Friday, June 17, 2011

အစည်းအဝေးဖိတ်ကြားလွှာ

ရိုသေစွာ လျှောက်ထားပန်ကြားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။

၁၈၊ ၆၊ ၂၀၁၁ စနေနေ့ နေ့လည် ၂ နာရီအချိန်တွင် ဖလန်ဆောင်၊ ကျောင်းသား
စာသင်ခန်းတွင် ဗဟိုကော်မတီဝင်များနှင့်ပညာရေးကော်မတီဝင်များ အစည်းအဝေး
ရှိပါသည်ဘုရား။ အစည်းအဝေးကျင်းပမည့်အကြောင်းက ကျောင်းသားစာသင်ခန်း
ပညာရေးကဏ္ဍနှင့်အဖွဲ့၏ဘဏ္ဍာရေးကဏ္ဍများကို ဆွေးနွေးကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဗဟိုကော်မတီဝင်များနှင့်ပညာရေးကော်မတီဝင် အရှင်မြတ်တို့အနေဖြင့်
အစည်းအဝေးသို့ မဖြစ်မနေကြွရောက်တော်မူကြပါရန် ရိုသေစွာ လျှောက်ထားပန်
ကြားအပ်ပါသည် ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.