Sunday, July 24, 2011

မြန်မာနိုင်ငံထေရ၀ါဒဗုဒ္ဓဘာသာစံကျောင်းသို့...ကျေးဇူးတင်ဝမ်းမြောက်ခြင်း

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ တည်ထောင်ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် ကွန်ပျုတာသင်တန်းအတွက် ကွန်ပျုတာများလိုအပ်လျှက်ရှိပါသည်။ ကွန်ပျုတာ၌ စိတ်ပါဝင်စားကြသော ကျောင်းသားများသည်လည်း တစ်နေ့တစ်ခြား များပြားလာလျှက်ရှိသည်။
လက်ရှိ ကွန်ပျုတာ (၅)လုံးအပြင် နောက်ထပ် (၁၀)ကျော်လောက် လိုအပ်လျှက်ရှိခဲ့ပါသည်။ အထက်ပါ လိုအပ်ချက်များကို တတ်စွမ်းသလောက် တစ်က်တလမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ဘန်ဘွန်း၊ ငါးသေတ္တာစက်ရုံးအနီး စွယ် (၁၄) လမ်းတွင်တည်ရှိသော "မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာစံကျောင်း"မှ ဆရာတော်များ ဦးဆောင်လျှက် စံကျောင်းမိသားစုများကိုယ်စား အသင်းဥက္ကဌ ဦးဇော်မင်းမှ 10/7/2011 တနင်္ဂနွေနေ့ ည (4)နာရီတွင် ကျောင်းသားစာသင်ကျောင်းတွင် ကွန်ပျုတာ (၅)လုံးဝယ်ယူရန် (၅၀၀၀၀) ဘတ်တိတိကို ကျောင်းသားဥက္ကဌ ဆရာတော်သို့ လှူဒါန်းခဲ့ပါသည်။
ထိုလှူဒါန်းငွေနှင့် အခြားသောလှူဒါန်းငွေများ စုပေါင်းကာ 15/7/2011နေ့တွင် ကျောင်းသားဥက္ကဌနှင့် အတွင်းရေးမှူးတို့ ကိုယ်တိုင် ကွန်ပျုတာတစ်စုံလျှင် (၈၉၀၀)ဘတ်ဖြင့် ကွန်ပျုတာ(၁၀)လုံးဝယ်ယူခဲ့ပါသည်။ ယခုအခါကျောင်းသားစာသင်ကျောင်းတွင် ကွန်ပျုတာ (၁၅)လုံးဖြင့် စတင်လည်ပတ်နေပြီဖြစ်ပါသည်။
ဤကဲ့သို့ကွန်ပျုတာဝယ်ယူနိုင်ရန် အလှူတော်ငွေများကို ဦးဆောင်ထည့်ဝင်လှူဒါန်းပေးခဲ့သော "မြန်မာ ထေရ၀ါဒဗုဒ္ဓဘာသာ စံကျောင်းမိသားစု"ကို အထူးကျေးဇူးတင်ရှိပါကြောင်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.