Wednesday, November 9, 2011

ပညာရေးအလှူ စွမ်းတဲ့လူ
      ပညာဖြစ်ပုံ ၊ နည်းမျိုးစုံ ၊ ကုန်အောင် ၊ ဘယ်သို့ ဖြည့်သနည်း။
တတ်အောင်လည်းသင် ၊ တတ်ပြီးလျှင်လည်း ၊ ပင်ကိုယ်ဥာဏ်ဖြင့် ၊ ထပ်ကာဆင့်၍ ၊ အသင့်ပွားတိုး ၊ များအကျိုးသည်ပိုးဆောင်၍ ၊ ဖြည့်သတည်း။
ဟူသော  အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီး၏
ဗုဒ္ဓဝင်အမေး အဖြေ စာအုပ်ထဲမှာ မှတ်သားဖူးပါတယ်။ ပြောချင်တာက ပညာတတ်အောင်သင်ရတဲ့
နေရာမှာ ရဟန်းတော်ဆိုရင်လဲငွေကြေးရှိမှ လိုရာပန်းတိုင်ကိုတက်လှမ်းနိုင်တာပါ ။ဒီအတွက် အလှူရှင်ဒကာမကြီး ဒေါ်ထွေးအေးကဖြည့်ဆည်းပေးလိုက်ပါပြီ။
တတ်တဲ့ပညာရပ်တွေနှင့် ဘာသာရေး သာသနာရေးတွေပြန့်ပွားအောင် ဥာဏ်မျက်စိတွေနဲ့ပါ ဘက်စုံရှုထောင့်ကနေ ထပ်ကာဆင့်ဆင့် သာသနာတော်ကို
စည်ပင်အောင် သာသနာပြုရတာကလဲ ဗုဒ္ဓ ဘာသာဝင်တိုင်းအသိပါပဲ။ အခုဆိုရင် ဒကာမကြီးဒေါ်ထွေးအေး (ဆူကူဝိတ်) ဟာ သာသနာတော်ပြန့်ပွားအောင်
မိမိတတ်နိုင်သည့်ငွေပဒေသာကို သာသနာပြုလိုက်တယ်ဆိုရင်လဲမှားမယ်မထင်ပါဘူး။
ယ္ခုအလှူရှင်ဒေါ်ထွေးအေးလှူလိုက်တာကလည်း  မြို့နယ် ရပ်ရွာ ဒေသတိုင်းမှာ ဒီလှူလိုက်တဲ့ငွေပဒေသာဖြင့် ပညာတွေတတ်အောင်သင်ကာ သာသနာပြု ကြမယ့်ရဟန်းတော်တွေ လို့အလှူရှင်စိတ်ထဲမှာကိန်းအောင်းနေလို့လဲ ဒီငွေ (11000) ဘတ်ငွေကို
ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအတွက်( ၆.၁၁.၂၀၁၁ )ခုနှစ်တနင်္ဂနွေနေ့၌  M.S.M.O ကျောင်းသားများကိုယ်စား အရှင်သြသဓ (BA) ပထမနှစ် ထံသို့
ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အရှင်သြသဓမှ တဆင့် M.S.M.O ၏ ပြန်ကြားရေးဆရာတော် ဦးပညာစာရထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်ကိုတင်ပြရင်း.......
၎င်းကုသိုလ်ထူးကို ၃၁ ဘုံသားအားလုံး သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေသောဝ်...........။
(၁၁၀၀၀)ဘတ်ငွေကိုပညာရေးအတွက်လှူဒါန်းနေသော ဒကာမကြီးဒေါ်ထွေးအေး (ဆူကူဝိတ်)

(၁၁၀၀၀)ဘတ်ငွေကိုပညာရေးအတွက်လှူဒါန်းနေသော ဒကာမကြီးဒေါ်ထွေးအေး (ဆူကူဝိတ်)


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.