Monday, November 14, 2011
ထိုင်းနိုင်ငံဘန်ကောက်မြို့မြန်မာသံဃာတော်အများစုသီတင်းသုံးရာဝပ်တလုံးကျောင်းတိုက်သို့ရေ များဝင်ရောက်လာသည့်အတွက် သံဃာတော်အချို့သည် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ပိုင် ဖလန်ဆောင်(၆၃)လမ်းရှိ ပညာဒါနစာသင်ကျောင်းသို့ ကြွရောက်သီတင်းသုံးလျှက်ရှိပါသည်။ ယင်းသို့ ခေတ္တသီတင်းသုံးရာတွင်ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် သီတင်းသုံးနေထိုင်နိုင်ရန်အတွက် MSMOအသင်းကြီး၏ဥက္ကဌဆရာတော်အရှင်က္ကုန္ဒောဘာသ၊ အတွင်းရေးမှူးဆရာတော်အရှင်သြဘာသ၊ပညာရေးကော်မတီဆရာတော်ဦးတေဇ၊စကားပြန်အဖြစ်ကိုအောင်သူရှိန်နှင့်
ဇနီး မမိုးကြည် တို့မှမြို့နယ်သံဃနာယကဆရာတော်သီတင်းသုံးရာWat Lao ကျောင်းတိုက်သို့သွားရောက်လျှောက်ထားခဲ့ပါသည်။ ဆရာတော်ကြီးမှ "ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေသည့်ကာလတွင် သီတင်းသုံးနေထိုင်ခွင့်ရှိကြောင်း သို့သော် ပြဿနာမဖြစ်အောင်သီတင်းသုံး နေထိုင်ရန်လိုအပ်ကြောင်း"အစရှိသဖြင့်အနည်းငယ် သြ၀ါဒစကားမြွက်ကြားပြီး မြို့နယ်အတွင်းရေးမှုးဆရာတော်ကိုလည်းသွားရောက်အသိပေးလျှောက်ထားရန်အမိန့်ရှိပါသည်။ ဆရာတော်ထံမှ ပြန်ရောက်ပြီးနောက် နေ့လည်(၂း၀၀)နာရီ ခန့်တွင် အတွင်းရေးမှူးဆရာတော်သီတင်းသုံးရာWat Samedan ကျောင်းတိုက်သို့ သွားရောက်ပြီး ရေဘေးသင့်မြန်မာသံဃာတော်များ သီတင်းသုံးခွင့် လျှောက်ထားခဲ့ပါသည်။ ဆရာတော်မှလည်း ဥက္ကဌဆရာတော်နည်းတူ သြ၀ါဒစကားပြောကြားပြီး ခွင့်ပြုခဲ့ပါသည်။ ၄င်းကိစ္စရပ်များကိုလိုက်လံကာ  အလုပ်ပျက်ခံ၍အကျိုးဆောင်ပေးခဲ့သော ကိုအောင်သူရှိန် နှင့် ဇနီး မမိုးကြည်တို့အား M.S.M.O ကျောင်းသားအဖွဲ့ကြီးမှ အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင်းတင်ပြလိုက်ရပါသည်။
 မြို့နယ်သံဃနာယကဥက္ကဋ္ဌWat Laoဆရာတော်ထံလျှောက်ထားနေစဉ်
No comments:
Post a Comment
Myanmar Student Monks Organization in Thailand. Powered by Blogger.