Monday, November 7, 2011

 လာဘ်ကိုမမက်တရားဖက်
လာဘ်ရကြောင်းအကျင့်ဟာ
နိဗ္ဗာန်ရောက်ကြောင်း အကျင့်နဲ့
တခြားစီဖြစ်သလို
နိဗ္ဗာန်ရောက်ကြောင်းအကျင့်ဟာလည်း
လာဘ်ရကြောင်းအကျင့်နဲ့
တခြားစီဖြစ်ပါတယ်
ဘုရားစကား နားထာင်သူ
ဘုရားတပည့်အစစ်
ရဟန်းကောင်းမှန်ရင်
အဲဒီလိုအကျင့်နှစ်မျိုးရဲ့
သီးခြာစီ မတူညီကြပုံကို
ကွဲကွဲ ပြားပြား ခွဲခြားသိပြီးတော့
လာဘ် လာဘ ပူဇော်သက္ကာရတွေကို
မနှစ်သက် မတောင့်တသင့်ပါဘူး
ဆိတ်ငြိမ်ရာမှာနေ စိတ်ငြိမ်အောင်လုပ်ပြီး
ရုပ်နာမ်ငြိမ်းရာ ရောက်ဖို့ပဲ
ကြိုးစားအားထုတ်သင့်ပါတယ်...........။
          မှတ်ချက် ။     ။ ဆရာတော်အရှင်ဆန္ဒာဓိကရေးသားသော စိတ်အားဖြည့် ဓမ္မပဒ စာအုပ်မှကူးယူ
ဖော်ပြပေးလိုက်ရပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.