Tuesday, September 6, 2011

၆/၂၀၁၁ သင်တန်းသစ်အတွက် အစည်းအဝေး အောင်မြင်စွာပြီးဆုံးခြင်း


/၂၀၁၁ လေးလပတ် ပညာရေးဆွေးနွေးပွဲကို(--၂၀၁၁) တနင်္လာနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ ပညာသင်ကြားရေးကျောင်းတွင် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ကြပါသည်။ အစည်းဝေးတွင် အောက်ပါ အကြောင်းအရာများဆွေးနွေးတိုင်ပင် ဆုံးဖြတ်ခဲ့ကြပါသည်
၁။ ပညာသင်ကြားရေးကျောင်းတွင် တက်ရောက် ပညာသင်ကြားကြသော မြန်နိုင်ငံသူ/သားတိုင်းအား “MSMO ပညာသင်ကြားရေးကျောင်းအကျိုးဆောင်အဖွဲ့အဖြစ် ကဒ်ပြားများထုတ်ပေးရန်။
၂။ ကျောင်းသားပညာသင်ကြားရေးရုံးခန်း ရေရှည် ရပ်တည်နိုင်ရေးအတွက် “MSMO ပညာသင်ကြားရေးကျောင်း အကျိုးဆောင်အဖွဲ့မှ လစဉ် ဘတ်တစ်ရာထောက်ပံ့ကြရန်။
၃။ ၆/၂၀၁၁ အတွက် ပညာဒါနကုသိုလ် ရယူကြမည့် ဆရာဆရာမများအား ရွေးချယ် အတည်ပြုကြခြင်း။ 
 
အင်္ဂလိပ်ဘာသာ ဆရာ ဆရာမများ

အရှင်ဝိယတ္တ (အခြေခံ အင်္ဂလိပ်စာ) နံနက် ၈း ၃၀ မှ ၁၀း ၃၀ အထိ
ဆရာမကြီး ဒေါ်ခင်မမနှင့် အရှင်အဂ္ဂါစာရ ((pre-intermediate အင်္ဂလိပ်စာ) နေ့လည် ၁း၃၀ မှ ၃း ၀၀ အထိ
အရှင်ရာဇိန္ဒ (အခြေခံ အင်္ဂလိပ်စာ) ညနေ ၃း ၃၀ မှ ၅း ၀၀ အထိ
အရှင်အာစာရ (အခြေခံ အင်္ဂလိပ်စကားပြော) ညနေ ၃း ၃၀ မှ ၅း ၀၀ အထိ
ဆရာမကြီးဒေါ်ခင်မမ (pre-advance အင်္ဂလိပ်စာ) ညနေ ၃း ၃၀ မှ ၅း ၀၀ အထိ

ထိုင်းဘာသာဆရာ ဆရာမများ

ဆရာမ ဒေါ်ဥမ္မာအေး (အခြေခံ ထိုင်းဘာသာ) နံနက် ၈း ၃၀ မှ ၁၁း ၀၀ အထိ
ဆရာကိုနိုင်ဦး (အဆင့်မြင့် ထိုင်းဘာသာ) နံနက် ၁၁း ၀၀ မှ နေ့လည် ၁း ၃၀ အထိ

ကွန်ပျူတာဘာသာ ဆရာများ

အရှင်စန္ဒိမာအရှင်ပညာဇောတ ကွန်ပျူတာ (pre-intermediate)ဘာသာ  နံနက် ၈း ၃၀ မှ ၁၀း ၃၀ အထိ
အရှင်ဝိယတ္တ၊ အရှင်တေဇိန္ဒ၊ အရှင်ဗြဟ္မဝံသ ကွန်ပျူတာ(အခြေခံ)ဘာသာ နေ့လည် ၁း၃၀ မှ ၃း ၀၀ အထိ
အရှင်စန္ဒာသိရီ၊ ကိုရဲထက် ကွန်ပျူတာ (Photoshop) ဘာသာ၊ ညနေ ညနေ ၃း ၃၀ မှ ၅း အထိ

ဗုဒ္ဓဘာသာ အဘိဓမ္မာနှင့် ယဉ်ကျေးမှုဘာသာဆရာများ

အရှင်ဣန္ဒောဘာသ အခြေခံဗုဒ္ဓဘာသာ (နေ့လည် ၁း၀၀ မှ ၂း၃၀ အထိ)
အရှင်ကောဝိဒ ဗုဒ္ဓအဘိဓမ္မာ (နေ့လည် ၂း၃၀ မှ ညနေ ၄း၀၀ အထိ)
အရှင်သုန္ဒရ ဗုဒ္ဓဘာသာယဉ်ကျေးမှု (ညနေ ၄း မှ ၅း ၃၀ အထိ)

ဂျပန်ဘာသာ

နံနက် ၁၁း ၃၀ မှ နေ့လည် ၁း၀၀ အထိ

ထို့နောက် ကျောင်းသားပညာသင်ကြားရေး ရုံးခန်းတွင် ထားရှိမည့် ဗှီနိုင်းကိစ္စအတွက် ဆွေးနွေး ဆုံးဖြတ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.