Monday, October 10, 2011

M.S.M.O ၏ကမ်းလှမ်းမည့်လက်များ

ထိုင်းနိုင်ငံတွင် ရေဘေးဆိုက်ရောက်နေသည် ဆိုသောသတင်းကိုလူတိုင်းနိုင်ငံတိုင်းသိသည်မဟုတ်ပါလော ? ထိုင်းနိုင်ငံအတွင်းရှိ
အယုဒ္ဓယ ဒေသကြီးတွင်ရေဘေးဒုက္ခအကြီးအကျယ်ရောက်ရှိနေတာကို ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား
ရဟန်းတော်များအဖွဲ့ကြီးမှ မဟာချိုင် ဝေလ ဆွမ်းဆန်စိမ်းလောင်းလှုပွဲမှ လှူဒါန်းထားသော ပစ္စည်းဝတ္ထုများကိုကျောင်းသားရဟန်းတော်များကမိမိတို့အတွက်မယူကြပဲ အယုဒ္ဓယ ဒေသကြီးမှာရှိသည့်  မြန်မာပြည်သူပြည်သားများ ဒေသခံထိုင်း လူမျိုးများ ရေဘေးကျရောက်နေသည့်ဒုက္ခသည်များကို  မိမိတို့ရရှိထားသော ပစ္စည်းဝတ္ထုများဖြင့်ပြန်လည်၍
ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များသည်၊ ပညာရေးတွင်သာမကမိမိတို့နိုင်တဲ့ဘက်မှ လူမှုရေး အခန်းကဏ္ဍကိုပါ M.S.M.O အသင်းကြီးနဲ့အတူလက်တွဲညီညီလုပ်ဆောင်နေတာကို  ဤကဲ့သိုတွေ့ရမြင်ရတော့  ရေဘေးဒုက္ခရောက်ရှိနေသူများကို အခုလိုကူညီမဲ့အဖွဲ့စည်းတွေအများအပြားပေါ်ပေါက်လာပါစေလို့ဆုတောင်းရင်း ပစ္စည်းလှူဒါန်းရန် စိတ်အားထက်သန်စွာ လုပ်အားပေးနေသောကျောင်းသားရဟန်းတော်များ၏ပုံရိပ်များနှင့်M.S.M.Oအသင်းကြီး၏ လူမှုရေးအခန်းကဏ္ဍကိုပါ တင်ပြလိုက်ပါသည်။
ကျောင်းသားများစေတနားများစွာဖြင့် တွေ့ရပုံ
ဤသို့တွေရပုံ
အဆင်သင့်ဖြစ်နေသောပစ္စည်းများ

ကျောင်းသားရဟန်းတော်များ၏ကုသိုလ်ယူနေစဉ်
ပစ္စည်းများနှင့်ကျောင်းသားရဟန်းတော်များ
ကားပေါ်သို့တင်နေကြစဉ်

အဆင်သင့်ဖြစ်နေသောပစ္စည်းများ

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.