Thursday, November 3, 2011

ဝပ်တလုံးကျောင်းတိုက်ကြီး၏ရေဘေးသတင်း



ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များသည်  ထိုင်းနိုင်ငံ ဘန်ကောက်ရွှေမြို့တော်ရှိ အလှဖုံးသည့် ဝပ်တလုံးကျောင်းဆိုသည်ကား ထိုင်းနိုင်ငံတက္ကသိုလ်အသီးသီးဝယ် ပညာသင်ယူနေကြသည့် မြန်မာရဟန်းတော်အများဆုံး ပညာရေးအတွက် မှီခိုအားထားရဆုံးကျောင်းတိုက်ကြီး တစ်ခုဖြစ်ပါသည်။  သံဃာတော်အသိုင်းအဝိုင်းသာမက လူ့အသိုင်းဝိုင်းမှာပါ အသိအများဆုံးနေရာကြီးတစ်ခုဖြစ်ကြောင်းကိုလည်း ငြင်းစရာမလိုပေ။ ယ္ခုလက်ရှိအချိန်၌ကား တက္ကသိုလ်အသီးသီးဝယ် တက်ရောက်ပညာသင်ယူနေကြသော စာသင်သားရဟန်းတော်များအပါအဝင် သာသနာပြုမြန်မာနိုင်ငံသားရဟန်းသံဃာတော်ပေါင်း ၁၁၇ပါးတို့သည် ထိုဝပ်တလုံးကျောင်းတိုက်ကြီးတွင် နေရေးစုတ်လှသော ရေဘေးဒုက္ခနှင့် ကြုံတွေ့နေကြပါသည်။ ယခုအခါ ဘန်ကောက်မြို့တော် ဖလန်းစောင်ရှိ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (M.S.M.O)ကြီး၏ ရုံးခန်းတွင် ယာယီသီတင်းသုံးဖို့အတွက်  (M.S.M.O)အဖွဲ့၏ ဥက္ကဋ္ဌဆရာတော် ဦးဣန္ဒောဘာသအရှင်သူမြတ်အထံတွင် ခွင့်ပန်၍ ရွှေ့ပြောင်းနေရာချထားရပါသည်။ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (M.W.R.N)အဖွဲ့ကြီးမှလည်း ယနေ့ နိုဝင်ဘာလ ၃-ရက် ကြာသပတေးနေ့တွင် အဆိုပါဝပ်တလုံးကျောင်းတိုက်ကြီးသို့ သွားရောက်ကူညီပေး၍ မြန်မာသံဃာတော်အရှင်သူမြတ်များကို မဟာချိုင်မြို့ရှိ (M.W.R.N)အဖွဲ့ရုံးခန်းသို့ ပင့်ဆောင်သွားကြပါသည်ထို့်နောက် (M.S.M.O)အဖွဲ့ပြန်ကြားရေးဆရာတော်ဦးပညာစာရမှ ဝပ်တလုံးကျောင်းတိုက်အကျိုးတော်ဆောင်မြန်မာဆရာတော်များကို နိုဝင်ဘာလ ၆-ရက် တနင်္ဂနွေနေ့ဝယ် ကျင်းပပြုလုပ်မည့် ဝပ်တလုံးကျောင်းတိုက်ကထိန်ပွဲကိစ္စအကြောင်း မေးမြန်းရာ (M.S.M.O)အဖွဲ့၏ ဥက္ကဋ္ဌဆရာတော် အရှင်သူမြတ်အထံတွင် တဖန်ခွင့်ပန်၍ ဝပ်တလုံးကျောင်းတိုက်ကထိန်ပွဲကို ထိုဘန်ကောက်မြို့တော် ဖလန်းစောင်ရှိ (M.S.M.O)ကြီး၏ရုံးခန်း၌ စည်ကားသိုက်မြိုက်စွာ ပြောင်းရွှေ့ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ဝပ်တလုံးကျောင်းတိုက်အကျိုးတော်ဆောင်မြန်မာဆရာတော်များက ပြန်လည်ဖြေကြားပေးတော်မူခဲ့ကြပါသည်။





No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.