Wednesday, November 9, 2011

              အသိပေးကြေညာချက်အထူးသတင်း
ထိုင်းနိုင်ငံနေရာအသီးသီးတွင် နေထိုင်နေကြသည့် ရဟန်းတော်များနဲ့ ကျောင်းသားရဟန်းတော်များ ဒကာ
ဒကာမများသိကြစေရန် ထိုင်းနိုင်ငံရောက် ရဟန်းတော်များ လူပုဂ္ဂုလ်များ ယ္ခုအချိန်မှာရေဘေးသင့်နေတာ
တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးအသိပါပဲ အခုတင်ပြရမည်အကြောင့်ကတော့ မဟာချိုင်မြို့နယ်မှာ မြန်မာပြည်သား
အများဆုံးနေထိုင်သည့်ဒေသဆိုတာလဲ မြန်မာပြည်သားမှန်ရင်အသိပဲမဟုတ်ပါလော........
အခုကြားသိနေရသည်မှာ မဟာချိုင်မြို့နယ်တွေမှာ ရေဘေးသင့်နေသော ရဟန်းတော်များ 
ကျောင်းသားရဟန်းတော်များအတွက် အလှုခံနေတယ်ဆိုတာ သတင်းတွေပြန့်ပွားနေပါတယ် ဒီသတင်းတွေဟာအလှူခံပုဂ္ဂုလ်တွေရှိနေလို့လည်းဒီလိုသတင်းတွေထွက်ပေါ်နေတယ်ဆိုတာ သေချာနေပါတယ်
အကယ်၍သာ ဒီလုပ်ရပ်တွေမှန်နေတယ်ဆိုရင် ရဟန်းတော်တွေကလုပ်ခဲ့ရင်လဲမကောင်းပါဘူး...
ဒကာ ဒကာမတွေဘက်ကလုပ်ခဲ့ရင်လဲမကောင်းပါဘူး တကယ်လို့အလှူခံခိုင်းတဲ့ ပုဂ္ဂိုလ်ရှိခဲ့ရင်လည်း
ကိုယ်အလှူခံပေးတဲ့ ရဟန်းတော်ဘွဲ့အမည်ကို ထုပ်ဖော်ပြီးမှ အလှူခံပေးသင့်ပါတယ်သံဃာတော်တွေအားလုံးကျောင်းသားရဟန်းတော်တွေအားလုံးကို
အလွဲသုံးစားမလုပ်သင့်ပါဘူး ဘာသာရေးအရ သာသနာရေးအရပါ မကောင်းပါဘူး
 တကယ်လို့အဲဒီလိုလုပ်ရပ်တွေရှိလာရင်လည်း အလှူခံတဲ့သူကိုသေချာမေးပြီး အကြောင်းကြားနိုင်သည့်ဖုန်းနံပတ်များကို အမြန်ဆုံးအကြောင်းကြားပေးကြပါရန် အထူးတင်ပြလိုက်ရပါတယ်၊
M.S.M.O ကျောင်းသား ဥက္ကဋ္ဌဆရာတော်ဦးဣန္ဒောဘာသ ဖုန်း 0875009576 အတွင်းရေးမှုးဆရာတော်
ဦးသြဘာသ ဖုန်း 0827658279  ပြန်ကြားရေးဆရာတော် ဦးပညာစာရ ဖုန်း 0824465482 ၄င်းဖုန်းများအမြန်ဆုံးဆက်သွယ်ပေးကြပါရန်အထူးပဲတင်ပြပေးလိုက်ရပါသည်........။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.