Saturday, July 9, 2011

ဝါဆို ဝါကပ်ခြင်းနှင့် ဆက်စပ် ပတ်သက်သမျှ

ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း
၁၈၄။ တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ဝါဆိုဝါကပ်ကို ပညတ် တော်မမူသေးသောကြောင့် ရဟန်းတို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီ လှည့်လည်ကြကုန်၏။ လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
၁ဝ၈-ဝါတွင်း၌ ဒေသစာရီ လှည့်လည်ခြင်းကို ပယ်တော်မူခြင်းစသည်
၁၈၅။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါကပ်ပြီးနောက် ဝါတွင်း၌ ဒေသစာရီ လှည့်လည်ကုန်၏။ လူတို့သည် ထိုရှေးအတူပင်လျှင် ''သာကီဝင်မင်းသားဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အဘယ့်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီလှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ ပတ်လုံးကြောင့်ကြမဲ့ စွဲမြဲစွာ နေကြကုန်သေး၏၊ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေလျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြော ဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့  ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါကပ်ပြီးနောက် ဝါတွင်း၌ ဒေသစာရီလှည့်လည်ကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ''ရဟန်း တို့ ဝါကပ်ပြီး၍ ပုရိမဝါ သုံးလပတ်လုံးသော်လည်းကောင်း၊ ပစ္ဆိမဝါ သုံးလပတ်လုံးသော်လည်းကောင်း မနေမူ၍ ဒေသစာရီ မလှည့်လည် မသွားလာအပ်၊ သွားလာသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
၁၈၆။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဝါကပ်ခြင်းငှါ အလိုမရှိကြကုန်။ မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ရမည်သာတည်း၊ ဝါမကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုဝါကပ်သော နေ့၌ ဝါကပ်ခြင်းငှါ အလိုမရှိသည်ဖြစ်၍ ဝါမကပ် လိုသော စေတနာဖြင့် ကျောင်းကို လွန်သွားကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်သော နေ့၌ ဝါကပ်ခြင်းငှါ အလိုမရှိသည်ဖြစ်၍ ဝါမကပ်လိုသော စေတနာဖြင့် ကျောင်းကို လွန်၍ မသွားအပ်၊ လွန်၍ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ဝါကို ငင်လိုသည်ဖြစ်၍ ရဟန်းတို့၏ အထံသို့ ''အကယ်၍ အသျှင်တို့သည် လာလတံ္တ့သော လ၌ ဝါသို့ ကပ်ပါကုန်မူ ကောင်းလေစွ''ဟု တမန်စေလွှတ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မင်းတို့၏ အလိုသို့ လိုက်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
------
၁ဝ၉-ခုနစ်ရက်ပြုဖွယ်ကို ခွင့်ပြုတော်မူခြင်း
၁၈၇။ တစ်ရံရောအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသည်ရှိသော် သာဝတ္ထိပြည်သို့ ရောက်၍ ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ကောသလတိုင်း ဇနပုဒ်တို့၌ ဥဒေနဥပါသကာသည် သံဃာကို ရည်မှတ်၍ ကျောင်းဆောက်လုပ်စေ၏၊ ထိုဥပါသကာသည် ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်၏။ ရဟန်းတို့သည် ''ငါ့သျှင် ဥပါသကာ မြတ်စွာဘုရားသည် ဝါကပ်ပြီးနောက် 'ပုရိမဝါသုံးလပတ်လုံးသော်လည်းကောင်း၊ ပစ္ဆိမဝါသုံးလပတ်လုံးသော်လည်းကောင်း မနေမူ၍ ဒေသစာရီ မသွားလာအပ်'ဟု ပညတ်တော်မူ၏၊ ဥဒေနဥပါသကာသည် ရဟန်းတို့ ဝါဆိုနေသည့်အတွင်း စောင့်ဆိုင်းစေလိုပါ၏၊ ဝါကျွတ်သည်ရှိသော် ကြွလာကြပါလိမ့်မည်၊ ထိုဥဒေနဥပါသကာအား အဆောတလျင် ရှောင်တခင်ပြုဖွယ်ကိစ္စ ရှိလျှင်လည်း ထိုအရပ်၌ နေသော ရဟန်းတို့၏ အထံ၌ ကျောင်းကို လှူဒါန်းပါစေ''ဟု ပြောဆိုကုန်၏။
ဥဒေနဥပါသကာသည် ''အဘယ့်ကြောင့် အသျှင်ကောင်းတို့သည် ငါသည် ပင့်ဖိတ်အပ်ပါလျက် မကြွလာကုန်ဘိသနည်း၊ ငါသည် ပစ္စည်းလေးပါးကို ပေးလှူတတ်သော ဒါယာကာတည်း၊ သံဃာ၏ အမှုကြီးငယ်ကို ပြုတတ်သူတည်း၊ သံဃာ၏ အလုပ်အကျွေးတည်း''ဟု ကဲ့ရဲ့ ၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့  ရှုတ်ချ အပြစ်ပြပြောဆိုသော ဥဒေနဥပါသကာ၏ စကားကို ကြားကြသည်သာတည်း။ ထိုအခါ၌ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့ကို ရဟန်းတို့ ရဟန်းယောက်ျား ရဟန်းမိန်းမ သိက္ခမာန် သာမဏေယောက်ျား သာမဏေ မိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမဟူ၍ ခုနစ်ဦးတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားစိမ့်သောငှါ ခွင့်ပြု၏၊ မပင့်ဖိတ်ဘဲ မသွားအပ်။ ရဟန်းတို့ ဤခုနစ်ဦးတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားစိမ့်သောငှါ ခွင့်ပြု၏၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၈၈။ ရဟန်းတို့ ဥပါသကာသည် သံဃာကို ရည်၍ ကျောင်းကို ဆောက်လုပ်စေ၏၊ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ဥပါသကာသည် သံဃာကို ရည်၍ တစ်ဖက်စောင်းမိုးသော ကျောင်းကို ဆောက်လုပ်စေ၏။ပ။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ညီလာခံဇရပ် တန်ဆောင်းကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ ကပ္ပိယကုဋိကို ဆောက်လုပ်စေ၏။ ဝစ္စကုဋိကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဇရပ်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာ ကို ပြုလုပ်စေ၏။ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွ လာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကိုနာခြင်း ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ဥပါသကာသည် များစွာသော ရဟန်းတို့ကို ရည်၍။ပ။ တစ်ပါးသော ရဟန်းကို ရည်၍ ကျောင်းကို ဆောက်လုပ်စေ၏။ပ။ တစ်ဖက်စောင်းမိုးသော ကျောင်းကို ဆောက်လုပ်စေ၏။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ ကပ္ပိယကုဋိကို ဆောက်လုပ်စေ၏။ ဝစ္စကုဋိကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဇရပ်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊အလှူကို ပေးလှူခြင်း, တရား တော်ကိုနာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက် အတွင်း ပြန်လာရမည်။
ရဟန်းတို့ ဥပါသကာသည် ဘိက္ခုနီသံဃာကို ရည်၍။ပ။ များစွာသော ရဟန်းမိန်းမတို့ကို ရည်၍။ပ။ တစ်ပါးသော ရဟန်းမိန်းမကိုရည်၍။ပ။ များစွာသော သိက္ခမာန်တို့ကိုရည်၍။ပ။ တစ်ယောက်သော သိက္ခမာန်ကိုရည်၍။ပ။ များစွာသော သာမဏေတို့ကိုရည်၍။ပ။ တစ်ယောက်သော သာမဏေကိုရည်၍။ပ။ များစွာသော သာမဏေမတို့ကိုရည်၍။ပ။ တစ်ယောက်သော သာမဏေမကိုရည်၍ ကျောင်းကို ဆောက်လုပ်စေ၏။ပ။ တစ်ဖက်စောင်းမိုးသော ကျောင်းကို ဆောက်လုပ်စေ၏။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ဆွမ်းစားဇရပ်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ ကပ္ပိယကုဋိကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဇရပ်ကို ဆောက်လုပ်စေ၏။ ရေတွင်း ကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော် မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရ မည်။
၁၈၉။ ရဟန်းတို့ ဥပါသကာသည် မိမိအကျိုးငှါ အိမ်ကို ဆောက်လုပ်စေ၏။ပ။ အိပ်ရာတိုက်ခန်းကို ဆောက်လုပ်စေ၏။ ဘဏ္ဍာတိုက်ကို ဆောက်လုပ်စေ၏။ စင်ကို ဆောက်လုပ်စေ၏။ တန်ဆောင်းကို ဆောက်လုပ်စေ၏။ အိမ်ဈေးကို ဆောက်လုပ်စေ၏။ အိမ်ဈေးရုံကို ဆောက်လုပ်စေ၏။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ညီလာခံအဆောင်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ စဖိုအိမ်ကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဆောင်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ သားအားသော်လည်း ထိမ်းမြားလို၏။ သမီးအားသော်လည်း ထိမ်းမြားလို၏။ နာဖျားသည်မူလည်း ဖြစ်၏။ ထင်ရှားသော သုတ္တန်ကိုမူလည်း ရွတ်အံနေ၏၊ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ဤသုတ္တန် မကွယ်မပျောက်သေးမီ ဤသုတ္တန်ကို သင်ကြားရကုန်လတံ္တ့''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ထိုဥပါသကာအား တစ်ပါးသော ပြုဖွယ်ကိစ္စသော်လည်း ရှိ၏၊ ထိုဥပါသကာသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော် မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၉ဝ။ ရဟန်းတို့ ဥပါသိကာမသည် သံဃာတော်ကို ရည်၍ ကျောင်းကို ဆောက်လုပ်စေ၏၊ ထိုဥပါသိကာမသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ဥပါသိကာမသည် သံဃာတော်ကို ရည်၍ တစ်ဖက်စောင်းမိုးသော ကျောင်းကို ဆောက်လုပ်စေ၏။ပ။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ညီလာခံဇရပ်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ ကပ္ပိယကုဋိကို ဆောက်လုပ်စေ၏။ ဝစ္စကုဋိကို ဆောက်လုပ်စေ၏။ စင်္ကြံကိုဆောက်လုပ်စေ၏။ စင်္ကြံဆောင်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ကို ဆောက်လုပ်စေ၏။ ဇရုံးအိမ်ဆောင်ကို ဆောက်လုပ် စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ ထိုဥပါသိကာမသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန် လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရ မည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ဥပါသိကာမသည် များစွာသော ရဟန်းတို့ကိုရည်၍။ပ။ တစ်ပါးသော ရဟန်းကို ရည်၍။ပ။ ရဟန်းမိန်းမ သံဃာကိုရည်၍။ပ။ များစွာသော ရဟန်းမိန်းမတို့ကိုရည်၍။ပ။ တစ်ပါးသော ရဟန်းမိန်းမကိုရည်၍။ပ။ များစွာသော သိက္ခမာန်တို့ကိုရည်၍။ပ။ တစ်ယောက်သော သိက္ခမာန်ကို ရည်၍။ပ။ များစွာသော သာမဏေတို့ကို ရည်၍။ပ။ တစ်ယောက်သော သာမဏေကို ရည်၍။ပ။ များစွာသော သာမဏေမတို့ကိုရည်၍။ပ။ တစ်ယောက်သော သာမဏေမကို ရည်၍။ပ။
၁၉၁။ ရဟန်းတို့ ဥပါသိကာမသည် မိမိအကျိုးငှါ အိမ်ကို ဆောက်လုပ်စေ၏။ပ။ အိပ်ရာတိုက်ခန်းကို ဆောက်လုပ်စေ၏။ ဘဏ္ဍာတိုက်ကို ဆောက်လုပ်စေ၏။ စင်ကို ဆောက်လုပ်စေ၏။ တန်ဆောင်းကို ဆောက်လုပ်စေ၏။ အိမ်ဈေးကို ဆောက်လုပ်စေ၏။ အိမ်ဈေးရုံကို ဆောက်လုပ်စေ၏။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ညီလာခံအဆောင်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ စဖိုအိမ်ကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဆောင်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ သားအားသော်လည်း ထိမ်းမြားလို၏။ သမီးအားသော်လည်း ထိမ်းမြားလို၏။ နာဖျားသည်မူလည်း ဖြစ်၏။ ထင်ရှားသောသုတ္တန်ကိုမူလည်း ရွတ်အံနေ၏၊ ထိုဥပါသိကာမသည် အကယ်၍ ရဟန်းတို့၏အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ဤသုတ္တန်မကွယ်ပျောက် သေးမီ ဤသုတ္တန်ကို သင်ကြားရကုန်လတံ္တ့''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ထိုဥပါသိကာမအား တစ်ပါးသော ပြုဖွယ်ကိစ္စသော်လည်း ရှိ၏၊ ထို ဥပါသိကာမသည် အကယ်၍ ရဟန်းတို့၏အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၉၂။ ရဟန်းတို့ ရဟန်းယောက်ျားသည် သံဃာကိုရည်၍။ပ။ ရဟန်းမိန်းမသည် သံဃာကိုရည်၍။ သိက္ခမာန်သည် သံဃာကိုရည်၍။ သာမဏေသည် သံဃာကိုရည်၍။ သာမဏေမသည် သံဃာကိုရည်၍။ များစွာသော ရဟန်းတို့ကိုရည်၍။ တစ်ပါးသော ရဟန်းကိုရည်၍။ ရဟန်းမိန်းမသံဃာကိုရည်၍။ များစွာသော ရဟန်းမိန်းမတို့ကိုရည်၍။ တစ်ပါးသော ရဟန်းမိန်းမကိုရည်၍။ များစွာသော သိက္ခမာန်တို့ကိုရည်၍။ တစ်ယောက်သော သိက္ခမာန်ကိုရည်၍။ များစွာသော သာမဏေတို့ကို ရည်၍။ တစ်ယောက်သော သာမဏေကို ရည်၍။ များစွာသော သာမဏေမတို့ကို ရည်၍။ တစ်ယောက်သော သာမဏေမကို ရည်၍ မိမိ၏အကျိုးငှါ ကျောင်းကို ဆောက်လုပ်စေ၏။ပ။ တစ်ဖက်စောင်းမိုးသော ကျောင်းကို ဆောက်လုပ်စေ၏။ ပြာသာဒ်ရှည်ကို ဆောက်လုပ်စေ၏။ ပြာသာဒ်ဦးပြည်းကို ဆောက်လုပ်စေ၏။ ဂူကို ဆောက်လုပ်စေ၏။ ပရိဝုဏ်ကို ဆောက်လုပ်စေ၏။ တံခါးမုခ်ကို ဆောက်လုပ်စေ၏။ ညီလာခံအဆောင်ကို ဆောက်လုပ်စေ၏။ မီးတင်းကုပ်ကို ဆောက်လုပ်စေ၏။ ကပ္ပိယကုဋိကို ဆောက်လုပ်စေ၏။ စင်္ကြံကို ဆောက်လုပ်စေ၏။ စင်္ကြံဆောင်ကို ဆောက်လုပ်စေ၏။ ရေတွင်းကို တူးစေ၏။ ရေတွင်းဇရပ်ကို ဆောက်လုပ်စေ၏။ ရေကန်ကို တူးစေ၏။ မဏ္ဍပ်ကို ဆောက်လုပ်စေ၏။ အရံကို ပြုလုပ်စေ၏။ အရံရာကို ပြုလုပ်စေ၏။ ထိုဥပါသိကာမသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အလှူကို ပေးလှူခြင်း, တရားတော်ကို နာခြင်း, ရဟန်းတော်တို့ကို ဖူးမြော်ခြင်းငှါ အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်ဟု (မိန့်တော်မူ၏)။
------
၁၁ဝ-ငါးဦးတို့အတွက် မပင့်သော်လည်း ခွင့်ပြုခြင်း
၁၉၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နာဖျားနေ၏၊ ထိုရဟန်းသည် ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်း တို့ ရဟန်းယောက်ျား ရဟန်းမိန်းမ သိက္ခမာန် သာမဏေယောက်ျား သာမဏေမိန်းမဟူသော သီတင်း သုံးဖော် ငါးဦးတို့အတွက် မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းသည် နာဖျားနေ၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြု ဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ဆွမ်းကိုဖြစ် စေ၊ သူနာပြုအတွက် ဆွမ်းကိုဖြစ်စေ၊ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းအား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်အား မမွေ့လျော်ခြင်း ဖြစ်ပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်း တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထို ရဟန်း၏ မမွေ့လျော်ခြင်းကို ငြိမ်းမူလည်း ငြိမ်းအံ့၊ ငြိမ်းစေမူလည်း ငြိမ်းစေအံ့၊ တရားဟောခြင်းကို မူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' သည် ဖြစ်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ပါ၏၊ ရဟန်းတို့သည် ကြွလာ တော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထိုရဟန်း၏ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ပယ်ဖျောက်မူလည်း ပယ်ဖျောက်အံ့၊ ပယ် ဖျောက်စေမူလည်း ပယ်ဖျောက်စေအံ့၊ တရားဟောခြင်းကိုမူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းအား မိစ္ဆာအယူသည် ဖြစ်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်အား မိစ္ဆာအယူသည် ဖြစ်ပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထိုရဟန်း၏ မိစ္ဆာအယူကို ဖြေဖျောက်မူလည်း ဖြေဖျောက်အံ့၊ သူတစ်ပါးကိုမူလည်း ဖြေဖျောက်စေအံ့၊ တရားဟောခြင်း ကိုမူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းသည် သံဃာဒိသိသ်အာပတ်သို့ ရောက်သည်ဖြစ်၍ ပရိဝါသ်နေခြင်းငှါ ထိုက်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် သံဃာဒိသိသ်အာပတ်သို့ ရောက်သည် ဖြစ်၍ ပရိဝါသ်နေခြင်းငှါ ထိုက်ပါ၏။ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာ့ခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ပရိဝါသ်ပေးခြင်းကိုမူလည်း လုံ့လပြုအံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်း ဖြစ်အံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းသည် အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းငှါ ထိုက်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏အထံသို့ ''အကျွန်ုပ်သည် အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းငှါ ထိုက်ပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းကိုမူလည်း လုံ့လပြုအံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်း ဖြစ်အံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရ မည်။
ရဟန်းတို့ ရဟန်းသည် မာနတ်ကျင့်ခြင်းငှါ ထိုက်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် မာနတ်ကျင့်ခြင်းငှါ ထိုက်၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''မာနတ် ပေးခြင်းကိုမူလည်း လုံ့လပြုအံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်းဖြစ်အံ့''ဟု (နှလုံး ပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းသည် အဗာန်သွင်းခြင်းငှါ ထိုက်၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် အဗာန်သွင်းခြင်းငှါ ထိုက်ပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဗာန် သွင်းခြင်းကိုမူလည်း လုံ့လပြုအံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်း ဖြစ်အံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းအား သံဃာသည် တဇ္ဇနီယကံကိုသော်လည်းကောင်း နိယဿကံကိုသော်လည်းကောင်း၊ ပဗ္ဗာဇနီယကံကိုသော်လည်းကောင်း၊ ပဋိသာရဏီယကံကိုသော်လည်းကောင်း ဥက္ခေပနီယကံကိုသော်လည်းကောင်း ပြုလို၏၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''သံဃာသည် အကျွန်ုပ် အား ကံပြုလိုပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာတော်မူခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဘယ်သို့သော အကြောင်းဖြင့် သံဃာသည် ကံကိုမူလည်း မပြုပါအံ့နည်း၊ ပေါ့သောကံသို့မူလည်း ညွတ်စေရပါအံ့နည်း''ဟု (နှလုံး ပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ထိုရဟန်းအား သံဃာသည် တဇ္ဇနီယကံကိုသော်လည်းကောင်း၊ နိယဿကံကိုသော်လည်းကောင်း၊ ပဗ္ဗာဇနီယကံကိုသော်လည်းကောင်း၊ ပဋိသာရဏီယကံကိုသော်လည်းကောင်း၊ ဥက္ခေပနီယကံကိုသော်လည်းကောင်း ပြုအပ်ပြီးသည် ဖြစ်၍၊ ထိုရဟန်းသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''သံဃာသည် အကျွန်ုပ်အား ကံပြုထားပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဘယ်သို့လျှင် ကောင်းစွာ ကျင့်စေရပါအံ့နည်း၊ (မာန်တည်းဟူသော) အမွေးကို ချစေရပါအံ့နည်း၊ ဒဏ်မှ ထွက်မြောက်ကြောင်းအကျင့်ကို ကျင့်စေရပါအံ့နည်း၊ သံဃာသည် ကံကို ငြိမ်းစေပါအံ့နည်း''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၉၄။ ရဟန်းတို့ ရဟန်းမိန်းမသည် နာဖျား၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်း ယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ဆွမ်းကိုဖြစ်စေ သူနာပြုအတွက် ဆွမ်းကိုဖြစ်စေ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက် အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမအား မမွေ့လျော်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်အား မမွေ့လျော်ခြင်း ဖြစ်ပါ၏၊ အသျှင်တို့သည် ကြွလာတော် မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့် ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထို ရဟန်းမိန်းမ၏ မမွေ့လျော်ခြင်းကို ငြိမ်းမူလည်း ငြိမ်းအံ့၊ ငြိမ်းစေမူလည်း ငြိမ်းစေအံ့၊ တရားဟောခြင်းကိုမူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမအား တွေးတောမှု 'သံသယကုက္ကုစ္စ' သည် ဖြစ်၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ် ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထိုရဟန်းမိန်းမ၏ တွေးတောမှု 'သံသယကုက္ကုစ္စ' ကို ပယ် ဖျောက်မှုလည်း ပယ်ဖျောက်အံ့၊ ပယ်ဖျောက် စေမူလည်း ပယ်ဖျောက်စေအံ့၊ တရားဟောခြင်းကိုမူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမအား မိစ္ဆာအယူသည် ဖြစ်၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်း ယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်အား မိစ္ဆာအယူသည် ဖြစ်ပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ထိုရဟန်းမိန်းမ၏ မိစ္ဆာအယူကို ဖြေဖျောက်မူလည်း ဖြေဖျောက်အံ့၊ ဖြေဖျောက်စေမူလည်း ဖြေဖျောက်စေအံ့၊ တရားဟောခြင်းကိုမူလည်း ပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်သည်ဖြစ်၍ မာနတ်ကျင့်ခြင်းငှါ ထိုက်၏။ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်သည် သံဃာ ဒိသိသ် အာပတ်သို့ ရောက်သည်ဖြစ်၍ မာနတ်ကျင့်ခြင်းငှါ ထိုက်ပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့ နည်း။ ''မာနတ်ပေးခြင်းကို လုံ့လပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမသည် အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းငှါ ထိုက်၏၊ ထိုရဟန်းမိန်းမသည့်အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်သည် အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းငှါ ထိုက် ပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ် ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အရင်းသို့ တစ်ဖန်ပြန်၍ ငင်ခြင်းကို လုံ့လပြုအံ့''ဟု (နှလုံး ပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းမိန်းမသည် အဗာန်သွင်းခြင်းငှါ ထိုက်၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်သည် အဗာန်သွင်းခြင်းငှါ ထိုက်၏၊ အသျှင်တို့သည် ကြွလာ တော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဗာန်သွင်းခြင်းကို လုံ့လပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရ မည်။
ရဟန်းတို့ ရဟန်းမိန်းမအား သံဃာသည် တဇ္ဇနီယကံကိုသော်လည်းကောင်း၊ နိယသကံကိုသော်လည်းကောင်း၊ ပဗ္ဗာဇနီယကံကိုသော်လည်းကောင်း၊ ပဋိသာရဏီယကံကိုသော်လည်းကောင်း၊ ဥက္ခေပနီယကံ ကိုသော်လည်းကောင်း ပြုလို၏၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''သံဃာသည် အကျွန်ုပ်အား ကံပြုလိုပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဘယ်သို့သော အကြောင်းဖြင့် သံဃာသည် ကံကို မပြုဘဲ ရှိပါအံ့နည်း၊ ပေါ့သော ကံသို့မူလည်း ညွတ်စေရပါအံ့နည်း''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ထိုရဟန်းမိန်းမအား သံဃာသည် တဇ္ဇနီယကံကိုသော်လည်းကောင်း၊ နိယဿကံကိုသော်လည်းကောင်း၊ ပဗ္ဗာဇနီယကံကိုသော်လည်းကောင်း၊ ပဋိသာရဏီယကံကိုသော်လည်းကောင်း ဥက္ခေပနီယကံကိုသော်လည်းကောင်း ပြုအပ်ပြီးသည် ဖြစ်အံ့၊ ထိုရဟန်းမိန်းမသည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''သံဃာသည် အကျွန်ုပ်အား ကံပြုထားပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''အဘယ် သို့လျှင် ကောင်းစွာ ကျင့်စေရပါအံ့နည်း၊ (မာန်တည်းဟူသော) အမွေးကို ချစေရပါအံ့နည်း၊ ဒဏ်မှ ထွက်မြောက်ကြောင်း အကျင့်ကို ကျင့်စေရပါအံ့နည်း၊ သံဃာသည်လည်း ထိုကံကို ငြိမ်းစေရပါအံ့နည်း''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၉၅။ ရဟန်းတို့ သိက္ခမာန်သည် နာဖျားနေ၏၊ ထိုသိက္ခမာန်သည် အကယ်၍ ရဟန်းယောက်ျား တို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ဆွမ်းကိုဖြစ်စေ၊ သူနာပြုအတွက် ဆွမ်းကိုဖြစ်စေ၊ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာ ရမည်။
ရဟန်းတို့ သိက္ခမာန်အား မမွေ့လျော်ခြင်းဖြစ်၏။ပ။ သိက္ခမာန်အား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ သိက္ခမာန်အား မိစ္ဆာအယူဖြစ်၏။ သိက္ခမာန်အား သိက္ခာပျက်စီး၏၊ ထိုသိက္ခမာန်သည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်အား သိက္ခာပျက်စီးပါ၏၊ အသျှင်တို့သည် ကြွလာတော့်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ် ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သိက္ခာဆောက်တည်ခြင်းကို လုံ့လပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ သိက္ခမာန်သည် ပဉ္စင်းခံလို၏၊ ထိုသိက္ခမာန်သည် အကယ်၍ ရဟန်းယောက်ျားတို့၏ အထံသို့ ''အကျွန်ုပ်သည် ပဉ္စင်းခံလိုပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ပဉ္စင်းခံခြင်းကို မူလည်း လုံ့လပြုအံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်း ဖြစ်အံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
၁၉၆။ ရဟန်းတို့ သာမဏေသည် နာဖျားနေ၏၊ ထိုသာမဏေသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ဆွမ်းကိုဖြစ်စေ သူနာပြု အတွက်ဆွမ်းကိုဖြစ်စေ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာ ရမည်။
ရဟန်းတို့ သာမဏေအား မမွေ့လျော်ခြင်းသည် ဖြစ်၏။ သာမဏေအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ သာမဏေအား မိစ္ဆာအယူဖြစ်၏။ သာမဏေသည် ဝါကို မေးခြင်းငှါ အလိုရှိ၏၊ ထို သာမဏေသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် ဝါကို မေးခြင်းငှါ အလိုရှိပါ၏၊ ရဟန်း တို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ် ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ ''မေးသော်လည်း မေးအံ့၊ ပြောကြားမူလည်း ပြောကြားအံ့''ဟု (နှလုံး ပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ သာမဏေသည် ပဉ္စင်းခံလို၏၊ ထိုသာမဏေသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် ပဉ္စင်းခံလိုပါ၏၊ ရဟန်းတို့သည် ကြွလာတော်မူပါကုန်လော့၊ ရဟန်းတို့၏ ကြွလာခြင်းကို အလို ရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''ပဉ္စင်းခံခြင်းကိုမူလည်း လုံ့လပြု အံ့၊ ကမ္မဝါစာမူလည်း ဖတ်ရွတ်အံ့၊ ဂိုဏ်းပြည့်သော်လည်း ဖြစ်အံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ် ရက်အတွင်း ပြန်လာရမည်။
၁၉၇။ ရဟန်းတို့ သာမဏေမသည် နာဖျားနေ၏၊ ထိုသာမဏေမသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ ''သူနာအတွက် ဆွမ်းကိုဖြစ်စေ သူနာပြုအတွက် ဆွမ်းကိုဖြစ်စေ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရ မည်။
ရဟန်းတို့ သာမဏေမအား မမွေ့လျော်ခြင်းဖြစ်၏။ပ။ သာမဏေမအား တွေးတောမှု 'သံသယ့ကုက္ကုစ္စ' ဖြစ်၏။ သာမဏေမအား မိစ္ဆာအယူဖြစ်၏။ သာမဏေမသည် ဝါကို မေးခြင်းငှါ အလိုရှိ၏၊ ထိုသာမဏေမသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် ဝါကို မေးခြင်းငှါ အလိုရှိပါ၏၊ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ် ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''မေးသော်လည်း မေးအံ့၊ ပြောကြားမူလည်း ပြောကြားအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ သာမဏေမသည် သိက္ခာဆောက်တည်လို၏။ ထိုသာမဏေမသည် အကယ်၍ ရဟန်း တို့၏ အထံသို့ ''အကျွန်ုပ်သည် သိက္ခာဆောက်တည်လိုပါ၏။ အသျှင်တို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင်တို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ ''သိက္ခာ ဆောက်တည်ခြင်းကို လုံ့လပြုအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
------
၁၁၁-ခုနစ်ဦးတို့အတွက် မပင့်သော်လည်း ခွင့်ပြုခြင်း
၁၉၈။ တစ်ရံရောအခါ ရဟန်းတစ်ပါး၏ အမိသည် နာဖျားနေ၏၊ ထိုအမိသည် သား၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အကျွန်ုပ်၏ သားသည် ကြွလာတော်မူပါလော့၊ သား၏လာခြင်းကို အလို ရှိပါ၏''ဟု တမန်ကို စေလွှတ်၏။ ထိုအခါ ထိုရဟန်းအား ''မြတ်စွာဘုရားသည် 'သီတင်းသုံးဖော်ငါးဦးနှင့် ဥပါသကာဥပါသိကာမ ခုနစ်ဦးသော သူတို့အတွက်သာ ပင့်ဖိတ်သည်ရှိသော် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားအပ်။ ငါးဦးသော သီတင်းသုံးဖော်တို့အတွက် မပင့်ဖိတ်သော်လည်း သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ သွားအပ်သည်သာလျှင်တည်း'ဟု ပညတ်တော်မူ၏၊ ငါ၏ အမိသည်လည်း နာဖျားနေ၏၊ ထိုအမိသည်လည်း (ရတနာသုံးပါးကို) ဆည်းကပ်တတ်သော ဥပါသိကာမ မဟုတ်၊ ငါသည် အဘယ်သို့ ကျင့်ရမည်နည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျား ရဟန်းမိန်းမ သိက္ခမာန် သာမဏေယောက်ျား သာမဏေမိန်းမ အမိ အဖဟူ၍ ခုနစ်ဦးသော သူတို့အတွက် မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားခြင်းငှါ ခွင့်ပြု၏၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်း၏ အမိသည် နာဖျားနေ၏၊ ထိုအမိသည် အကယ်၍ သား၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အကျွန်ုပ်၏ သားသည် ကြွလာတော်မူပါလော့၊ သား၏ လာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ထမင်းကိုဖြစ်စေ၊ သူနာပြုအတွက် ထမင်းကိုဖြစ်စေ၊ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်း၏ အဖသည် နာဖျားနေ၏၊ ထိုအဖသည် အကယ်၍ သား၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အကျွန်ုပ်၏ သားသည် ကြွလာတော်မူပါလော့၊ သား၏ လာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ မပင့်ဖိတ်သော်လည်း ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့် သွားရမည်၊ ပင့်ဖိတ်ပါမူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ''သူနာအတွက် ထမင်းကိုဖြစ်စေ၊ သူနာပြုအတွက် ထမင်းကို ဖြစ်စေ၊ သူနာအတွက် ဆေးကိုဖြစ်စေ ရှာမှီးအံ့၊ မေးသော်လည်း မေးအံ့၊ လုပ်ကျွေးသော်လည်း လုပ်ကျွေးအံ့''ဟု (နှလုံးပိုက်၍) သွားရမည်၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
------
၁၁၂- ပင့်ခေါ်မှသာ ခွင့်ပြုခြင်း
၁၉၉။ ရဟန်းတို့ ရဟန်း၏ အစ်ကိုသည် နာဖျားနေ၏၊ ထိုအစ်ကိုသည် အကယ်၍ ညီဖြစ်သော ရဟန်း၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အကျွန်ုပ်၏ ညီသည် ကြွလာတော်မူပါလော့၊ ညီ၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့်သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားရ၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်း၏ နှမသည် နာဖျားနေ၏၊ ထိုနှမသည် အကယ်၍ မောင်၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အကျွန်ုပ်၏ မောင်သည် ကြွလာတော်မူပါလော့၊ မောင်၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ် ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားရ၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်း၏ ဆွေမျိုးသည် နာဖျားနေ၏၊ ထိုဆွေမျိုးသည် အကယ်၍ ရဟန်း၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အသျှင်ကောင်းသည် ကြွလာတော်မူပါလော့၊ အသျှင်ကောင်း၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက် အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားရ၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ရဟန်းတို့ ရဟန်းတို့နှင့် အတူနေသူသည် နာဖျားနေ၏၊ ထိုသူသည် အကယ်၍ ရဟန်းတို့၏ အထံသို့ ''အကျွန်ုပ်သည် နာဖျားနေပါ၏၊ အသျှင်ကောင်းတို့သည် ကြွလာတော်မူပါကုန်လော့၊ အသျှင် ကောင်းတို့၏ ကြွလာခြင်းကို အလိုရှိပါ၏''ဟု တမန်ကို စေလွှတ်ငြားအံ့၊ ရဟန်းတို့ ပင့်ဖိတ်သည်ရှိသော် ခုနစ်ရက်အတွင်း ပြုဖွယ်ကိစ္စဖြင့် သွားရမည်၊ မပင့်ဖိတ်ဘဲ မသွားရ၊ ခုနစ်ရက်အတွင်း ပြန်လာရမည်။
ထိုစဉ်အခါ၌ သံဃာ၏ ကျောင်းသည် ပြို၏၊ ဥပါသကာတစ်ယောက်သည် တော၌ သစ်ဘဏ္ဍာကို ဖြတ်စေ၏၊ ထိုဥပါသကာသည်လည်း ရဟန်းတို့၏ အထံသို့ ''အကယ်၍ အသျှင်ကောင်းတို့သည် သစ်ဘဏ္ဍာကို ဆောင်စေကုန်ပါမူ အကျွန်ုပ်သည် ထိုသစ်ဘဏ္ဍာကို လှူပါအံ့''ဟု တမန်ကို စေလွှတ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သံဃာ့ကိစ္စဖြင့် သွားခြင်းကို ခွင့်ပြု၏၊ ခုနစ်ရက်အတွင်း ပြန်လာရမည်ဟု (မိန့်တော်မူ၏)။
ဝါဆို ဝါကပ်ခြင်းနှင့် ဆက်စပ် ပတ်သက်သမျှပြီး၏။
ဝိနည်း မဟာဝါပါဠိတော်မြန်မာပြန်စာအုပ်မှ ဓမ္မဒါန ထပ်ဆင့်မျှဝေပါသည်


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.