Sunday, October 30, 2011

သင့်ကွန်ပျူတာနှင့် ပတ်သက်၍


သင့်ကွန်ပျူတာနှင့် ပတ်သက်၍
March 10th 2011, 9:58 pm by SanOo
ကျွန်တော်တို့ ယနေ့ အင်တာနက်မှာ အများ သိတဲ့ Hacking ခေါ် (Phasing)ကွန်ပျူတာအားခိုးဝင်ခြင်း ၊ အချက်လက်များ နှင့် Software များ၏ Key များကိုစားသွားခြင်း ၊ကွန်ပျူတာ ဟန်းနေခြင်း အစရှိသဖြင့် ပြဿနာများရဲ့ တရားခံကို ဖော်ပြပေးတာပါ။

ထိုသို့ နည်းများစွာကို စီးပွားဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့လိုက် Hecker များမှာ အနောက်တိုင်း နိုင်ငံများ တွင်သာမက အများသောအားဖြင့် အမေရိကန် ၊ တရုတ် ၊ တို့မှာ ပေါက်မြောက်စွာ ရှိခဲ့ပါတယ် ။

ထိုသူများ၏ Program များဟာ အမေရိကန် ဘဏ်များစွာသာမက
အစိုးရ လျှို့ဝှက်မှတ်တမ်းများကိုပါ ၀င်ရောက်မွှေနှောက်နိုင်ခဲ့ကြပါတယ် ။

ထို အထိ အောင်မြင်အောင် Electronic Crime ခေါ် အီလက်ထရောနစ် နည်းပညာ ဖြင့် ပစ်မှု့ကျူးလွန်သူများ
ထဲမှ အမေရိကန်အစိုးရ မျက်လုံးပြူးလောက်သော အထင်ရှားဆုံးတစ်ယောက်မှာ Mr. Max Bulter ပဲဖြစ်ပါတယ်

အီလက်ထရောနစ် ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက်ရဲ့ ၀င်ငွေကို ခန့်မှန်းကြည်မယ်ဆိုပါက
သင်တို့ အနည်းငယ်အံသြနိုင်ပါတယ် နိုင်ငံတစ်ကာ မှာရှိတဲ့ လက်ဆော့ချင်နေတဲ့ လူငယ်တွေ
Programmer တွေ ကို သူက တစ်ယောက်စီ စုစည်းခဲ့ပြီး နည်းပညာ မျှဝေလို့ ခိုးယူခဲ့ကြရာမှာ

1. email & Password များ
2. ကိုယ်ရေးကိုယ်တာ မှတ်တမ်းများ
3. နိုင်ငံတစ်ကာ ဘဏ်ကဒ်များ၏ CCV နှင့် Password များ
4. Software များ၏ လိုင်စင် ကီးများ
5. နိုင်ငံတော် လျှို့ဝှက်ချက်များ
6. အဆိုးဆုံးက သူတို့ အချိန်မရွေး ၀င်နိုင်ထွက်နိုင်တဲ့ Phasing အခြေခံ Application များ
ကို စိတ်တိုင်းကျ မွှေနှောက်နိင်ခဲ့ကြပြီး ၀င်ငွေ သန်းကျော်ရှိခဲ့ကြပါတယ် .....
ဒါက ကမ္ဘာကျော် အွန်လိုင်း ပစ်မှု့ကို ဖန်တီးခဲ့တဲ့ သူတစ်ယောက်ကို သိအောင် ဖော်ပြပေးခြင်းပါ

ယနေ့အများဆုံး ခံစားနေကြတဲ့ Virus များ ..... Spy ware များ ကျွန်တော်တို့ကွန်ပျူတာ ထဲ ဘယ်လိုရောက်နိုင်တယ် ဆိုတာကို ကျွန်တော် လေ့လာ ခဲ့သမျှ ရေးသား ခဲ့တာဖြစ်ပါတယ်

အများဆုံး ကျွန်တော်တို့ ကြုံတွေ့ကြရတာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ခင်ဗျာ

1.UNTRUSTED WEBSITE
Phasing တစ်ခုဖြစ်တဲ့ Malware ကိုအင်တာနက်စာမျက်နှာများမှာ Application ဖြင့် ထည့်သွင်းထားသော အွန်လိုင်း Hacker များ၏ စာမျက်နှာများစွာ ရှိနေပြီးထိုစာမျက်နှာများသို့ ၀င်ရောက်တာနှင့်တစ်ပြိုင်နက် Browser မှာ ဗြောင်ဖြစ်သွားပြီး သူတို့ ထားရှိတဲ့ စပိုင် ကျွန်တော်တို့ ကွန်ပျူတာထဲကို လှလှပပ ၀င်ရောက်ပါတယ် ......
ထိုသို့ဝင်ရောက်မှု့ကို အများစုက ဗိုင်းရပ်ကိုက်တယ်လို့ ခေါ်ကြပါတယ် .....
ဖြစ်လာမည့် ကိစ္စတွေက

ကွန်ပျူတာကို Update လုပ်ရန် Credit card နံပတ်တောင်းမယ် ၊
ကွန်ပျူတာရှိ တန်ဖိုးရှိ Software တွေမှာ ရှိတဲ့ လိုင်စင်နံပတ်တွေ နှုတ်ယူသွားမယ်၊
ကျွန်တော်တို့ ကိုယ်ရေးအချက်လက်များ နဲ့ ဖိုင်များကို ဖျက်စီးမယ်
နောက်ဆုံး ကွန်ပျုတာ စနစ်ကို ဖျက်စီးမယ် စသည်တို့ ဖြစ်ပါတယ်

ဒါက ဆိုးရွားတဲ့ Virus တစ်ခုမဟုတ်ပဲ ကွန်ပျူတာကို Hack တယ်လို့ခေါ်ပါတယ်
ဒီအတွက် ကွန်ပျူတာ အသုံးပြုသူတွေမှာ AVG , Avira , Norton , Kasparsky , စတဲ့ Virus Protect ဆော့ဝဲရ်များ
သေချာ စွာ ထည့်သွင်းအသုံးပြုထားပါက အတော်အတန် စိတ်ချရပါတယ် ......
မြန်မာ လူငယ်အများစု အနေနဲ့ ထို Antivirus ဆော့ဝဲရ်များကို ရက်စွဲ မှန်အောင် မထိန်းသိမ်းပဲ
ခပ်ပေါ့ပေါ့ သုံးတတ်ကြပါတယ် .. ဒါက မဖြစ်လျှင်တော့ ကိစ္စ မရှိပေမယ့် ဖြစ်လျှင်တော့ အရပ်ကူပါ ဖြစ်တတ်ကြပါတယ် .....

သတိပြုရန် တိုက်တွန်းလိုတာက ယနေ့ ကိုယ်တိုင် Virus မသတ်နိုင်လျှင့်ဖြင့် ထိုသို့ အဆင်သင့် ရောင်းသော Antivirus ဆော့ဝဲရ်များကိုတော့ တစ်နှစ်စာ တစ်ကိုယ်ရေအတွက်မှန်ကန်စွာ သုံးထားသင့်ပါတယ် .....

2.လင့်များ ကလစ်မိခြင်း
ဒီလိုမျိုးတော့ အများစု ကြုံတတ်ကြပါတယ် Link လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ များကို တိုက်ရိုက်ရောက်စေတဲ့
လိပ်စာ မျာကို ကလစ်လို့ Virus တိုက်ခိုက်ခံရတာကိုတော့ အများစု တွေ့ဘူးကြပါတယ် ...

ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ မိမိ အတွေ့ကြုံနဲ့ လည်ပတ်နေတဲ့ ပတ်ဝန်းကျင်ပေါ်အပြည့်မူတည်လျှက်ရှိပါတယ်

Virus ကွန်ပျူတာထဲရောက်သည်အထိ ကြာရန် အချိန် သည် လိုင်းကောင်းနေပါက စက္ကန့်အနည်းငယ်သာ လိုအပ်ပါတယ်။
တစ်လောက Gtalk ကနေ အလိုလျှောက် တက်လာတဲ့ လင့်တော်တော်များများကို ကျွန်တော် တို့ကြုံကြရပါတယ် ဒါက
ပြင်းထန်တဲ့ Virus တစ်ခုပါ ကျွန်တော် လွန်ခဲ့တဲ့ 8 လခန့်က ရေးတင်ပေးခဲ့ပါတယ် ဒါမျိုး လင့်များကို

အများဆုံးရောက်ရှိလာတာက ၀င်စာများပဲဖြစ်ပါတယ် ....Email ကနေ မရင်းနှီးတဲ့ သူတွေက ပုံပို့လိုက်တယ် ကြည့်ပါ
သင့်အတွက် e-card ပို့လိုက်တယ် ။ သင်ထီပေါက်တယ် ဒီမှာ ကြည့်ပါ ..... စသည်စသည်ဖြင့် အကြောင်းရာများစွာကို
သင့်ထံပို့ကြပါလိမ့်မယ် ... ဒါတွေကို လိုက်ကလစ်နေလျှင်တော့ သေချာပါတယ် သင် Virus ၀င်ဖို့ လိုက်ရှာနေတာ နှင့် အတူဖြစ်ပါတယ် ။

ကျွန်တော်တို့နေ့စဉ် ၀င်စာများစွာ ကို ဖတ်တဲ့နေရာမှာ မိမိ မသိသော ဘယ်လိုလင့်များကိုမှ မကလစ်ရန်
ကျွန်တော် အမြဲ ပြောလေ့ရှိပါတယ် ... နမူနာပြောရလျှင် ကျွန်တော့်တို့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်လျှက်ရှိတဲ့
ှSocial Network တွေ ရှိပါတယ် ကျွန်တော့် email ထဲမှ တစ်ယောက်က Netlog , Hi5 စသည်ကို ၀င်ပါက
ကျွန်တော်တို့ဆီ လင့်ဒါရိုက်ကြီး ရောက်ပါတယ် ..... ကျွန်တော်တို့က သဘော တူသည်မတူသည်ထား
သူတို့ဖိတ်နိုင်ရန် သင့် email လိပ်စာ၏ Password ကတော့ ပါသွားပြီလို့ သတ်မှတ်နိုင်ပါတယ် ....
Ning ဆိုဒ်များတွင်တော့ ထိုသို့သော လုပ်ဆောင်ချက်မရှိသလို Facebook တွင်လည်းမရှိပါ ၊ Tagged တွင်လည်းမရှိပါ ...

နာမည်ကြီး များပင်ဖြစ်သော်ငြား အချို့သော Social Network များမှ လာသော လင့်များသည် ကျွန်တော်တို့ကို
သွေးဆောင်လျှက် အချက်လက်များစွာ ရယူကြသည်ကိုတော့ အသေချာပင်ဖြစ်ပါတယ် ......

သို့ကြောင့် မိမိ မကျင်လည် ၊ မရင်းနှီးသော လင့်များကို မကလစ်မိဖို့က အလွန်အရေးကြီးကြောင်း အသိပေးပါတယ် ။

3. ဂိမ်း, Smaily Icon ,Network များမှ Tool Bar များ
ဒါကိုအများစု မသိကြတာ များပါတယ် ကျွန်တော် နမူနာ ဖော်ပြပါ့မယ်
ဒါတွေကို Browser ရဲ့ Tool Bar တွေလို့ခေါ်ပါတယ် .. ဒီ Tool Bar တွေထဲမှာတော့ Search Engine တွေကလွဲပြီး ကျန်တာတွေ ရှိနေပါက ချက်ခြင်း ဖျက်ပစ်ရန် ကျွန်တော် တိုက်တွန်းပါတယ် .. ဒီTool Bar တွေရှိနေလျှင် အင်တာနက် လိုင်း ကို သူတို့က မျှဝေသုံးစွဲနေပြီး ကွန်ပျူတာကို ဟောင်းလောင်းဖြစ်နေစေပါတယ် .. အဆိုးဆုံးက Game ဘားများနဲ့ Smiley Icon များမှ Tool Bar များပင် ဖြစ်ပါတယ် သူတို့က POPP နဲ့ HTTP ကာကွယ်မှု့မရှိပဲ အင်တာနက်ကို ဟောင်းလောင်းပေါက် ဖြစ်နေစေပါတယ် ...

အမှန်မှာ Firefox Version 3+ ၊ Internet Explore ၊ Opera 6+ နှင့် ယခု Google Chrome Browser များမှာ ထိုက်သင့်သလောက်လုံ ခြုံမှု့ရှိသော်သည်း ထို Tool Bar များကတော့ ဟင်းလင်းဖြစ်နေတာကြောင့် Hacker များ ၀င်ရန်
ဂိတ်ပေါက်သာ ဖြစ်ပြီး အခမဲ့ Tool Bar များသည် သူတိ့လိုအပ်သော အချက်များကို နှိုက်ထုတ်ရန် အဆင်သင့်လုပ်ထားသည်ကို
သတိထားရန်လိုအပ်ပါတယ် ............

သို့ကြောင့် မလိုအပ်သော Tool Bar အားလုံးကိုဖြုတ်ထုတ်ပစ်ရန် အရေးကြီးပါတယ် ရှိနေလျှင့်ဖြင့် ထုတ်ပစ်ပါ ။

ဖြုတ်ထုတ်ရန် Start >> Control Panel >>Program & Feature (Window7) သို့မဟုတ် >> Add or Remove Program (Window XP ) သို့သွားပြီးGame နှင့် Smiley Icon Tool Bar အားလုံးကို ဖြုတ်ထားရန်လိုပါတယ်

4. Software Key Gen များ
နားလည်သူ လူငယ်အများစု Software များကို လောဘတစ်ကြီင်္း Install လုပ်တတ်ကြပါတယ် ထိုသို့လုပ်တဲ့နေရာမှာလည်း
Key Gen နှင့် Crack ဖိုင်များကို ဖွင့်ကြရပါတယ် ... အများဆုံးသော Crack ဖိုင် များသည် Blocked Application များဖြစ်သည်ကို သိရှိရန် အထူလိုအပ်ပါတယ် ...

အချို့သော ကွန်ပျူတာများ တွင် Antivirus တင်ထားပါက ထိုဖိုင်များ ဖွင့်မရပါ .. ထိုအခါ အများစုသည် Software လိုချင်ဇောဖြင့် Antivirus ကို Disable လုပ်ပြီး Software Install လုပ်ကြပါတယ် ပြီးမှ Antivirus ပြန် ဖွင့်ကြပါတယ် ထိုသို့ဖြစ်လျှင် Antivirus ကို အမြဲ Update လုပ်ထားပါက အဆင်ပြေသော်လည်း Update မဖြစ်တော့သော အခါ Quarantine ဖိုင်များ ထိန်းချုပ်မှု့ မဲ့ပြီး ကွန်ပျူတာအား စတင် ဒုက္ခပေးပါတယ် ..

သို့ကြောင့် Quarantine ဖိုင်များကို အပြီး ဖျက်ပြီး Recycle Bin ကို ရှင်းထုတ်ထားရန် အကြံပြုပါတယ် အကောင်းဆုံးက မိမိ Virus သတ်နိုင်ခြင်းမရှိပါက Antivirus ကို Outdate ဖြစ်မနေရန် ဂရုစိုက်သင့်ပါတယ် ။

5. Desktop Gedgets များ (Widgets)
ထိုအရာများကို အတော်များများ သတိထားမိခြင်းမရှိပါဘူး ကွန်ပျူတာ Desktop ပေါ်မှာရှိတဲ့ အင်တာနက်ကို တိုက်ရိုက်ချိန်ဆက်ထားတဲ့ Geိdgets များကို ဆိုလိုခြင်းဖြစ်ပါတယ် ... ဥပမာ နိုင်ငံတစ်ကာ မိုးလေ၀သ အစီအစဉ်များ ဖော်ပြသော အရာ ၊ နာရီ ၊ ပြက္ခဒိန် ၊ ရေဒီယို ၊ သတင်း စသဖြင့် ကွန်ပျူတာပေါ်တွင် တင်ထားနိုင်သော အွန်လိုင်းချိတ်ဆက်ထားသည့် Applications များပင်ဖြစ်ပါတယ် ....
ထိုအရာများကို အသုံးပြုပါက သင့် Window Firewall ကို On ထားရန် မမေ့ဖို့ အသ်ပေးပါတယ် ...
သူတို့သည်လည်း အွန်လိုင်းကို တိုက်ရိုက်ချိတ်ဆက်ထားတာ ဖြစ်သောကြောင့် ဂိတ်ပေါက်များ ဖြစ်နေသည်မှာ သင်သိရှိရန် လိုအပ်ပါတယ် ။ ......နမူနာ ပုံကို ကြည့်နိုင်ပါတယ် ........

ထိုကြောင့် ကွန်ပျူတာ လုံခြုံစွာ အသုံးပြုလိုသူများ အနေနဲ့ ထိအချက်များကို သိထားရန်လိုအပ်ပါတယ် မြန်မာနိုင်ငံသည်လည်းနောင်တစ်ချိန်အင်တာနက် တွင် ဈေးဝယ်နိုင်သော ကဒ်များ ပေါ်လာမည်မှာ မလွဲပါ
ထိုသို့သော အချိန်အတွက် ကျွန်တော်တို့ သတိထားရန် ၊ ရှောင်ကျဉ်ရန် လိုအပ်သော အချက် အနေဖြင့်သာ မက ....

ယနေ့ အွန်လိုင်းတွင် လုံခြုံစွာ အသုံးပြုနိုင်သော Laptop တစ်လုံး သို့မဟုတ် ကွန်ပျူတာ တစ်လုံးအား
ထိန်းသိမ်းတတ်ရန် လိုအပ်ပါတယ်။ ။


အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

  • သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။

သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက

-       ကိုယ့်ကိုယ်ကို သိပါ
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ

ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး

ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။

-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား

လမ်းဆုံးအောင်လျှောက်

အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။

ကိုယ်တိုင်လုပ်နိုင်တာတွေ
-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)
-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ
-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ
-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ

အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။

-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
-       အ၀တ်အစားဝယ်မယ်
-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်

ဘယ်လိုလေ့လာရမလဲ

လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။

ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက
-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား
-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား
-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား

အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။

ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက
-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား
-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား

အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။

သတိပြုသင့်တာတွေက

၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။

၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။

၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။

၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။

၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။

၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။

၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။

၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။

၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။

၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။

၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။

၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။

၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။

နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။

Pratice ... Pratice … Practice!

မြန်မာ ရေဘေး ဒုက္ခသည်များကို ထိုင်း လ၀က ငွေညှစ်



Posted: 29 Oct 2011 12:00 AM PDT
ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် ဘန်ကောက်မြို့မှ ရာနှင့်ချီသည့် နေရပ်ပြန် မြန်မာ အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က)နှင့် ထိုင်းအာဏာပိုင်များက လမ်းခရီးနှင့်မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး၍ ငွေကြးကောက်ခံနေကြ သည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ မဲဆောက်သို့ ပို့ဆောင်မည့် မြန်မာ အလုပ်သမားများကို အချုပ်ကား တစီးပေါ်တွင်တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

မြန်မာ အလုပ်သမား ၃၀၀၀ ခန့်ရှိ အပြည့်အကြပ်တင်ထားသော ဘတ်စ်ကား ၁၃ စီးနှင့် မီနီဗင်၂ စင်းတို့ကို အောက်တိုဘာ ၂၅ ရက်နေ့က ၁ နာရီ မှ ၄ နာရီအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းသို့ ထိုင်းအာဏာပိုင်များက ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ကနေဒါ နိုင်ငံသား စိုင်းစိုးဝင်းလတ်က ပြောပြသည်။
ယင်း ကားများပေါ်တွင် ကလေးငယ်များ နှင့် ဖျားနာနေသူများလည်း ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

“အဲဒီ အမျိုးသမီးတဦးက လမ်းဆိုတာ လျှောက်နိုင်ရုံလေးပါ၊ သူတို့ကို တိရစ္တာန်တွေ တင်တဲ့ ကားမျိုးထဲမှာ ပြည့်ကြပ်နေ အောင် ထည့် တင်သွားတာက လူ့အခွင့်အရေး ချိုးဖောက်မှု တခုပါ၊ ဂိတ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအရာရှိတွေကလည်း သူတို့ကို ဖယ်ရီပေါ်ကို နွားတွေလို မောင်းတင်နေတယ်”ဟု စိုင်းစိုးဝင်းလတ်က ဆက်ပြောသည်။

ပြန်ပို့ခံရသော မြန်မာအလုပ်သမားများ လှေပေါ်သို့ တက်နေစဉ် (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

အဖမ်းခံရသည့် မြန်မာ အလုပ်သမား အများစုသည် ထိုင်းတွင် တရားဝင်နေထိုင် လုပ်ကိုင်ခွင့်လက်မှတ် ရရှိရန် မှတ်ပုံတင် ထားသူများ ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။

ထို မှတ်ပုံတင်ထားသူများတွင် သတ်မှတ်ထားသော အလုပ်နှင့် နယ်မြေကန့်သတ်ထားခြင်း ခံရသူများ ပါဝင်ကြောင်း သိရ သည်။

ထိုင်းအာဏာပိုင်များက ယင်းအလုပ်သမားများကိုဖမ်းဆီးရခြင်းမှာ ရေဘေးကြောင့်ထွက်ပြေးလာသော်လည်း နယ်ကျော်သော ကြောင့်ဖြစ်သည်ဟု အကြောင်း ပြခဲ့သည်။

သို့သော်လည်း အဖမ်းခံရသူများသည် ထိုင်း ဘတ်ငွေ ၂၈၀၀ ခန့် ပေးဆောင်ပါက ပြန်လည်လွှတ်ပေးကြောင်း မကြာသေးခင် ရက်ပိုင်းက မဲဆောက်တွင် အဖမ်းခံရပြီး ပြန်လွတ်လာသူ တဦးက ပြောသည်။

သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်၍ ပြန်ပို့ခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

“ကျနော်က ထိုင်း လ၀က ကို ပိုက်ဆံ ၂၈၀၀ ပေးပြီး ပြန်လွတ်လာတာ၊ အခု ဘယ်သွားသွား သွားလို့ရတယ်”ဟု ၎င်းက ဆို သည်။

ထိုသို့ ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး ဧရာဝတီက မဲဆောက်လ၀ကဌာနကို ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိချေ။

မြ၀တီမြို့သို့ ပြန်ပို့ခံရသည့် တခြားသော အလုပ်သမား တဦးကလည်း“DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)ဂိတ်ကို ဘတ် ၂၅၀၀ ပေးလိုက်ရတယ်”ဟု ပြောပြသည်။

ယခုလလယ်ပိုင်းကလည်း ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြ၀တီမြို့တွင် DKBA နှင့် လူပွဲစားများ ပူးပေါင်း၍ အဓမ္မ ငွေတောင်းခံမှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘက်သို့ ပြန်မပို့မီ မဲဆောက် လ၀က ရုံးတွင် တွေ့ရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို တင်ဆောင်ထား သည့် ကားတစီး (ဓာတ်ပုံ - စိုင်းစိုးဝင်းလတ်)

လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က အလုပ်သမားများအပေါ် ယင်းသို့ပြုလုပ်နေမှုများနှင့် ပတ်သက်၍ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ၂ နိုင်ငံ အစိုးရက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒုက္ခရောက်လာသူတွေဆီကနေ အကျိုးအမြတ်ယူနေတဲ့ အရာရှိတွေရဲ့လုပ်ရပ်က ဆိုးဝါးလွန်းတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ပထုံဌာနီ ဒေသ လိုင်ခိုင် ဘုန်းကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ လာရောက်သည့် ထိုင်း ဒု ၀န်ကြီး ချုပ်နှင့် အလုပ်သမား ၀န်ကြီးတို့ကို တွေ့ဆုံခဲ့ပြီး အလုပ်သမားအရေး ဆွေးနွေးခဲ့ကြောင်း အန်ဒီ ဟောလ်က ဆက်ပြောသည်။

“မြန်မာသံရုံးနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ပြောတော့ သူတို့က ဆောင်ရွက်နေပြီလို့ ပြောပါတယ်”ဟု ၎င်းက ရှင်းပြ သည်။

ထိုင်းရှေ့နေ စူလဖောင်ကလည်း“ဘန်ကောက်မှာ ရေကြီးလို့ ဒုက္ခရောက်ပြီး ပြန်လာတဲ့ လူတွေကို ကူညီသင့်တယ်၊ ထပ်ပြီး ဒုက္ခထပ်ရောက်အောင် မလုပ်သင့်ဘူး”ဟု ပြောသည်။

စူလဖောင် သည် ထိုင်းလွှတ်တော်၏ နိုင်ငံမဲ့များဆိုင်ရာ ဥပဒေပြဌာန်းရေး ဆပ်ကော်မတီဝင် လွှတ်တော် အမတ် တဦးဖြစ် သည်။

ထိုင်း ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ် လူ ထောင်နှင့်ချီ၍ နေရပ်သို့ ပြန်နေခဲ့ကြသည်။

ထိုင်းတွင်ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမားများက နေရပ် ဒေသအသီးသီးသို့ ပြန်လျှင် မြ၀တီနယ်စပ် လမ်းကို အများဆုံး အသုံးပြုကြခြင်းမှာ မြ၀တီ-ရန်ကုန် ခရီး အကွာအဝေး၂၆၅ မိုင်ကို ကားဖြင့် ၁၄ နာရီခန့်သာ သွားရခြင်းကြောင့် ဖြစ်သည် ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား၂ သန်းမှ ၄ သန်းကြားရှိကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ပြောဆိုကြသည်။

Source by : http://burma.irrawaddy.org

ရေမြုပ်နေတဲ့ဘန်ကောက်မြို့တော်


ရေလွှမ်းတာတွေဟာ မြို့တော်ထိ ပြန့်လာနေတာကြောင့် မကြာမီရေလွှမ်းတော့မှာကို ပြင်ဆင်ကြဖို့ ဘန်ကောက်သား တွေ ကို ၀န်ကြီးချုပ်ခွန်ယင်လပ်က မနေ့က ပြောလိုက်ပြီး၊ ထိုင်းနိုင်ငံမှာ ရေပြန်ကျသွားဖို့ဆိုတာ ရက်သတ္တပါတ် ၆ ပါတ် လောက်ထိ ကြာနိုင်တယ်။ လို့ သတိပေးပြောကြားလိုက်ပါတယ်။ “ ရေကြီးတာ လျော့သွားဖို့ဆိုတာ ၄ပါတ်ကနေ ၆ ပါတ် လောက်ထိ စောင့်ရမယ်” လို့ အပတ်စဉ်ရေဒီယိုမိန့်ခွန့်ခွန်းမှာ ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ဒါဟာ ဘန်ကောက်တင်မကပဲ။ တနိုင်ငံလုံးကို ရည်ညွှန်းပြောဆိုတာ ဖြစ်တယ်။ လို့ နောက်ပိုင်းမှာ သူက သတင်း ထောက်တွေကို ရှင်းပြပါတယ်။ မြောက်ပိုင်းပြည်နယ်တွေကစီးလာတဲ့ရေတွေဟာ မြို့တော်ထိရောက်လာနေပြီ ဖြစ်လို့ ဘန်ကောက် မြို့တွင်း၊  တချို့နေရာမှာနေသူတွေအနေနဲ့ ရေကြီးမယ်ဆိုတာကို မျှော်လင့်ထားကြဖို့ ယင်လပ်က သတိ ပေးပါတယ်။
ဒီတပါအတွင်း ဘန်ကောက်သားတွေဟာ သူတို့ပိုင်ပစ္စည်းတွေကို မြင့်တဲ့နေရာ ဒါမှမဟုတ် တခြားဘေးကင်းရာနေရာ တွေကို ပြောင်းရွှေ့ထားသင့်တယ်။ လို့ သူမက ပြောပါတယ်။ ဒီရေကြီးတာဟာ အမျိုးသားရေးအကြပ်အတည်းတခု ဖြစ် တယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်ပြီး တိုင်းသူပြည်သားတွေ စည်းလုံးကြဖို့နဲ့တဦးနဲ့တဦးကူညီကြဖို့ တောင်းဆိုလိုက်ပါ တယ်။ တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်နယ်အားလုံးရဲ့ သုံးပုံတပုံ ဟာ အနည်းဆုံး တစိတ်တပိုင်းအနေနဲ့ဖြစ်ဖြစ် ရေမြုပ်နေ ပြီ ဖြစ်ပါတယ်။
မြို့တော်ရဲ့မြောက်ပိုင်းဆင်ခြေဖုံးရပ်ကွက်တွေမှာဆို ရေက ခါးလောက်ထိရောက်နေပါပြီ။ ၀န်ကြီးချုပ်ဟာ ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေကို အပြည့်အ၀ထိန်းချုပ်ဆောင်ရွက်နိုင်ဖို့ ကပ်ဘေးဥပဒေကို သုံးဖို့ တောင်းခံထားရပါတယ်။ ဒွန်မောန်နဲ့လက်ဆီရပ်ကွက်တွေမှာ ရေက ၇၀ စင်တီမီတာလောက် ရှိနေပြီဖြစ်လို့ လမ်းမတွေပေါ်မှာ ကားငယ်တွေ သွား မရတော့ပါဘူး။ ဒါကြောင့် ဘန်ကောက်မြောက်ပိုင်း အိမ်တွေကနေ လူ ၁၀၀၀ ကျော်လောက်ကို ပြောင်းရွှေ့လိုက်ရပါ ပြီ။ “အတော်ဆိုးဝါးတဲ့အခြေအနေပါ၊ အစိုးရဂသက်တန်း ၂လအတွင်းမှာ ဒီကပ်ဘေးကို တားဆီးကာကွယ်ဖို့ အသဲအသန် လုံး ပမ်းနေရပါတယ်”
မုတ်သုန်မိုး ၃ လလောက် အဆက်မပြတ် အကြီးအကျယ် ရွာလိုက်တာကြောင့် တနိုင်ငံလုံးမှာ သေဆုံးသူ အနည်းဆုံး လူ ပေါင်း ၃၅၆ ယောက်ရှိပြီး အိုးအိမ်နဲ့အသက်မွေးဝမ်းကျောင်းဘ၀တွေ ပျက်စီးတဲ့လူ ၉သန်းကျော် ရှိပါပြီ၊ အများဆုံးက မြောက်ပိုင်းနဲ့အလယ်ပိုင်းပြည်နယ်တွေက ဖြစ်ပါတယ်။ လို့ အရာရှိတွေက ပြောပါတယ်။ လူဦးရေ ၁၁၃,၀၀၀ ယောက် လောက်ဟာ ဒုက္ခသည်တွေအဖြစ် အိုးပစ်အိမ်ပစ် ခိုလှုံနေရပါတယ်။ လို့ ခွန်ယင်လပ်က ပြောပါတယ်။
တခြားဒေသတွေမှာ ရေကျသွားပြီး၊ ဒီရေတွေက မြို့တော်ကို ဦးတည်စီးလာနေပါတယ်။ မနေ့ကအထိတော့ ဘန် ကောက်မြို့လည်မှာ ခြောက်ခြောက်သွေ့သွေ့ ရှိနေတုန်းဖြစ်ပြီး နေရောင်ခြည်နဲ့ပြာလဲ့လဲ့မိုးကောင်းကင်က လူဦးရေ ၁၂ သန်း လောက်ရှိတဲ့ဘန်ကောက်သားတွေအတွက်တော့ ထိတ်လန့် တုန်လှုပ်စရာတခုခု ဖြစ်လာတော့မယ့်အသိကို ဖုန်း ကွယ် လှည့်စားနေသလိုပါပဲ။ ကုန်တိုက်ကြီးတွေမှာလည်း ရေနဲံ့အစားအစာတွေ ၀ယ်ယူစုဆောင်းဖို့လုပ်နေတဲ့ လူတွေနဲ့ တိုးဝှေ့စည်ကားနေပါတယ်။ မော်တော်ကားတွေကို ကားဒိုဒေါင်တွေက အမြင့်ပိုင်းတွေဆီ ရွှေ့ထားကြတယ်။
တချို့က တံတား တွေပေါ်နဲ့မြင့်တဲ့လမ်းတွေပေါ်မှာ ကားတွေ ထားပစ်ခဲ့ကြပါတယ်။ ငြိမ်ဝပ်ပိပြးရေးထိန်းဖို့ စစ်သားနဲ့ရဲ အထောင်အသောင်း တို့ကို စုစည်းထားပြီးဖြစ်ပါတယ်။ ရေမြုပ်နေတဲ့အိမ်တွေကို စွန့်ခွာသွားဖို့ ငြင်းဆန်နေသူတွေကို တပ်က သတိပေးထားပါတယ်။ နန်းတော်၊ အစိုးရအဆောက်အဦ၊ အဓိကကျတဲ့အဆောက်အဦးနဲ့သော့ချက်ကျတဲ့ သယ် ယူပို့ဆောင်ရေးလမ်းကြောင်းတွေလို အရေးကြီးတဲ့ နေရာတွေကို အာဏာပိုင်တွေက လုံခြုံရေးပေးပါမယ်လို့ ယင်လပ်က ပြောပါတယ်။
“အစိုးရအနေနဲ့ လူသုံးကုန်ပစ္စည်းတွေဝေငှပေးတာကို ကြီးကြပ်ပါမယ်၊ လူတိုင်းလုံလုံလောက်ရဖို့ အာမခံဆောင်ရွက်ရ မယ်၊ ဒီအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘန်ကောက်မှာနေသူတွေဟာ ကြိုတင်ပြင်ဆင်ထားရမယ်” လို့ သူမက ပြောပါတယ်။
အောက်တိုဘာ ၂၃၊ ၂၀၁၁ 

Tuesday, October 25, 2011

ငါတို့လူမျိုးငါတို့မစောင့်ရှောက်ရင်ဘယ်သူစောင့်ရှောက်မလဲ

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ ဘန်ကောက်ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေတော်မူကြသောသံဃာတော်များသည် M.S.M.0 အဖွဲ့ကြီးနှင့် MWRN အဖွဲ့ကြီးတို့
ပူးပေါင်း၍ ရေဘေးဒုက္ခရောက်နေသောမြန်မာလူမျိုးများအတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောထားသည့် အရေးကြီးကသွေးနီးကြ အရေးကြုံကသွေးဆုံကြဆိုသည့်အားလျှော်စွာ ကိုယ့်လူမျိုးများအတွက် ဆရာနှင့်ဒကာ
လက်တွဲညီစွာဖြင့် မဟာချိုင်ဒေသနေရာအနှံ့တွင် သံဃာတော်များအုပ်စုခွဲ၍ ဆွမ်းလောင်းပွဲကြီးများကို ဒေသအသီးသီးတွင် 23,10,2011 တနင်္ဂနွေနေ့ တစ်နေကုန်စည်ကားသိုက်မြိုက်စွာပြုလုပ်ပေးသွားကြပါသည်။ ၄င်းဆွမ်းလောင်းပွဲမှရရှိလာသောပစ္စည်းများငွေများသည် ရေဘေးသင့်သူမြန်မာလူမျိုးများအတွက်ဖြစ်သည့်အတွက်
သတင်းဓါတ်ပုံများနဲ့အတူတင်ပြလိုက်ရပါသည် ။
MSMOအသင်းကြီးမှရေဘေးဒုက္ခသည်များအတွက်ပြန်လည်စွန့်ကြဲနေပုံ


ထိုင်းယူနှစ်မှဆေးပေါင်းကျောင်းသံဃာတော်နှင့်ဝတ်တလုံးကျောင်းသံဃာတော်များ
မဟာချိုင်မူစီနေရာ၌ဝတ်တလုံးဆရာတော်များ
ထိုင်းယူနှစ်၏တစ်နေရာ
မူစီ၏မြင်ကွင်း
မူစီ
မူစီ
အလှူခံရရှိလာသောဝတ္ထုငွေ31600 ဘတ်အကျိုးတော်ဆောင်အဖွဲ့မှဆက်ကပ်လှူဒါန်းနေစဉ်
မဟာချိုင်မူစီ
ဆရာတော်များကျောင်းသို့အပြန်ကားပေါ်မှာမြင်ကွင်း
မဟာချိုင် မူစီ မှအကျိုးတော်ဆောင်အဖွဲ့နှင့်အတူအမှတ်တရ


ရေဘေးသင့်နေကြသောမြန်မားအလုပ်သမားများကြုံတွေ့ရသည့်ဒုက္ခ

   ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကြီးဖြစ်သည့် M.S.M.Oကြီးနှင့်ရွေ့ပြောင်းမြန်မာ
 အလုပ်သမားများ အခွင့်အရေးကွန်ယက်MWRNဖွဲ့ကြီးတို့ ပူးပေါင်း၍24,10,2011ခုနှစ်
ထိုင်းနိုင်ငံရောက်အယုဒ္ဓယဒေသရှိမြန်မာလူများရေဘေးသင့်သူများကို ကား(၄)စီးဖြင့်မနက်၁၀နာရီဘန်ကောက်မြို့မှစတင်၍သွားရောက်ကူညီခဲ့ကြပါသည်။ 
                    ရေဘေးသင့်သူတွေထဲ့မှ မြန်မာအလုပ်သမားများကအခုလိုပြောပြပါသည်။ အခုစက်ရုံမှာအလုပ်လုပ်နေတဲ့အချိန် ရေတက်ပါတယ်ရေကရုတ်တရက်တက်လာတော့ မြန်မာအလုပ်သားအားလုံး ဒုက္ခရောက်ကုန်ပါတယ် ရေကတက်လာတော့အလုပ်ရှင်သူဌေးကအပြင်ရောက်နေတဲ့အချိန်အလုပ်ခေါင်းဆောင်တွေဖြစ်တဲ့ ၀ဏ္ဏတွေကလဲကိုယ်လွှတ်ရုံးသွားပြီးသူဌေးကိုလဲဒုက္ခရောက်နေတဲ့ဆိုတာအကြောင့်မကြားပေးဘူးလို့ပြောပါတယ် သူဌေးကလဲအလိုက်သိစွာလာပြီငွေလဲထုတ်းမပေးဘူးလို့သိရပါတယ်။ ရေဘေးဒုက္ခ ရောက်နေတဲ့လူကဆက်လျှက်၍ စားသောက်ဖို့ပစ္စည်းတွေဝေနေတာ ရကြရဲ့လားလို့မေးတဲ့အခါမှာတော့  ရတဲ့လူတွေရှိသလို မရတဲ့လူတွေလည်း အများကြီးရှိနေတယ်ဆိုတာပြောပြပါတယ်။ ရေထဲကနေ လွတ်ရာကို ထွက်မလာနိုင်တဲ့ သူတွေလည်းအများကြီးရှိနေပါသေးတယ်။  ရေဘေးသင့်နေတဲ့လူတွေကို မြန်မာပြည်ကိုပြန်ကြမလားလို့
မေးမြန်းတဲ့အခါ  မြန်မာပြည်ပြန်တော့လဲအလုပ်မရှိတော့ပြန်လာနေရမယ်အတူတူ ရေကျအောင်စောင့်လိုက်တော့မယ်လို့
ပြောပြပါတယ်၊ဆက်လျှက်ပြီ ဗီဇာစာအုပ်ကိစ္စကလဲ လုပ်ထားတာ(၁)နှစ်ပြည့်တော့မယ် ရမယ် မရဘူးဆိုတာအတိအကျမသိရသေးဘူးငွေတော့ပေးထားရပြီးပြီလို့လည်းပြောပြကြပါတယ်။
  ရွေ့ပြောင်းမြန်မာအလုပ်သမားအခွင့်အရေးကွန်ယက်MWRNမှ လိုက်ပါလာသည်အဖွဲ့ဝင်လူကြီးတွေကလဲ
အချိန်မရွေး အကူအညီတောင်းလိုပါက ဖုန်းဆက်ပြီအဆက်အသွယ်လုပ်ပေးကြဖို့ မှာကြားရင်းပါလာသည့်ပစ္စည်းများကို တယောက်တစ်ထုပ်ကြစီ
ဝေပေးပြီး ဘန်ကောက်မြို့သို့ အောင်မြင်စွာပြန်လည်ရောက်ရှိလာကြပါသည်။
MWRN အဖွဲ့လူကြီးများပစ္စည်းများနဲ့အတူ
ကားလမ်းအတိုင်းရေဝင်လာပုံ
အဝေးပြေးလမ်းမကြီးမှကားများရပ်ထားပုံ
ကားလမ်းပေါ်မှရေများ
MSMO၏ အတွင်းရေမှုးဆရာတော်နဲ့ဥက္ကဋ္ဌဆရာတော်


ရေထဲရောက်နေသောတက္ကသိုလ်ကြီး
ရေကိုတားဆီးနေကြပုံ
မြန်မာရေဘေးဒုက္ခရောက်နေသူများ
MSMOပြန်ကြားရေးဆရာတော်နှင့်တွံတေးဆရာတော်

ရေဘေးဒုက္ခရောက်နေသောမြန်မာအလုပ်သမားများနဲ့အတူ

Wednesday, October 19, 2011

မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်

ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်
ရေလွှမ်းမိုးခံနေရတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ရေဘေးဒုက္ခသည်တွေဟာ ထိုင်း ရေဘေးကယ်ဆယ်ရေးဌာနတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ မြန်မာရေဘေးဒုက္ခသည်အရေး တာဝန်ခံက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။
ဒီခရိုင်တွေမှာ အလုပ်လုပ်နေပြီး ရေဘေးဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်က အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာကို ဆက်သွယ်နိုင် ပါတယ်လို့ တာဝန်ခံက ပြောပါတယ်။
“ဖုန်းဆက်လာတာ သိပ်မများသေးဘူး။ မြန်မာအလုပ်သမားတွေက စင်တာရဲ့​ဖုန်းနံပါတ်တွေကိုမသိသေးဘူး။ ကျမတို့ စင်တာက ခုမှ စဖွင့်တာလည်း ပါတယ်လေ။ သူတို့ကို ပြောပြပါ။ စင်တာကို ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းနိုင်တယ်။ သူတို့ ရှိနေတဲ့ နေရာတွေနဲ့ သိမြင်နိုင်တဲ့အမှတ်အသားတွေနဲ့ အချက်အလက်တွေကို တိတိကျကျ ပြောပြစေချင်တယ်။ သွားပြီးကူညီတဲ့အဖွဲ့တွေက အလွယ်တကူ သိရှိနိုင်ဖို့ပေါ့။”
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၈၅ ၃၃၂၇၅၅၃ ဖြစ်ပြီး အမည်က ‘ဖိနုတ်’ ဖြစ်ပါတယ်။
ထိုင်းစကားမပြောနိုင်တဲ့ မြန်မာအလုပ်သမားတွေအတွက် ၀၈၅-၃၇၀၀၅၉၆၊ ၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါကို ဆက်သွယ်ပြီး မြန်မာစကားပြန်တွေကို အကြောင်းကြားနိုင်ပါတယ်။
ထိုင်းစကားတတ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ၀န်ကြီးချုပ်ရုံးကို အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ ကနေ ၂၄ နာရီပတ်လုံး အခမဲ့ တိုက်ရိုက်ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ၀န်ကြီးချုပ်ရုံး တာဝန်ခံတဦးက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဆိုရင် ဖုန်းဆက် အကြောင်းကြားပါ။ အမည်နဲ့ ပြန်ပြီးဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေကိုပြောပါ။ ပြီးတော့ မိမိ ရေဘေးဒုက္ခ ရောက်နေတဲ့ ခရိုင်အမည်တွေကို အကူအညီတောင်းခံမယ်။ ဥပမာ သဲအိတ်လိုလား၊ ဆေးဝါးလား၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့်ပေါ့။ တိုက်ရိုက်သက်ဆိုင်တဲ့ အနီးဆုံးဌာန အမှုထမ်းတွေကို ဆက်သွယ် အကြောင်းကြား ဆောင်ရွက်ပေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ခရီးသွားလာရာမှာ ဘယ်လမ်းတွေကို ရှောင်ပြီး ဘယ်လမ်းတွေကနေ သွားရမယ်ဆိုတာကို သိဖို့ ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်တယ်။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်နိုင်ပါတယ်။”
၂ လကြာ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀၇ ဦး သေဆုံးခဲ့ပြီး ဘန်ကောက် အထက်က နခွန်စ၀မ် အယုဒ္ဓယနဲ့ ပထုံဌာနီ စတဲ့ခရိုင်တို့မှာ အိမ်ခြေ ၃ သန်းနီးပါး ရေမြုပ်ပြီး လူဦးရေ ၈ သန်းခွဲကျော် ဒုက္ခရောက်နေပါတယ်။
ပထုံဌာနီခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဘန်ကောက်အနောက်ဘက်က ရပ်ကွက်ဇုန် ၁၅ ခုကို ရေမလွှမ်းနိုင်ဘူးလို့  ထိုင်းအစိုးရက ကြေညာထားပေမယ့် ဘန်ကောက်မြို့တော်ဝန်နဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ကတော့ အစိုးရက ရေမလွှမ်းဘူးလို့ ကြေညာခဲ့တဲ့ ခရိုင်တွေမှာ ရေလွှမ်းသွားတာကြောင့် ခုကြေညာချက်ကို ရာနှုန်းပြည့် စိတ်မချဘူးသေးဘူးလို့ မီဒီယာတွေကို ပြောပါတယ်။

Tuesday, October 18, 2011

ရေဘေးအလှူ ၊ စွမ်းတဲ့လူ

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကြီး M.S.M.O နှင့်မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) တို့ပူးပေါင်း၍ ထိုင်းနိုင်ငံ၌ ရေဘေးဒုက္ခ
ကျရောက်နေကြသည့် မြန်မာလူမျိုးများ ထိုင်းဒေသခံလူမျိုးများရေဘေးဒုက္ခခံစားနေတာကို ကမ္ဘာကအသိပါပဲ။
ဒီကိစ္စကိုပြေလည်စေရန် လူသားချင်းစာနာထောက်ထားသည့် စိတ်ဓါတ်ကိုအခြေခံ၍ ဗုဒ္ဓဘာသာလူမျိုးများ
ဖြစ်သည်နှင့်အညီ ဒုက္ခရောက်နေသောသူကို ကူညီဖို့စိတ်ကောင်းနှလုံးကောင်းရှိရမယ်ဆိုတဲ့ဗုဒ္ဓမိန့်မှာသည်နှုင့်အညီထိုင်းနိုင်ငံမဟာချိုင်မြို့နယ် ဘင်ကျပ်ဆပ်ရပ်နေ မြန်မာမိသားစုများ မလင်းကွန်းအလုပ်ရုံမြန်မာအလုပ် သမားများမိသားစုတို့သည်။18,10,2011နံနက် (၉)နာရီအချိန်မှာ ကျောင်းသားရဟန်တော်များကိုပင့်ဖိတ်၍ရေဘေးဒုက္ခကျရောက်သူများအတွက်
ဆွမ်းလောင်းပွဲ့ကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပပေးနိုင်ခဲ့တာကလဲ  မြန်မာလူမျိုးများရဲ့စေတနာအရင်းခံနေတာကြောင့်ပါပဲ။ မိမိတို့တတ်နိုင်သလောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)အဖွဲ့လူကြီးများနဲ့ သံဃာနှင့်လူ ၊ အုပ်ချုပ်သူ ၊
ကြည်ဖြူညီညွတ်မှ၊ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အဖွဲ့စည်းလူကြီးများကလဲ မိမိတို့အလှူရှင်များနဲ့လက်တွဲညီညီ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ကြီး M.S.M.O ကျောင်းသားရဟန်းတော်များနှင့်လက်တွဲညီညီ ဒီလိုရေဘေးဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးများ
ထိုင်းလူမျိုးများကိုစေတနာဟန်ချက်ညီညီလုပ်ဆောင်နေတာကိုတွေ့ရတော့အထူးပဲကြည်နူးစရာကောင်းလာပါတယ်
ဒီဆွမ်းဆန်စိမ်းလာင်းလှူပွဲကြီးမှာရရှိသောပစ္စည်းဝတ္ထုများကို ထိုင်းနိုင်ငံအစိုးရနှင့်ပူပေါင်းပြီ ကူညီဆောင်ရွက်သွားမည်ဆိုတာတင်ပြရင်း၎င်းကုသိုလ်ပွဲကြီးရဲ့အဖို့ဘာဂကို၃၁ဘုံသားအားလုံး နတ်လူသာဓုခေါ်နိုင်ကြစေသော သာဓုသာဓုသာဓု.............
M.S.M.O မြန်မာကျောင်းသားရဟန်းတော်များ
စာရင်းစစ်ဆရာတော်
အတွင်းရေးမှုးဆရာတော်
ပြန်ကြားရေးဆရာတော်
M.S.M.O ဥက္ကဋ္ဌဆရာတော်


Myanmar Student Monks Organization in Thailand. Powered by Blogger.