Sunday, October 16, 2011

ဆရာတော် ဦးတေဇောဘာသ(M.A) နှင့် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒ ရေဘေးအလှူ


ထိုင်းနိုင်ငံရှိနေရာဒေသအသီးသီးတွင်ရေဘေးဒုက္ခတွေ့ကြုံနေရသောမြန်မာပြည်သားများအားကူညီထောက်ပံ့ရန်အတွက် မြန်မာကျောင်းသားရဟန်းတော်မျာအဖွဲ့သို့ ၀ပ်ထမကိုင်ကျောင်းတွင် သီတင်းသုံးနေသောဆရာတော် ဦးတေဇောဘာသ(M.A) မှအလှူတော်ငွေဘတ်(၃၀၀၀၀ိ)ကို မဟာချိုင်ဝပ်ဟုန်ကျောင်းတွင် တရားပွဲကျင်းပပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)မှတဆင့်ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှနာမည်ကြီးဓမ္မကထိကအကျော် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒမှ အလှူတော်ငွေ (၁၂၀၀၀ိ)နှင့် ၀တ္ထုပစ္စည်းများကို ရေဘေးဒုက္ခသည်များကိုကူညီကယ်ဆယ်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ အထက်ပါပစ္စည်းဝတ္ထုတို့ကိုအယုဒ္ဓယ ရေဘေးဒုက္ခသည်များအား သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.