Monday, September 26, 2011

ပညာဒါန သင်တန်းကျောင်း (M.S.M.O) သင်တန်းဆင်းပွဲ ပုံရိပ်များ

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (M-S-M-O)အသင်းကြီး၏ ပညာဒါနသင်တန်းကျောင်း သင်တန်းဆင်းပွဲနှင့် သင်တန်းသစ်ဖွင့်ပွဲ အခမ်းအနားကို (11,09,2011) နေ့တွင် ကျင်းပခဲ့ပါသည်။ ထိုင်းနိုင်ငံ စက်ရုံအသီးသီးတွင် အလုပ်လုပ်ကိုင် စီးပွားရှာနေကြသော မြန်မာပြည်သား အလုပ်သမားများအား စီးပွားရေးအသိပညာအပြင် အဆင်မြင့်ပညာရေး အခန်းကဏ္ဍကိုပါ မနိမ့်ကျစေရန် မြန်မာကျောင်းသားရဟန်းတော်များမှ ဦးဆောင်၍ ခေတ်မီအတတ်ပညာများဖြစ်သော ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ထိုင်းဘာသာ၊ ဂျပန်ဘာသာ၊ အဘိဓမ္မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို စနေနေ့ တနင်္ဂနွေနေ့များ တွင် အခမဲ့ သင်ကြားပို့ချပေးနေပါသည်။
မြန်မာကျောင်းသား ရဟန်းတော်များသည် ကျောင်းပိတ်ရက် စနေနေ့တနင်္ဂနွေနေ့များတွင်   ကျောင်းစာများနှင့် မအားသည့်ကြားမှ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ မနိမ့်ကျစေရန် အားလပ်သောရက်လေးကို အနားမယူဘဲ စိတ်အားထက်သန်စွာ သင်ကြားပို့ချပေးနေပါသည်။ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့  M.S.M.O အသင်းကြီးပေါ်ပေါက်လာတာကလဲ ထိုင်းနိုင်ငံ စက်ရုံအသီးသီးမှာရှိကြတဲ့ မြန်မာလူမျိုးများရဲ့ ကူညီထောက်ပံ့မှု ပညာတတ်လိုမှု ပညာသင်လိုစိတ်ရှိမှု့ စေတနာ သဒ္ဓါတရား ထက်သန်မှုတို့ကြောင့်သာ တန်ဖိုးမဖြတ်နိုင်သော အသင်းကြီးပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ စက်ရုံအသီးသီးမှ လစဉ် လှူဒန်းမှုများဖြင့် သာ ရပ်တည်ခဲ့ရခြင်းဖြစ်ပါသည်။ ပညာပါရမီ ဖြည့်ဆည်း လို့တဲ့ ရည်ရွယ်ချက် မြန်မာကျောင်းသား ရဟန်းတော် များ နိုင်ငံခြားပညာများ လွယ်လင့် တကူ သင်ယူစေခြင်သော ရည်ရွယ်ချက် မြန်မာပြည်သား အလုပ်သမားများ ပညာရေး ဘာသာရေး တိုးတက်စေလိုသော ရည်ရွယ်ချက်များဖြင့် ဆရာ ဒကါ လက်တွဲညီစွာ ထမ်းရွက်ခဲ့သည့်အတွက်   ပညာသင်ကြားနေသော ပုံရိပ်များနှင့် ပညာရေး သတင်းစကား မှတ်တမ်းများကို ကမ္ဗည်းရေးထိုး သမိုင်းမှတ်တိုင်သစ်များ စိုက်ထူနိုင်ခြင်းဖြစ်ပါသည်။ ပညာရေးသတင်းများကို ၀က်ဆိုက်တွင် စောစီးစွာ မတင်ဖြစ်ခဲ့ရခြင်း အကြောင်းရင်းမှာ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေသော   ကျောင်းသားများထဲမှ ကျောင်းသားများပင်ဖြစ်ကြသည့် အသင်းကြီး၏ ပြန်ကြားရေးဆရာတော်များမှာလဲ စာမေးပွဲကိစ္စများဖြင့် အလုပ်များနေရခြင်းကြောင့် မတင်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ကျောင်းစာများနဲ့ အလုပ်များနေလို့ ပို့စ်တင်နောက်ကြတာတွေကို မြန်မာကျောင်းသား ရဟန်းတော်များနှင့် မိတ်ဆွေများအားလုံးကိုလဲ နားလည်ပေးနိုင်ကြပါစေလို့ တင်ပြရင်း မြန်မာကျောင်းသားရဟန်းတော်များရဲ့ လှုပ်ရှားမှုပုံရိပ်များကိုတင်ပြလိုက်ရပါသည်............


                                              ဥက္ကဋ္ဌဆရာတော်မှ သင်တန်းဆင်းလက်မှတ်ပေးအပ်နေစဉ်
                                               သင်တန်းသားများကွန်ပျူတာလေ့လာနေပုံ။
                                                    သင်တန်းသားများအားတွေ့ရစဉ်။
သင်တန်းဆင်းပွဲအတွက် ချက်ပြုနေပုံ
သင်တန်းဆင်းပွဲနှင့် သင်တန်းသစ်ဖွင့်ပွဲ ဆိုင်းဘုတ်

အဘိဓမ္မာဆရာတော်မှ  သီလပေးစဉ်
ဘာသာရေးကိုလည်း ဘယ်တော့မှ မမေ့ကြတဲ့ ရွှေမြန်မာများ
နေရာပင်မလောက်၍ အားလုံးပင် မတက်ရောက်နိုင်ကြ
သင်တန်းနည်းပြဆရာတော်များအား လှူဘွယ်များဆက်ကပ်
ဂျပန်ဘာသာသင်တန်းနည်းပြ အား ဝေယျဝစ္စအဖွဲဝင် ကိုထွေးမှ လက်ဆောင်အမှတ်တရ
ကိုယ်ပိုင်လက်တော့ လေးများဖြင့် ခေတ်မီပညာများသင်ကြားနေသောမြန်မာအလုပ်သမားလေးများ
ကွန်ပျူတာ သင်တန်းသား သင်တန်းသူများ
သင်တန်းဆင်းပွဲအတွက် ကြိုတင်ပြင်ဆင်
မည်သူမဆို လာရောက်ပညာသင်ကြားနိုင်သော အခမဲ့ ပညာဒါန သင်တန်းကျောင်း
                                            ဆရာတော်များအားဆွမ်းကပ်ရန်ပြင်ဆင်နေပုံ


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.