Saturday, December 29, 2012

ဗဟိုကော်မတီမှ လက်ပံတောင်းဒဏ်ရာရသံဃာများအား တွေ့ဆုံအားပေးခြင်း

ဒီနေ့နေ့လည် ၃နာရီခန့်က MSMO(ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့)၏ ကိုယ်စား ကော်မတီအကျိုးဆောင်ဆရာတော်များမှ လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ဆရာတော်များတက်ရောက်နေသော ထိုင်းဘုရင်မဟာမကုတ်စစ် ဆေးရုံသို့ သွားရောက်၍ အားပေးစကားပြောခြင်း၊ ငှက်သိုက်နှင့်ကြက်ပေါင်းရည်ဗူးများ လှူဒါန်းခြင်းများ ပြုခဲ့ပါသည်။ ယခင်ကလဲ ဆရာတော်ဦးဝီရသူထံသို့ အလှူငွေ ၆သိန်းကျပ် လှူဒါန်းပြီး ဖြစ်ပါသည်။

ဆရာတော်များ၏ ကျန်းမာရေးအခြေအနေများ မေးမြန်းကြည့်ရာ...

ကိုရင်သဇ္ဇန၊ သက်တော်- ၁၄၊ မြို့မရွှေဂူကျောင်း၊ မုံရွာ။

ကိုရင်ကတော့ တယောက်ထဲ နေရတဲ့အခါမှာတော့ အားငယ်တယ်၊ ခြေထောက်တွေကလဲ ညောင်းတယ် ကိုက်တယ်၊ ဒဏ်ရာကတော့ မနာဘူး၊ အိပ်လို့တော့ကောင်းပါတယ်လို့ ကိုရင်လေးမှ ပြောကြားပါတယ်။
ကိုရင်လေးကို ပြုစုစောင့်ရှောက်ဘို့အတွက် ဦးတေဇောသာရနှင့် အစိုးရဆရာဝန်ဒေါက်တာအေးမြင့်ထွန်းတို့ လိုက်ပါလာသည်။

ဆရာတော်ဦးတိက္ခ၊ သက်တော် ၆၄၊ ၀ါတော် ၁၂၀ါ။

ဘန်ကောက်မှာ ဆေးကုရတာ တော်တော်အဆင်ပြေပါတယ်၊ ၀မ်းသွားတဲ့အခါမှာတော့ ဒဏ်ရာက တော်တော်နာတယ်၊ အရင်လက်တွေလှုပ်လို့ မရဘူး အခုညာဘက်လက် လှုပ်လို့ရနေပါပြီ၊ အိပ်လို့လဲပျော်ပါတယ်၊ အော်ပရေးရှင်းဝင်တဲ့ အခါမှာတော့ လူသတ်ကွင်းထဲ ရောက်သွားသလိုပါဘဲတဲ့။

ဘန်ကောက်ဆေးရုံမှာ ဆေးကုစရိတ် တရက်ကို ၁၇၀၀၀၀(၁သိန်း ၇သောင်း)ဘတ်ကုန်ပါတယ်။ ၁၂ရက်ခန့် ဘန်ကောက်ဆေးရုံမှာ ကုသစရိတ်က ဘတ် ၇ သန်းခန့် ကုန်ပါတယ်ဆိုတဲ့အကြောင်း၊ ၎င်းကုန်ကျငွေများကို သမ္မတအစိုးရမှ ရှင်းပေးပါတယ်။ ယခုအခါမှာတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ထိုင်းဘုရင်စစ်ဆေးရုံသို့ ဒီဇင်ဘာ ၂၅ရက်နေ့က ပြောင်းရွှေ့ ကုသနေပါတယ်။

ယခုကုသနေသော ထိုင်းဘုရင်စစ်ဆေးရုံမှ ၅ရက်စာအတွက် ဆေးကုသစရိတ် ၃သောင်း ၅ထောင်ဘတ် ကုန်ပါတယ်။ ဆရာတော်က မိမိရဲ့ခံစားချက်များမိန့်ကြားရာမှာတော့ တပည့်တော်မှာ ဘာစိတ်မှလဲ မထားပါဘူး၊ ဘယ်လို့မှလဲ မအောင့်မေ့ပါဘူး၊အနစ်နာခံတာလဲ မဟုတ်ပါဘူး။ လုပ်စရာရှိတာကို လုပ်သင့်တယ်လို့ ယူဆထားလို့ လုပ်လိုက်တာပါ၊ တပည့်တော်က ဗောဓိဆု ပန်ထားတော့ ဒီလိုကိစ္စမျိုးမှ ၀င်ပါ မဆောင်ရွက်ရင် ငါ ဗောဓိဆုနဲ့ မထိုက်တန်ဘူးဟု မိမိရဲ့ခံစားချက်များကို ရင်ဖွင့်ပါသည်။

ဆရာတော်များ၏ လိုအပ်ချက်အချို့ကို မိမိတို့မြန်မာကျောင်းသားရဟန်းတော်များမှလဲ တတ်စွမ်းသည့်ဘက်မှ အားပေးကူညီပေးသွားပါမည်ဆိုတဲ့အကြောင်း အားပေးစကားများပြောပြီး ပြန်လာခဲ့ကြပါသည်။  (29,12,2012)








By:  ပြန့်ကြားရေး

Friday, December 28, 2012

လက်ပံတောင်းတောင်မီးဘေးသင့် သံဃာတော်များအား MSMO မှ အလှူငွေပေးအပ်ခြင်း


လက်ပံတောင်းတောင် မီးဘေးသင့် သံဃာတော်များအတွက် ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များ( M.S.M.O ) အဖွဲ့မှ စုပေါင်း အလှူ ငွေကောက်ခံရရှိငွေ ဘတ် ၁၀၆၁၀ နှင့် MSMO အဖွဲ့မှ ဘတ် ၁၁၈၉၀ မြန်မာငွေ (၆ ) သိန်း ကျပ် ခြောက်သိန်းကျပ်တိတိ ကို မန္တလေးမြို့ ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီရသူ မှ တဆင့် လှူဒါန်းခဲ့ပါသည်။

                                                                                           15.12.2012

Friday, December 14, 2012

Ambition, Ethic and Responsibility


အစည်းအဝေး ပင့်လျောက်ခြင်း

M.S.M.O ဗဟိုကော်မတီဝင် ဆရာတော်အရှင်သူမြတ်တို့ဘုရား
သီတဂူဆရာတော် ဦးညာဏိဿရ အား Jan,5,12 တွင် သွားရောက်ဖူးမျှော်ခြင်း။ ဥက္ကဋ္ဌဆရာတော်၏ နှုတ်ထွက်စာအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ လက်ကျန် ဘဏ္ဍာရေးစာရင်းများ ရှင်းလင်းတင်ပြခြင်း နှင့် သံဃာစာရင်းများ အတည်ပြုခြင်း တို့ကို အစည်းအဝေးပြုလုပ်၍ တိုင်ပင်ဆွေးနွေးကြမည် ဖြစ်သဖြင့် ကြွရောက်တော်မူကြပါရန် ရိုသေစွာပင့်လျောက်ထားအပ်ပါသည်ဘုရား။
ပြန်ကြားရေး

နေရာ = ဝတ်တလုံး
အချိန် = ည ဂ နာရီ
နေ့     = 28,12,12

Saturday, December 8, 2012

ပညာသင်စရိတ် ထောက်ပံ့ခြင်း

ထိုင်းနိုင်ငံ၊ တလကုန်း၊ သဟပုညကာရီအသင်းမိသားစုမှ လစဉ် ၁၄ ကြိမ်မြောက်၊ ၁နှစ်ပြည့် အနေဖြင့်ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ငွေ ၆၅၀၀ ဘတ်ကို ဘဏ္ဍာရေး(၂)ဦးပုညသေဋ္ဌအား လာရောက်အပ်နှံသွားကြောင်း သိရှိရပါသည်။

ပညာဥာဏ်ကြီးပွားစေရန်အလို့ငှာ၎င်း၊ သံသရာခရီးလမ်း လျှောက်လှမ်းရာ၌ မပင်မပန်း လျှောက်လှမ်း ဖြတ်သန်းနိုင်ရန်၎င်း၊ နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းအပ်သော ကုသိုလ်အစုစုကို နတ်လူ သာဓု ခေါ်စေသောဝ်။


Posted by: ပြန့်ကြားရေး

Friday, December 7, 2012

MSMO အသင်းအား ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း

၈၊၁၂၊ ၂၀၁၂ခု စနေနေ့တွင်  ထိုင်းနိုင်ငံရောက်မြန်မာကျောင်
းသားရဟန်းတော်များအတွက် ပညာသင်စရိတ်အလို့ငှါ 
 လကပန်  ချာလောင်ကုန်း ဆွယ်(၃၃) ဆွယ်လုနဖာ စက်ရုံမြန်မာအလုပ်သမားမိသားစု
များက စုပေါင်းကာ  ဘဏ္ဍာရေးမှူး(၂) ဦးပုညသေဋ္ဌအား 7000ဘတ်ကို လာရောက်လှူဒါန်းခဲ့ပါကြောင်း သိရပါသည်။

ပညာဥာဏ်ကြီးပွားစေရန်အလို့ငှာ၎င်း၊ သံသရာခရီးလမ်း လျှောက်လှမ်းရာ၌ မပင်မပန်း လျှောက်လှမ်း ဖြတ်သန်းနိုင်ရန်၎င်း၊ နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းအပ်သော ကုသိုလ်အစုစုကို နတ်လူ သာဓု ခေါ်စေသောဝ်။


Posted by: ပြန့်ကြားရေး


Saturday, December 1, 2012

MSMO အသင်း၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲ

MSMO ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ၆-လပတ် အစည်းအဝေးနှင့် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းပွဲကို 1, 12, 2012နေ့၌ ၀ပ်တလုံးကျောင်းတိုက်မှာ စည်းကားစွာကျင်းပခဲ့ကြပါသည်။ ယခုနှစ်၌ ကျောင်းသားရဟန်းတော် 180 ပါးခန့်အား တပါးလျှင် ဘတ် ၂ထောင် ထောက်ပံ့နိုင်ခြင်း၊ ပညာသင်ရဟန်းတော်များ ယခင်နှစ်များထက် ပို၍များလာခြင်း၊ လှူဒါန်းထောက်ပံ့သည့် အလှူရှင်များလည်း ပို၍များလာခြင်းကြောင့် ဗဟိုကော်မတီ သံဃာတော်များမှ ၀မ်းမြောက်ဝမ်းသာ ပီတီဖြစ်ရပါသည်။

မိမိတို့ဗဟိုကော်မတီ သံဃာများမှလဲ သံဃာ့ဝေယျာဝစ္စကို ဆက်၍တတ်အားသည့်အလျှောက် တာဝန်ပြီးဆုံးချိန်အထိ ကြိုးစား၍ ထမ်းဆောင်သွားပါမည်။ ယနေ့ပြုလုပ်သော အစည်းအဝေးမှာ ကျောင်းသားရဟန်းတော်များ အချင်းချင်း စည်းဝေးကြ၊ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊ အဖြေရှာကြသည်မှာ နောင် MSMOအသင်း၏ ရှေ့အနာဂတ်တိုးတက်ဘို့ များစွာအထောက်အကူ ဖြစ်စေပါသည်။ အချင်းချင်းလဲ စိတ်ထဲမှာ မထားဘဲ ပွင့်ပွင့်လင်းလင်း လျှောက်ထားချက်၊ အကြံပြုချက်များသည် တပည့်တော်တို့၏ ညီတော်နောင်တော်များအသင်းအတွက် ၀မ်းသာစရာကောင်းသော မြင်ကွင်းတခုဖြစ်ပါသည်။

လစ်လပ်သွားသော ဒုတိယဥက္ကဋ္ဌနေရာကိုလဲ ပြန်လည်ရွေးချယ် ပေးကြပါသည်။ ရွေးကောက်ရာ၌ ကျောင်းသားသံဃာအများစု၏ မဲဆန္ဒအတိုင်း ရွေးကောက်တင်မြောက်ခြင်းဖြစ်၍ မျှတသော ရွေးကောက်ပွဲဖြစ်ပါသည်။ ကျောင်းသားကော်မတီဥက္ကဋ္ဌဆရာတော်ဦးတေဇဓမ္မမှ မိမိလက်ထက်၌ ကျောင်းသားများအား ပညာသင်စရိတ်ပိုမိုထောက်ပံ့နိုင်ခြင်းကို ၀မ်းသာကြောင်းနှင့် အခြားသော ကော်မတီဝင်သံဃာများမှလဲ မိမိတို့စွမ်းသလောက် ကြိုးစားဆောင်ရွက်သွားမည်ဟု အသီးသီးလျှောက်ထား ပန်ကြားသည်မှာ အသင်းအတွက် အားတက်ဖွယ်ဖြစ်ပေသည်။ ဆရာတော်ဦးပုညသေဋ္ဌမှလဲ အစည်းအဝေးတက်ရောက်သော ကျောင်းသားရဟန်းတော်များအား Lucky Draw ကံစမ်းပွဲလုပ်၍ နေ့ဆွမ်းလဲဆက်ကပ်ပါသည်။

 ထို့အတူ MSMOအသင်း၏ နောက်တကြိမ် ၆-လပတ် အစည်းအဝေးနှင့်  ပညာသင်စရိတ်ထောက်ပံ့ပွဲကို ၄-လပိုင်း၊ ၂၀၁၃၌ ဆက်၍ပြုလုပ်သွားပါမည်။ ၎င်းအချိန်မှာပင် ဗဟိုကော်မတီအသစ် ရွေးကောက်ပွဲကိုလဲ တပြိုင်တည်းပြုလုပ်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း၍ အသိပေးလျှောက်ထားအပ်ပါသည်ဘုရား။ MSMOကျောင်းသားအသင်းဝင် သံဃာများလဲ နောင်လာမည့်အစည်းအဝေး၌ စုံလင်စွာ ကြွရောက်ပေးနိုင်မည်လို့ မျှော်လင့်ပါသည်ဘုရား။

အခမ်းအနားအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကိုလဲ ဝေေ၀ဆာဆာဖြင့် တင်ပြလိုက်ပါသည်....



Posted by: ပြန့်ကြားရေး








Wednesday, November 28, 2012

MSMO School ကထိန် အလှူငွေ ရှင်းတမ်း

25,11, 2012နေ့၌ ပြုလုပ်ခဲ့သော MSMO မြန်မာကျောင်းသားရုံးခန်း ကထိန်အလှူပွဲကို အောက်ပါကုန်ကျစရိတ် အတိုင်းအတာအတိုင်း ပြုလုပ်ကျင်းပခဲ့ပါသည်။ သုံစွဲပြီး၍ ကျန်ရှိသော အလှူငွေများကို ကျောင်းသားရုံးခန်း ရံပုံငွေအဖြစ် ထိန်းသိမ်းသွားပါမည်။

အလှူငွေများလဲ ယခင်နှစ်များထက် ပို၍ တိုးလာခြင်းကြောင့် ဗဟိုကော်မတီဆရာတော်များမှ ၀မ်းမြောက်ဝမ်းသာရှိပါသည်။ ကျောင်းသားထောက်ပံ့စရိတ်များလည်း ရရှိသော အမောင့်ငွေများပေါ်မူတည်၍ ဆက်ကပ်ထောက်ပံ့သွားပါမည် ဖြစ်ပါကြောင်း လျှောက်ထားအပ်သည်ဘုရား။

 MSMO School  ကထိန် အလှူငွေရှင်းတမ်း

မြန်မာကျောင်းသားရဟန်းတော်များ
အဖွဲ့ ထိုင်းနိုင်ငံ

ကထိန်းသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ၌      စုစုပေါင်းရရှိငွေ ၁၄၂၀၀၀ ဘတ်
ကုန်ကျငွေနှင့် ရရှိငွေပါဘုရား
ကုန်ကျငွေ
ဦးတေဇဓမ္မ မှ                                                   ၂၅၀၀၀
ဝေယျာဝစ္စအတွက်                                            ၁၅၀၀၀
ပင့်သံဃာ ၁၃ပါး                                               ၁၃၅၀၀
အောင်ကိုထွေး မှ စာအိတ်ဖိုးနှင့်အထွေထွေ          ၆၀၀၀
စုစုပေါင်းကုန်ကျငွေ                                          ၅၉၅၀၀

လက်ကျန်ငွေ                                               ၈၂၅၀၀ ဘတ်
အကယ်၍ အသေးစိတ်သိလိုပါက ဆက်သွယ်ရန်=  080 5555 031 (ဘဏ္ဍာရေး ၁)



Posted by: ပြန့်ကြားရေး

အစည်းအဝေး၌ လျှောက်ထားပန်ကြားရမည့် ဆရာတော်များ

1)  ဦးတေဇဓမ္မ (ဥက္ကဋ္ဌ)
၂) ဦးအာစိဏ်ဏ (အတွင်းရေးမှူး ၁)
၃) ဦးသြဘာသ (တွင်း ၂)
၎) ဦးရာဇိန္ဒ (ဘဏ္ဍာရေး ၁)
၅) ဦးအဂ္ဂါစာရ (ပြန့်ကြားရေး ၁)
၆) ဦးဝိယတ္တ (စာရင်းစစ် ၁)
၇) ဦးဝဏ်ဏိတ (အသင်းဝင်ကြီးကြပ်ရေး)
၈) ဦးပုညသေဋ္ဌ (တရားပွဲကော်မတီကိုယ်စား)
၉) ဦးပညာဇောတ (စာအုပ်ဖြစ်မြောက်ရေးကိုယ်စား)
၁၀) ဦးရေ၀တ (ပညာရေးကော်မတီကိုယ်စား)

တို့ဖြစ်ပါသည်။

အထက်ပါဆရာတော်များသည် မိမိတို့လျှောက်ထားတင်ပြလိုသည်များကို ၅ မိနစ်အချိန်သာ ခွင့်ပြုပါသည်ဘုရား။


Posted by: ပြန့်ကြားရေး

ဗဟိုကော်မတီ အစည်းအဝေးမှ ဆွေးနွေးမှုများ

2012, December 1ရက်နေ့၌ ၆လပတ် အစည်းအဝေး လိုအပ်ရာနှင့် ပြုလုပ်ဖွယ်ရာများကို ယနေ့ ၂၈၊၁၁၊ ၂၀၁၂- MSMO School မှာ စည်းဝေးညှိနှိုင်းတိုင်ပင်ခဲ့ပါသည်။

၁။ ကျောင်းသားဘဏ္ဍာငွေမှ5000ဘတ် စိုက်ထုတ်၍ ကြွရောက်ကျောင်းသားသံဃာများအား ဟင်းလျှာအဖြစ်ဆက်ကပ်ခြင်း၊

၂။ MSMO School ၌ အပတ်စဉ် ဝေယျာဝစ္စဆောင်ရွက်သူများအား ချီးမြှောက် ဂုဏ်ပြုသောအားဖြင့် လေ့လာအပန်းဖြေ ခရီးစရိတ် 20000ဘတ်ကို ကျောင်းသားရုံးခန်း ဘဏ္ဍာငွေမှ ထောက်ပံ့စွန့်ကျဲခြင်း၊

၃။ အခမ်းအနား အစီအစဉ်များကို ရေးဆွဲခြင်း။

၎။ ၆လပတ်အစည်းအဝေး၌ ကျောင်းသားများအားကိုယ်စားပြု လျှောက်ထားပန်ကြားရမည့် သံဃာများအား စာရင်းပြုခြင်း...

စသည်တို့ကို ဗဟိုကော်မတီသံဃာများမှ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်ဘုရား။

မှတ်ချက်။ ။ ခရီးထွက်ရာ၌ MSMOဝေယျာဝစ္စအသင်းနှင့် ပါဝင်လိုက်ပါမည့် ဆရာတော်များ 1။ ဦးသြဘာသ(အတွင်းရေးမှူး-၂)၊  2။ ဦးဝိသုဒ္ဓ (ပြန့်ကြားရေး(၃)၊ 3။ ဦးဝဏ်ဏိတ (ကြီးကြပ်ရေး)တို့ဖြစ်ပါသည်။





Posted by: ပြန့်ကြားရေး


Tuesday, November 27, 2012

ပညာရေးရံပုံငွေ ထောက်ပံ့လှူဒါန်းခြင်း

မဟာချိုင်၊ စွယ်-၃၊ ဆန်ရှိလပ်နေ ဦးဘိုဝင်း၊ ဦးထွန်းလင်းဦးတို့မှ ကမကထပြုသော မဟာကရုဏာစာကြည့်တိုက်ကော်မတီမှ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များ ပညာရေးရံပုံငွေအဖြစ်ထောက်ပံ့လှူဒါန်းသော 5000ဘတ်ကို ဘဏ္ဍာရေးမှူး(၂)ဆရာတော် ဦးပုညသေဋ္ဌထံသို့ ပေးအပ်ပြီးဖြစ်ကြောင်း သိရပါသည်။

25,11,2012


Posted by: ပြန့်ကြားရေး

Friday, November 23, 2012

ပညာရေး ရံပုံငွေပေးအပ် လှူဒါန်းခြင်း

မဟာချိုင်၊ မူစီရပ်နေ ဒေါ်မြမြမိုးမှ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအတွက် ပညာရေးရံပုံငွေ 1400ဘတ်ကို ထောက်ပံလှူဒါန်းပါသည်။ ၎င်းငွေကို ဘဏ္ဍာရေးမှူး(၂)ဆရာတော်ဦးပုညသေဋ္ဌမှ လက်ခံထားကြောင်း သိရပါသည်။

23, 11, 2012

Posted by: ပြန့်ကြားရေး

Monday, November 19, 2012

ဓမ္မာစရိယရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...

ဒီမိုကရေစီသာ တကယ်စစ်ရင် သာသနာရွှေခေတ်ဖြစ်လိမ့်မယ်...

(ဦးလေးဘုန်းကြီးလို သင်္ကန်းဝတ်ချင်တဲ့ တူတော်မောင်များသို့
ရဲရဲတောက်တောက်မှာကြားချက်)

နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာမတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...

ဆယ်စုနှစ်များစွာ ပညာအမှောင်ခေတ်မှာ ဘွဲ့ရပညာတတ်ဆိုသူလည်း ဆိုက္ကားနင်း ။ ဓမ္မာစရိယရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...။ ခုတော့ ပညာအလင်းခေတ်ရောက်တော့မယ် တဲ့။ နိုင်ငံ့ထိတ်တန်းပညာရှင်တွေက အနာဂတ်ပညာရေးစီမံကိန်းတွေ ရေးဆွဲနေကြပြီဆိုပဲ..။

ဒီလိုသာဆို ဘွဲ့ရပညာတတ်ဆိုသူတွေက ဖွံ့ဖြိုးလာတဲ့ ရွှေနိုင်ငံကြီးမှာ ဆိုက္ကားနင်းကြရတော့မှာမဟုတ်....။ ဒီတော့ သင်္ကန်းဝတ်ချင်လှချည်ရဲ့ ဆိုပြီး ငယ်ငယ်ရွယ်ရွယ် အတန်းပညာမစို့မပို့နဲ့ သာသနာ့ဘောင်ထဲဝင်လာ၊ နှစ်ရှည်လများ ပိဋကတ်သက်သက်စာတွေ အာပေါက်အောင် အော်ကျက်ခဲ့ရပြီးပါမှ မပျော်လို့ လူထွက်သွားတဲ့ အခါ ငါ့တူတော်မောင်လေးတွေ ဆိုက္ကားနင်းကြရရှာတော့မယ်..။
(တိုင်းပြည်က ဖွံ့ဖြိုးလာလွန်းလို့ ဆိုက္ကားတွေ အသုံးမပြုကြတော့ဘူးဆိုရင်တောင် ငါ့တူတော်မောင် ပိဋကတ်အိုးကွဲလေးတွေ ခပ်နိမ့်နိမ့်ချွေးသံထွက်တဲ့ အလုပ်တစ်ခုခုမှာ မျက်နှာမွဲနေကြမှာတော့ မြင်ယောင်တယ်..။

တကယ်လို့များ
နိုင်ငံ့အနာဂတ်ကို မြော်ခေါ်ကြည့်တဲ့ခေါင်းဆောင်ကြီးတွေက ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက( ၀ိဇ္ဇာသိပ္ဗ တတ်ကောင်းစွတွေ တစ်ခုမှ မပါတဲ့) ပိဋကတ်သက်သက် စာပေလေးလေးကြီးတွေကိုသာ ကျက်အံနေရရှာတဲ့ ကလေးငယ်(ကိုရင်ငယ်)လေးတွေဟာ (သာသနာ့ဝန်းထမ်းသက်သက်မျှမဟုတ် မပျော်လို့ လူထွက်လာတဲ့ခါ မဲပေးခွင့်ရှိတဲ့ ၊ နိုင်ငံဖွံ့ဖြိုးရေးမှာ အသိပညာရှင် အတတ်ပညာရှင်တစ်ယောက်ဖြစ်စကောင်းတဲ့ နိုင်ငံသားလေးတွေပါလားလို့ ) အသိသတိဝင်ပြီး ကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေအတွက်ပါ ပညာရေးစီမံကိန်းတွေ ထည့်သွင်း စဉ်းစား အကောင်ထည်ဖော်ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ သာသနာ့ဘောင်ထဲ ရဲရဲဝင်ခဲ့ကြပေရော..။

ဒီလိုမှ မဟုတ်သေးရင်တော့ တက်လက်စစာသင်ကျောင်းလေးက တက်လက်စ အတန်းထဲမှာပဲ ပညာတွေ သင်ကြပါဦးကွယ်..။ သင်္ကန်းဝတ်ဖို့ စိတ်ထက်သန်လွန်းရင်တောင် စောင့်လိုက်ကြလိုက်ပါဦး..။ သာသနာ့ဘောင်မှာ အသက်နှစ်ဆယ်ရောက်မှ တင်းပြည့်ရဟန်းအဖြစ် လက်ခံပါတယ်ကွယ်..။ လောကီပညာတွေ တတ်ပွန်..။ဝိဇ္ဇာသိပ္ဗံတွေနဲ့ ရင်းနှီးပြီးတဲ့ အခါ ဗုဒ္ဓအဘိဓမ္မာတွေ သင်ရတာ ပိုလွယ်တယ်ဆိုတာ သိလာကြလိမ့်မယ်..။

ဘွဲ့တစ်ခုခုတော့ နိုင်ငံအနာဂတ်အတွက် (မင်းတို့အတွက် မဟုတ်ဘူးလို့ မင်းတို့ ခုချိန်ထင်နေကြသေးရင်တောင်) ရအောင် ယူထားလိုက်ကြပါဦး။ နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာမတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...။

တစ်ချို့က ပြောကြတယ်..။ ဒီမိုကရေစီကြောင့် သာသနာပျောက်သွားနိုင်သတဲ့..။ တကယ်က အဲလို မဟုတ်ဘူး..။ဒီမိုကရေစီကြောင့် ပေါ်ထွန်းလာမယ့် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတာနဲ့ အမျှ သာသနာမှာ မပျော်တဲ့သူတွေ အလွယ်တကူ လူထွက်ကြလိမ့်မယ်။ သာသနာတကယ်ချစ်တဲ့ သဒ္ဓါတရားနဲ့ မွေ့လျော် အကျင့်သီလနဲ့ ပျော်သူတွေသာ ကျန်ခဲ့ပါလိမ့်မယ်..။ ဒီမိုကရေစီကြောင့် လွတ်လပ်လာတဲ့ မီဒီယာက သာသနာ့အမဲစက်တွေကို ပွဲဖျက်ပေးလိမ့်မယ်ကွယ်။။ ဒီမိုကရေစီသာ တကယ်စစ်ရင်သာသနာရွှေခေတ်ဖြစ်လိမ့်မယ်။

တူတော်မောင်တို့
သာသနာ့ဘောင်မှာ လူတိုင်း မပျော်နိုင်တာ ကိုယ်တွေ့မို့ သိသကွဲ့..။ ဥပမာ ငယ်ငယ်က နေခဲ့ဖူးတဲ့ စာသင်တိုက်လေးမှာ စာသင်သားသံဃာ (၆၀)ခန့်မှာ မင်းတို့ ဦးလေးနဲ့ အခြားနှစ်ပါးခန့်သာ ၀ါဝါမြင်ရတော့တယ်..။( မင်းတို့ဦးလေးလည်း ခပ်ယိုင်ယိုင်အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုတာ မင်းတို့ကို အတိအလင်းဝန်ခံလိုက်တယ်..။ )

သူရို့ခမျာ လေးတန်းအောင်၊ ခြောက်တန်းအောင်လေးတွေဆိုထင်ပါရဲ့..။ အတန်းပညာတပိုင်းတစနဲ့ သာသနာ့ဘောင်ဝင်လာတာ ..။နောက်တော့လည်း မပျော်တော့ လူထွက်ကြ..။ ခုပြန်တွေ့တော့ ဆင်းဆင်းရဲရဲပါပဲ..။ အတန်းပညာမတတ်တော့ ဘောလ်ပင်ကိုင်မယ့်ဌာနမှာ နေရာမရှိ.။ ဆွမ်းခံတာဟာ အကြမ်းဆုံးအလုပ်မို့ လောကီနယ်ထဲက ပခုံးထမ်းအလုပ်တွေနဲ့လည်း မ၀င်ဆန့်..။ လွယ်ပါဘူးကွယ်..။ ဒါပေမယ့် သင်္ကန်းကြီးနဲ့ စာရင် အဲဒီဆင်းရဲဝန်က ပေါ့သတဲ့..။တကယ်ဝတ်ကြည့်တော့ တကယ်လေးပါတယ်။

ဒါက ခုလူတွေ ပြောပြောနေတဲ့ ဟိုခေတ် ဟိုခေတ် ဆိုတဲ့ မကြာဝေးလှသေးတဲ့ လမင်းအူသံတောင် ကြားရတဲ့ ခေတ်ကြီးမှာလေ..။ ခု ခေတ်ပြောင်းတော့မယ် တဲ့ တူတော်မောင်တို့ ..။
မြင်ရသလောက်တော့ ခေတ်ကြီးက ရွေ့နေတာ သေချာတယ်..။ မြန်မြန်ရွေ့နဲ့ နှေးနှေးရွေ့ ဒါပဲ ကွာတော့မယ်..။

ခေတ်ပြိုင်ရွယ်တူ ကလေးငယ်တွေက ကွန်ပြူတာတဲ့..။ အင်တာနက်တဲ့..၊ နိုင်ငံခြားဘာသာစကား တဲ့.. ဝေါဟာရတွေ ပြောဆိုသုံးစွဲပြီး အိုင်ပက်ကလေးတွေ ၊ ဂိမ်းပလေးယာလေးတွေ ပိုက်ပြီး မော့မော့ သွားနေတာကို ခပ်ငေးငေးကြည့်နေကြရှာတဲ့ ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေကို မြင်တိုင်း ခေတ်ဟောင်းကြီးထဲမှာ ပြတ်ကျန်ခဲ့မယ့် သူတို့ရဲ့ အနာဂတ်အတွက် ရင်လေးမိပါရောလား..။

စင်ကာပူက ဘုန်းတော်ကြီးကျောင်းဝိဟာတစ်ခုမှာ သန့်ရှင်းရေးလုပ်နေကြရရှာတဲ့ ၀န်ထမ်းလင်မယားဟာ လီကွမ်ယုကြီးလျှောက်နေတဲ့ လမ်းအသစ်ကြီးကို မသိလိုက်မသိဘာသာ ငေးကြည့်ရင်း အလေးမထားခဲ့လို့ ပြတ်ကျန်ခဲ့ကြရရှာတဲ့ စင်ကာပူနိုင်ငံသားအစစ်တွေပါပဲ..။

ဆိုတော့ကွယ် လောကီလောကုတ္တရာမခွဲခြားဘဲ အနာဂတ်နိုင်ငံသားတွေအဖြစ် ကလေးငယ်တွေအားလုံးကို တိုင်းပြည်က ကြည့်တဲ့နေ့ မင်းတို့ သာသနာ့ဘောင်ထဲ ရဲရဲသာ ၀င်ခဲ့ကြပေရော..။

သာသနာမှာ ပျော်ရင် မင်းတို့ဟာ ဘက်စုံထူးချွန်တဲ့ သာသနာပြုရဟန်းတော်ကြီးတွေ ဖြစ်လာမယ်..။
သာသနာမှာ မပျော်လို့ လူထွက်ကြရင်လည်း မင်းတို့ဟာ သာသနာကို တကယ်အထောက်အပံ့ပေးနိုင်မယ့် ဥပါသကာကောင်းကြီးတွေ ဖြစ်လာကြလိမ့်မယ်။

ဦးလေးရဟန်း

ဓမ္မဂင်္ဂါ
(၁၈၊၁၁၊၂၀၁၂
(တူတော်မောင်များအတွက် ရေးလိုက်မိတဲ့ စာ..။ )

ပညာရေး ရံပုံငွေ ပေးအပ်လှူဒါန်းခြင်း

17, 11, 2012ခု စနေနေ့တွင်  ထိုင်းနိုင်ငံရောက်မြန်မာကျောင်း သားရဟန်းတော်များအတွက် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းငွေ 9440ဘတ်အား လကပန်  ချာလောင်ကုန်း ဆွယ်(၃၃) ဆွယ်လုနဖာစက်ရုံ မြန်မာအလုပ်သား မိသားစုက စုပေါင်းကာ  ဘဏ္ဍာရေးမှူး(၂) ဦးပုညသေဋ္ဌအား  လာရောက်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။
Posted by: ပြန့်ကြားရေး

Friday, November 16, 2012

၆- လပတ် အစည်းအဝေး ရက်ပြောင်းပင့်လျှောက်ခြင်း

ကျောင်းသားစုံညီ ၆ လပတ်အစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့ပွဲကို ယခင်သတ်မှတ်ခဲ့သော အချိန်မဟုတ်တော့ဘဲ  ၀ပ်တလုံးကျောင်း ကထိန်နှင့် ရက်တိုက်နေသောကြောင့် ရက်ပြောင်းလိုက်ပါသည်။ သို့ဖြစ်ပါ၍ အောက်ပါ ပြောင်းလဲ သတ်မှတ်ထား သောနေ့၌ ကြွရောက် ပေးကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။


အချိန်။ ။ နံနက် 8:30 to 11 am, and  12:30 to 3:30pm.
နေ့ရက်။ ။ 1,12,2012 စနေနေ့
နေရာ။ ။ ၀ပ်တလုံးကျောင်းတိုက်၊ ကျလန် ၁၃၊ ဘန်ခဲ။

Posted by: ပြန့်ကြားရေး

ပညာရေး ရံပုံငွေထောက်ပံ့လှူဒါန်းခြင်း

11,11,2012 တနင်္ဂနွေနေ့၌ ကီလို(၁၂) သိုးမွေးစက်ရုံလုပ်သားမိသားစုမှ ထောက်ပံ့လှူဒါန်းသော MSMO ကျောင်းသားပညာရေးရံပုံငွေ 17605 ဘတ်အား ဥက္ကဋ္ဌဆရာတော်ဦးတေဇဓမ္မမှ လက်ခံ၍ ဘဏ္ဍာရေးမှူး(၂)ဆရာတော်ဦးပုညသေဋ္ဌအား အပ်နှံပြီးပါကြောင်း သတင်းရရှိပါသည်။

Posted by: ပြန့်ကြားရေး

Wednesday, November 14, 2012

ဗဟိုကော်မတီ အစည်းအဝေးပင့်လျှောက်ခြင်း

၆လပတ်မတိုင်မီ ဗဟုကော်မတီအကြိုအစည်းအဝေးပြုလုပ်မည် ဖြစ်ပါ၍ အသင်း၏ဆောင်ရွယ်ဖွယ် အကြောင်းအရာတို့ကို  ညှိနှိုင်းဆွေးနွေးကြရန်အတွက် ဗဟိုကော်မတီအဖွဲ့ဝင်ဆရာတော်များအား ပင့်လျှောက်အပ်ပါသည်ဘုရား။

နေရာ။ ။ MSMO School /  ဖလန်ဆောင်၊ ၆၃
နေ့ရက်။ ။ 28, 11,2012
အချိန်။ ။ နေ့လည် ၂နာရီ

Posted by: ပြန့်ကြားရေး

Saturday, November 3, 2012

အောတောမိသားစု

ထိုင်းနိုင်ငံ မဟာချိုင်မြို့ အောတောမိသားစုမှ 30.10.2012 နေ့ သီတင်းကျွတ်လပည့်နေ့တွင် ဦးပုညသေဋ္ဌ ကြွရောက် တရားချီးမြှင့်၍ တရားပွဲအလှူငွေ ၇၄၁၉ ဘတ်ကို မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့သို့ လှူဒါန်းကြောင်းသိရှိရသည်။




Wednesday, October 31, 2012

တလာကုန်းမိသားစု

ထိုင်းနိုင်ငံ မဟာချိုင်ရပ် တလာကုန်းမိသားစုမှ 30,10,2012 နေ့တွင် သံဃာတော်အရှင်သူမြတ်တို့အား  ဆွမ်းဆန်စိမ်းလောင်းလှူ၍ ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ M.S.M.O သို့ အလှူတော်ငွေ 9200 ဘတ်လှူဒါန်းငွေကို ဦးပုညသေဋ္ဌမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။



Monday, October 22, 2012

ဗဟိုကော်မတီ ကထိန်အစည်းအဝေး ဆုံးဖြတ်ချက်

၁) သင်ကြားရေးဆရာတော်များအား ကထိန်ပင့်သံဃာအဖြစ် သတ်မှတ်ချင်း၊
၂) ကထိန်ဖြစ်မြောက်ရေးကော်မတီကို ဗဟိုကော်မတီ ၆ပါးဖြင့် ဖွဲ့စည်းချင်း၊
၃) ဗဟိုကော်မတီ အစည်းအဝေးသို့ ကြွရောက်သည့် အကျိုးဆောင်ဗဟိုကော်မတီဆရာတော်များအား ခရီးစရိတ်ထက်ဝက်အဖြစ် တပါးလျှင် ၁၂၀ဘတ်ကို ထောက်ပံ့ချင်း၊
၎) MSMO ကျောင်းသားရုံးခန်း ကထိန်ကို 25,11,2012 အဖြစ် သတ်မှတ်ချင်း၊
၅) ၆လပတ် ကျောင်းသားထောက်ပံ့ပွဲမတိုင်မှီ ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်မှာဖြစ်ချင်း

စသည်အကြောင်းအရာတို့ကို 22,10,2012 နေ့၌ ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေး၌ တိုင်ပင်ဆုံးဖြတ် ခဲ့ကြပါသည်။

Posted by: ပြန့်ကြားရေး

Thursday, October 18, 2012

ဗဟိုကော်မတီအစည်းအဝေး


အစည်းအဝေးဖိတ်ကြားလွှာ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဗဟိုကော်မတီဝင်ဆရာတော်တို့ဘုရား   အသင်းရုံးခန်နှင့်သင်တန်းကျောင်တွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ရန် ရှိပါသောကြောင့် ယင်းပွဲနှင့်ပါတ်သက်၍ စည်းဝေးတိုင်ပင်ကြရန် ဗဟိုကော်မတီဝင်အားလုံးအား အစည်းအဝေးဖိတ်ကြားအပ်ပါသည်။

နေရက်။           22-10-2012
အချိန်။             02:00 PM
နေရာ။             M.S.M.O Office & Training School 


Posted by: ပြန်ကြားရေး

Sunday, October 14, 2012

MSMO၏ ပညာရေးရံပုံငွေ ဆက်ကပ်လှူဒါန်းခြင်း



   ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ ပညာသင်စရိတ်အတွက်
   လကပန်  ချာလောင်ကုန်း ဆွယ်(၃၃) ဆွယ်လုနဖာ စက်ရုံမြန်မာအလုပ်သမား
  များမှ စုပေါင်းကာ  ဘဏ္ဍာရေးမှူး(၂) ဦးပုညသေဋ္ဌအား ဘတ်ငွေ 9800 တိတိကို 14,10,2012ရက်နေ့၌   လာရောက်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

Posted by: ပြန့်ကြားရေး

Saturday, October 13, 2012

ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲနှင့် ၆လပတ်အစည်းအဝေးပွဲ

1) 08,10,2012 နေ့၌ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၆လပတ်ကျောင်းသားစုံညီစည်းဝေးပွဲနှင့်တပါးလျှင်ပညာသင်စရိတ် ထောက်ပံ့ငွေ2000ဘတ်ကို24,11,2012နေ့၌ အသီးသီး ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း၊

2) ၎င်းနေ့မှာပင် လစ်လပ်သွားသော MSMOအသင်း၏ ဒုတိယဥက္ကဋ္ဌနေရာအား ပြန်လည်ရွေးကောက်သွားပါမည်။ အရွေးခံဆရာတော်များမှာ  ၁)ဦးပညာဇောတ(M.A thesis,)၊ ၂)ဦးအာစိဏ်ဏ(MB.A) ၃) ဦးသြဘာသ (B.A 3rd) တို့ဖြစ်ပါသည်။

3) ၎င်းအစည်းအဝေးနေ့၌ ထောက်ပံ့ငွေဘတ် 2000အား ကျောင်းသားအသင်းဝင်များသည် ဘဏ္ဍာရေးမှူးဆရာတော်များထံမှ ကိုယ်တိုင်ထုတ်ယူရမည် ဖြစ်ပါသည်။

မှတ်ချက်/ ဘန်ကောက်မြို့ရှိ တက္ကသိုလ်များမှတပါး အခြားမြို့ရှိ တက္ကသိုလ်များ၌ တက်ရောက်နေသော MSMOကျောင်းသားအသင်းဝင်များအနေဖြင့် အကြောင်းတစုံတရာရှိပါက ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ကြိုတင်အသိပေးလျှောက်ထားနိုင်ပါသည်ဘုရား။

E-mail: msmothailand@gmail.com
Mobile: 0835592320 ( ပြန့်ကြားရေး)
             0846714772  (ပြန့်ကြားရေး)

အချိန်။ ။ နံနက် 8:30 to 11 am, and  12:30 to 3:30pm.
နေ့ရက်။ ။ 24,11,2012 စနေနေ့
နေရာ။ ။ ၀ပ်တလုံးကျောင်းတိုက်၊ ကျလန် ၁၃၊ ဘန်ခဲ

Posted by: ပြန်ကြားရေး


Friday, October 5, 2012

ကျောင်းသားပညာရေးရံပုံငွေ ပေးအပ်လှူဒါန်းခြင်း




သဟပုညကာရီအသင်းမှ လစဉ်MSMOကျောင်းသား ရံပုံငွေ 12000ဘတ်ကို လှူဒါန်းရာ အတွင်းရေးမှူး(၂)ဦးသြဘာသမှ လက်ခံ၍ ဘဏ္ဍာရေးမှူး(၂)ဦးပုညသေဋ္ဌထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

30,9,2012




Posted by: ပြန့်ကြားရေး

Saturday, September 29, 2012

ပင့်လျှောက်လွှာ




မြန်ကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) Myanmar Student Monks Organization in Thailand. ပညာရေးကော်မတီဝင် ဆရာတော်များနှင့် သင်ကြားရေး ကုသိုလ်ယူကြသော ဆရာတော်တို့ဘုရား (07/10/2012) တနင်္ဂနွေနေ့၊ နံနက် () နာရီ အချိန်တွင် MSMO သင်တန်းကျောင်းကြီး၌ သင်တန်းအမှတ်စဉ် 8/2012 သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်တော်မူကြပါရန် ရိုသေစွာပင့်လျှောက်အပ်ပါသည်ဘုရား။

အစီအစဉ်

နေ့ရက်။         07/10/2012 တနင်္ဂနွေ

အချိန်။           ။နံနက်(09:00)နာရီမှ(11:00)

                   (11:30)ဆွမ်းကပ်

နေရာ။           MSMOသင်တန်းကျောင်း

                   ဖလန့်()၊ စွယ်(၆၃)၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ၊

ဆက်သွယ်ရန်။ 028940295/ 0896690871/ 0824442435

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့


Posted By: ပြန့်ကြားရေး

သင်တန်းဆင်းပွဲ ဖိတ်ကြားလွှာ




မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) Myanmar Student Monks Organization in Thailand (MSMO) သင်တန်းကျောင်းကြီးတွင် (07/10/2012) တနင်္ဂနွေနေ့၊ နံနက် () နာရီအချိန်၌ သင်တန်းအမှတ်စဉ် (8/2012)ကို သင်တန်းဆင်းပွဲပြုလုပ်ကျင်းပမည်ဖြစ်ပါ၍ သင်ကြားရေးကုသိုလ်ယူကြသော   ဆရာ/ဆရာမများနှင့် တက်ရောက် ပညာ သင်ကြားနေကြသော ကျောင်းသူ/သားများ၊ အပင်ပန်းခံ၍ ကုသိုလ်ယူ လုပ်အားပေးကြသော ဝေယျာဝစ္စအသင်းသူ/သားများ၊ စာကြည့်တိုက်တွင် လုပ်အားပေးကြသော စာကြည့်တိုက်မှူးများနှင့် အဖက်ဖက်မှ လိုလေသေးမရှိရအောင် လှူဒါန်းကြသော အလှူရှင်များအားလုံးတို့အား သင်တန်းဆင်းပွဲသို့ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေ့ရက်။         (07/10/2012) တနင်္ဂနွေ

အချိန်။           ။နံနက်(09:00)နာရီ

နေရာ။           MSMO သင်တန်းကျောင်း

                   ဖလန့်စောင်၊ စွယ်(၆၃)၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ

ဆက်သွယ်ရန်။။028940295/ 0896690871/ 0824442435

 Posted By: ပြန့်ကြားရေး
Myanmar Student Monks Organization in Thailand. Powered by Blogger.