Monday, November 21, 2011

                       ရုံးထိုင်ကွန်ပျူတာတလုံးဝယ်ယူပြီးစီးကြောင်း
ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ M.S.M.O ၏ ကျောင်းသားရုံးခန်းကြီးတွင် ရုံးထိုင်ဆရာတော်များအတွက် ကွန်ပျုတာတလုံးကို အတွင်းရေးမှုးဆရာတော် ဦးသြဘာသ၊ကပ္ပိယမောင်ရာဇာ၊မောင်ထွေးတို့နှင့်အတူ(20-11-2011) ခုနှစ် တနင်္ဂနွေနေ့တွင် Pantip plaza သို့သွားရောက်ဝယ်ယူခဲ့ပါသည်။ ၄င်းဝယ်ယူလာသော ကွန်ပျူတာအသစ်မှာ သင်တန်းသားများအတွက်မဟုတ်
ကျောင်းသားရုံးခန်း အလှည့်ကျဆရာတော်များရုံးခန်းတွင်အသုံးပြုရန်အတွက် ရည်ရွယ်၍ဝယ်ယူခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌဆရာတော် ဦးဣန္ဒောဘာသ၊ အတွင်းရေးမှုးဆရာတော် ဦးသြဘာသတို့မှ ပြန်ကြားရေးသို့ပြောကြားခဲ့ပါသည်။ M,S,M,O,ရုံးခန်းကြီးတွင် ယခင်ကော်မတီဟောင်းလက်ထက်၌ သင်တန်းသားများအတွက် ကွန်ပျူတာ(5)လုံးရှိခဲ့ပြီး၊ လက်ရှိကော်မတီသစ်လက်ထက်တွင်သင်တန်းသားများအတွက် ကွန်ပျူတာအလုံးရေ(၁၀)လုံးနှင့် ရုံးထိုင်ဆရာတော်များအသုံးပြုရန်အတွက် Samsumg အမှတ်တံဆိပ်Desktopကွန်ပျူတာတလုံး  ၀ယ်ယူခဲ့ပါသည်။ ရုံးထိုင်ကွန်ပျူတာဝယ်ယူရန် ယခင်ကတည်းကအစီစဉ်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အထမြောက်အောင်မြင်ခြင်းမရှိပေ။ ယခုအခါ M,S,M,O သင်တန်းကျောင်းတွင်သင်တန်းသား/သူများအတွက်ကွန်ပျူတာ(15)လုံးနှင့် ရုံးထိုင်ဆရာတော်များအသုံးပြုရန်ကွန်ပျူတာ(1)လုံးစုစုပေါင်း (16)လုံးရှိပြီဖြစ်ကြောင်းတင်ပြရင်း..........  အောက်တွင်ဝယ်ယူလာသော ကွန်ပျူတာအမျိုးအစားကို ပုံနှင့်တကွ ဖော်ပြလိုက်ပါသည်။


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.