Monday, September 26, 2011

LUCKY စက်ရုံမိသားစု၏ နှစ်စဉ် ထာဝရ ပညာဒါန


25,9,2011 တနင်္ဂနွေနေ့ တွင် LUCKY စက်ရုံ (မဟာချိုင်) နေမြန်မာပြည်သား အလုပ်သမားများမှ ထိုင်းနိုင်ငံတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော ပညာတော်သင် ရဟန်းတော်များ ပညာရေး အတွက် ပင်ပန်းခက်ခဲမှုမရှိစေရန် စိတ်ရည်သန်ပြီး ပညာပါရမီရန်ပုံငွေလှူဒါန်းပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ 25,9,2011 တနင်္ဂနွေနေ့ နံနက် 9.00 နာရီတွင် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ အသင်းကြီး၏  ဥက္ကဋ္ဌဆရာတော်ဦးဣန္ဒောဘာသ (MA Thesis) အတွင်းရေးမှုးဆရာတော်ဦးသြဘာသ (BA second year)ဘဏ္ဍာရေးဆရာတော်ဦးတေဇိန္ဒ (MA Thesis) တို့မှ ကျောင်းသားရဟန်းတော်များ ကိုယ်စား  LUCKY စက်ရုံမှ လှူဒါန်းသော ပညာရေးငွေပဒေသာပင် 10650 ဘတ်ကို လက်ခံခဲ့ပါသည်။ အနုမောဒနာ တရားတော်များ စက်ရုံမိသားစုများ အား ဟောကြားခဲ့ပါသည်။
ကျောင်းသားရဟန်းတော်များ ကိုယ်စား ကြွရောက်ကြသော ဆရာတော်များမှ LUCKY စက်ရုံမိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
LUCKY စက်ရုံမိသားစုများ သည် နှစ်စဉ် လှူဒါန်းနေကြ မြန်မာကျောင်းသား ရဟန်းတော်များ၏ အဓိက အစိတ်အပို်င်းဖြစ်ပါသည်။ ပညာရေး ထောက်ပံ့လှူဒန်းမှုသည်  သာသနာ့ ရေသာက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော်(သင်ယူမှု ) ကို ထောက်ပံ့လှူဒါန်းမှုဖြစ်ပါသည်။ သာနာတော် ရေရှည် ပြန့်ပွားတိုက်တက်ရေးကို လိုလားကြသော ပညာရှိဒါယကါ ဒါယိကာမများဖြစ်ကြသော LUCKY စက်ရုံမိသားစုများ သည် ဖြည့်ဆည်းရသော ပညာပါရမီကုသိုလ်ထူးကြောင့်   မြတ်ဘုရားသာသနာတော်ကြီးတွင် ပညာပြည့်ဝပြီး အထက်တန်းကျကျ နေထိုင်နိုင်သော ပညာရှိသူတော်ကောင်းများဖြစ်နိုင်ကြပါစေ.....
ပုဂ္ဂိုလ်စွဲများမထားဘဲ သံဃာကို လှူဒါန်းတတ်သော အများအကြိုးကို အမှန်လိုလားသော သာသနာ့ တော်ကို ချီးမြင့်သော သာသနာ့ ဒါယကာ သာသနာ့ ဒါယိကါမ များအဖြစ် မြန်မာကျောင်းသား ပညာသင် ရဟန်းတော်များအဖွဲ့မှ ၀မ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။
                                      ထိုင်းနိုင်ငံ မဟာချိုင်မြို့ LUCKY စက်ရုံ အ၀င်မုတ်ဦး
ဆွမ်းအလှူရှင်မိသားစုနှင့် လပ်ကီးစက်ရုံမိသားစုများ




ပညာဒါန အဖြစ် လပ်ကီး စက်ရုံမိသားစု ကိုယ်စား ခေါင်းဆောင်ဒကါများမှ လှူဒါန်း

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.