Sunday, July 17, 2011

အလှူငွေထောက်ပံ့လှူဒါန်းခြင်း

17,7, 2011 ခုနှစ် တနဂ်နွေနေ့တွင် ထိုင်းနိုင်ငံ ခဲလှိုင် (အောဘောတော်)  ၃ ထပ်တိုက်မှ MSMO ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအား 13000 ဘတ်နှင့် သစ္စာပါရမီလင်းရောင်ခြည် အသင်းမှ 20000 ဘတ် တိတိကို ထောက်ပံ့လှူဒါန်းကြောင်းသိရှိရသည်။ ထိုအလှူပွဲသို့ ကျောင်းသားအဖွဲ့၏ ဥက္ကဋ္ဌ အတွင်းရေးမှူး ပြန်ကြားရေး ၄င်းပုဂ္ဂိုလ်များ ကြွရောက်ချီးမြှင့်ပြီး အလှူငွေကို ဦးဝိသုဒ္ဓ (ဘဏ္ဍာရေးမှူး) ထံသို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။ ၄င်းအလှူပွဲ၌ ဥက္ကဋ္ဌမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တန်းလွှာများပေးအပ်ကာ ထိုကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။

မှတ်ချက်။   ။၎င်းပွဲမှ ကိုမင်းမင်း မလတ်ဝင်းတို့မှ အလှူတော်ငွေ ၁၀၀၀၀ ဘတ်ကို ကျောင်းသားရုံးခန်း၌ ကွန်ပြူတာတင်ခုံဝယ်ရန် အတွင်းရေးမှူး ဦးသြဘာသထံအပ်နှံကြောင်းသိရှိရသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.