Thursday, December 22, 2011

              ဗုဒ္ဓမြတ်စွယ်တော်အား ဓာတ်ခွဲကြည့်ခြင်း



ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။

သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........

မှတ်ချက်။ ။ myanmarexpress.net မှ ဖော်ပြပါသည်။    ကုသိုလ်ယူနိုင်ကြပါစေ.......    

Wednesday, December 7, 2011

MCU တက္ကသိုလ်မှသန့်ရှင်းရေးလုပ်အားပေးအကူအညီတောင်း
ထိုင်းနိုင်ငံရှိ Mahachulalongkornrajavidyalaya University တက္ကသိုလ်ကြီးတွင် အဆင်ြ့မင့် ပညာရပ်များကိုသင်ကြားနေသော  တက္ကသိုလ်ကျောင်းသားရဟန်းတော်များကို  ရေကြီးထားသော တက္ကသိုလ်၏နေရာများကို သန့်ရှင်းရေးပြုလုပ်မည်ဖြစ်သည့်အတွက်
မြန်မာကျောင်းသားရဟန်းတော်များကိုလဲ လာရောက်ကူညီပေးပါရန် တက္ကသိုလ်မှ ဖုန်းဆက်ပြီးပြောကြားပါသည်။ ဝပ်တလုံးကျောင်းသို့ကားကြိုလွှတ်မည်ဟု တက္ကသိုလ်က ယနေ့  နေ့လည် (3.30)ခန့်တွင်ဖုန်းဆက်ကာအကူအညီတောင်းပါသည်။(8-12-2011) နေ့နံက်(၆)နာရီခန့်တွင် တက္ကသိုလ်မှဝပ်တလုံးကျောင်းသို့ ကျောင်းကားအကြိုလွှတ်ပါမည်။
ဘန်ကောက်မြို့နှင့်အနီးတ၀ိုက်တွင် နေထိုင်နေသော ကျောင်းသားရဟန်းတော်များအနေဖြင့် လိုက်ပါ၍ သန့်ရှင်းရေးပြုလုပ်ပေးကြပါရန် M,S,M,O အသင်းကြီးမှအသိပေးတင်ပြလိုက်ရပါသည်။

Thursday, December 1, 2011

 Mahachulalongkornrajavidyalaya University နှင့် Mahamakut Buddhist University တက္ကသိုလ်များ၏ အတန်းလိုက်ကျောင်းဖွင့်ရက်
ထိုင်းနိုင်ငံတက္ကသိုလ်အသီးသီးတွင်ပညာသင်ကြားနေကြသော မြန်မာကျောင်းသားရဟန်းတော်များသိစေရန်
ထိုင်းနိုင်ငံရှိတက္ကသိုလ်ကြီးများမှ အတန်းအသီးသီးကို ကျောင်းဖွင့်ရက်ကိုအတိအလင်းကြေငြာလိုက်ပါသည်။
Mahachulalongkornrajavidyalaya University တက္ကသိုလ်ကြီးမှ (M.A)အတန်းကို ဒီဇင်ဘာလ (6,12,2011) နေ့တွင်စတင်ဖွင့်လှစ်ပါမည်။ ။(B.A ) အတန်းကိုတော့ ဒီဇင်ဘာ လ (13,12,2011) နေ့တွင်စတင်ဖွင့်ပါမည်။ Mahamakut Buddhist University တက္ကသိုလ်ကြီး၌ ( B.A ) အတန်းများကို ဒီဇင်ဘာလ ( 9,12,2011 ) နေ့တွင်စတင်ဖွင့်မည်ဟူတက္ကသိုလ်ကြီးများ၏ ခိုင်မာသောသတင်းမှ အဝေးရောက်မြန်မာကျောင်းသားရဟန်းတော်များကိုM,S,M,O အသင်းကြီးမှအသိပေးကြေငြာအပ်ပါသည်။

Myanmar Student Monks Organization in Thailand. Powered by Blogger.