Sunday, September 25, 2011

အလှူရှင် DD စက်ရုံမှ ကောင်းမှု့ဝေဆာ ပညာရေးငွေပဒေသာ

20,9,2011 နေ့တွင် အလှူရှင် DD  စက်ရုံမိသားစုများမှ ထိုင်းနိုင်ငံတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာ ကျောင်းသားရဟန်းတော်များအား ပညာရေးအလှူတော် ဘတ်ငွေ ၂၅၀၀ ကို ပညာပါရမီ ဒါန အဖြစ် လှူဒါန်းဆက်ကပ်ခဲ့ပါသည်။ DD စက်ရုံမိသားစုမှ ပညာရေး အလှူတော်ငွေများကို ပညာရေးကော်မတီဝင် ဆရာတော်ဦးတေဇ (BA fourth year ) မှ လက်ခံပြီး  ပြန်ကြားရေးဆရာတော်  ဦးပညာစာရ၊ ဘဏ္ဍာရေးဆရာတော် ဦးဝိသုဒ္ဓ ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပါသည်။
ပညာရေးထောက်ပံ့ငွေ လှူဒါန်းကြသော DD စက်ရုံမိသားစုများကို မြန်မာကျောင်းသား ရဟန်းတော်များမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာပါရမီ ကုသိုလ် ပြုလုပ်လှူဒါန်းရသော ကောင်းမှုကံစေတနာကြောင့် ဖြစ်လေရာရာ ဘ၀ဆက်တိုင်း ပညာရှိ ပညာတတ် လူတော်လူကောင်းများဖြစ်ပြီးလျှင် နိဗ္ဗာန် ကို လျှင်မြန်စွာရောက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ပညာဒါန ကုသိုလ်ကောင်းမှု ၏ အဖို့ဘာဂကို ၃၁ ဘုံသားအားလုံး အား အလှူရှင် DD စက်ရုံမိသားစုများနှင့်အတူတကွ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ပါရန် အမျှ... အမျှ.......အမျှ ပေးဝေငှပါသည်.....
                                            ပညာပြည့်ဝ နှလုံးလှနိုင်ကြပါစေ.........

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.