Thursday, October 13, 2011

ရေဘေးဒုက္ခအထူးသတင်း

ထိုင်းနိုင်ငံရှိနေရာဒေသအသီးသီးတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သားများနှင့် ဒေသခံထိုင်းလူမျိုးများသည် ယခုအခါတွင် ရေဘေးဒုက္ခနှင့်တွေ့ကြုံနေကြရပါသည်။လာရောက်အကူအညီပေးသော အဖွဲ့အစည်းများမှ တချို့ဒေသများတွင် ထိုင်းလူမျိုးများအားထောက်ပံ့ပြီး မြန်မာပြည်သားများအားထောက်ပံ့မှု မရှိသည်ကိုကြားသိရပါသည်။မြန်မာပြည်သားတို့၏ လိုအပ်နေသော အကူအညီကို မြန်မာပြည်သားတို့မှ မကူညီလျှင် မည်သူတွေကလာရောက်ကူညီမည်နည်း…….ကြားသိရသောသတင်းများအရ လျှပ်စစ်မီးဖြတ်တောက်ထားသဖြင့် ဖယောင်းတိုင်ဖြင့် မီးထွန်းနေရခြင်း ဆန်မရှိသဖြင့် မားမားခေါက်ဆွဲခြောက်များသာ စားနေရခြင်း ရေကြီးသော်လည်းသောက်စရာ ရေမရှိ၊ နီးစပ်ရာဘုန်းကြီးကျောင်းများတွင် မှီခိုနေရခြင်း အစရှိသော အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဤသို့ ဘေးဒုက္ခဆိုးနှင့် ကြုံတွေ့နေရသော မြန်မာပြည်သားတို့၏ အခက်အခဲကို တတ်နိုင်သလောက်ကူညီ ထောက်ပံ့ပေးရန်အတွက်M.S.M.O အသင်းကြီး၏ကိုယ်စား  ဥက္ကဌ ဆရာတော် အတွင်းရေးမှုးဆရာတော် စာရင်းစစ်ဆရာတော် တို့မှ(၁၂-၁၀-၂၀၁၁) နေ့တွင် မဟာချိုင်မြို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအခွင့်အရေးကွန်ယက်( MWRN) အဖွဲ့နှင့် ပူပေါင်း၍ ရေဘေးကူညီထောက်ပံ့ရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ မြန်မာကျောင်းသားရဟန်းတော်များမှ( ၁၈-၁၀-၂၀၁၁)နေ့နှင့် (၂၃-၁၀-၂၀၁၁) နေ့များတွင် မဟာချိုင်မြို့တွင် ၁။မူစီ ၂။အောတော ၃။ထိုင်းယူနစ် ၄။ဘန်းကျက်စက် ၅။ဝေလ ၆။ဝပ်ကေတုန် ၇။ကော့စမွတ် အစရှိသောဒေသအသီးသီးသို့ ဆွမ်းဆန်စိမ်း ကြွရောက်အလှူုခံပြီး ရရှိလာသော ပစ္စည်းဝတ္ထုတို့ကို အယုဒ္ဓယဒေသတွင် ရေဘေးဒုက္ခတွေ့ကြုံနေရ သော မြန်မာပြည်သားတို့အား သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်ဘုရား။သို့ဖြစ်ပါသော ကြောင့် ၄င်းနေ့များတွင် မြန်မာကျောင်းသားရဟန်းတော်များမှ ကြွရောက်ချီးမြောက်တော်မူကြပါရန် ခြေတော်ဦးခိုက်ရိုသေစွာ ပန်ကြားလျှောက်ထားအပ်ပါသည်ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.