးဖြင့် အပါတ်စဉ် စနေနေ့တိုင်း သင်ကြားပို့ချသွားရန်။
၆။ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များနှင့် အခြားတက္ကသိုလ် အသီးသီး ရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအား ဖိတ်ခေါ်၍ စနေ တနင်္ဂနွေနေ့များတွင် အင်္ဂလိပ်ဘာသာစကား ဆွေးနွေးဖလှယ်ပွဲများ ပြုလုပ်ရန်။
၇။       ၂၃-၇-၂၀၁၁ စနေနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ ဗဟိုကော်မတီ ၏ လေးလပတ်အစည်းအဝေးပွဲ ပြုလုပ်ရန် ။



      
၎။       








  











ထို့နောက်
မြန်မာကျောင်းသာရဟန်းတော်များ ပညာသင်ကြားရေးကျောင်းတွင် စာကြည့်တိုက် ဖွင့်လှစ်ရေးနှင့် ပတ်သက်၍
၁။       တံဆိပ်တုန်းပြုလုပ်ခြင်းကိစ္စ၊
၂။       အသင်းဝင်ကဒ် ပြုလုပ်ခြင်းကိစ္စ၊
၃။       စာကြည့်တိုက်စည်းမျဉ်း ရေးဆွဲရေးကိစ္စ၊
၎။       စာကြည့်တိုက် အသင်းဝင်ခွင့် လျှောက်လွှာကိစ္စ၊
၅။       အသင်းဝင်ကြေး သတ်မှတ်ခြင်းကိစ္စ၊
၆။       စာကြည့်တိုက်သို့ လှူသမျှ စာအုပ်များကို ပြန်ကြားရေးသို့ အကြောင်းကြား၍ အလှူရှင်နာမည်နှင့်တကွ စာအုပ်များကို ကျောင်းသာဝဘ်ဆိုဒ်တွင် ဖော်ပြရန်ကိစ္စ၊
၇။       စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးခြင်းကိစ္စတို့ကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြပြီး ညနေ ငါးနာရီတွင် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြပါသည်။




1 comment:

  1. Keep upright forward and hold steady step by step, remove those who search for a place for luxury.

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.