Sunday, February 12, 2012

သံဃာတော်အားလုံးအား လျှောက်ထားအပ်ပါသည်ဘုရား

ယခုဝဘ်ဆိုက်သည် 10-Apr-2012 ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး godaddy.com မှ ၀ယ်ယူထားသည့် domain name ဖြစ်ပါသည်။ မူလစတင် ၀ယ်ယူခဲ့သည့် account သည် informgroup1@gmail.com အမည်ဖြင့် ၀ယ်ယူခဲ့သည် မဟုတ်ခြင်းနှင့် ထပ်မံသက်တမ်းတိုးရန်အတွက် godaddy.com သို့ဝင်ရောက်ရန် မူလ၀ယ်ယူခဲ့သည့် account မရှိခြင်းတို့ကြောင့် ယခု ၀ဘ်ဆိုက်အသစ်တစ်ခုထပ်မံ ၀ယ်ယူလိုက်ရပါသည်။ ယခုဝယ်ယူထားသည့် ၀ဘ်ဆိုက်အမည်အား ပြင်ဆင်မှု့ပြုပြီးသွားသည်နှင့် ယခုဝဘ်ဆိုက်တွင် အသိပေးကြေငြာမည် ဖြစ်ပါသည်။ ယခင်တင်ထားသည့် တရားဓမ္မ အကြောင်းများ၊ အတွေ့အကြုံများ နှင့် ရဟန်းတော်များ၏ မှတ်သားသင့်သည့် ပို့စ်များကို မူလလက်ရာ/ရက်စွဲအတိုင်း ထားရှိပြီး ဂဏ္ဍအလိုက် တပည့်တော် ခွဲထားမည်ဖြစ်ပါသည် ဘုရား.

ထို့အပြင် နည်းပညာပိုင်းအနေဖြင့် လေ့လာနိုင်စေရန်အတွက် တပည့်တော်မှ ပို့စ်များ အချိန်အားသလျှောက် တင်သွားပေးမည့်အပြင် ယခုပြုလုပ်သည့် ၀ဘ်ဆိုက်အသစ်အား တစ်ပတ်(သို့)နှစ်ပတ်အတွင်း အပြီးသတ်နိုင်စေရန် အမြန်ဆုံး စီစဉ် သွားမည်ဖြစ်ပါသည်ဘုရား။ ထို့အပြင် မြန်မာပြည်ရှိ ထင်ရှားသည့် တရားဓမ္မများအား နာယူနိုင်စေရန်အတွက် တရားခွေများအား player ဖြင့်တင်သွားမည့်အပြင် Dowload လုပ်ချင်သည့်သူများအနေဖြင့် လွယ်ကူစေရန် Download link များကိုပါ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ၄င်းအပြင် ထိုင်းနိုင်ငံတွင် ဆရာတော်ကြီးများ ဟောကြားထားသည့် video ဖိုင်များရှိပါကလည်း video ဖြင့် ကြည့်ရှု့နိုင်စေရန်အတွက် ပြုလုပ်သွားမည်ဖြစ်ပါသည်။ website အသစ်တွင် လိုအပ်သည့် ဒီဇိုင်းများရှိပါကလည်း အကြံပေးနိုင်ပါသည်ဘုရား. ယခုတပည့်တော် ရေးသားလိုက်သည့် အကြောင်းအရာများသည် အရှင်ဘုရားများ သိစေရန်သာ တင်လိုက်ခြင်းဖြစ်ပြီး မကြာခင် ဖျက်ပစ်မည် ဖြစ်ပါသည်ဘုရား။ ယခုဝဘ်ဆိုက်အသစ်အား ထိုင်းနိုင်ငံရှိ သံဃာတော်များဖွဲ့ စည်းထားသည့် MSMO အဖွဲ့၏ကိုယ်စားပြု website သည် ကောင်းမွန်သည့် ဘာသာရေး၊ တရားဓမ္မ၀ဘ်ဆိုက်တစ်ခု ဖြစ်စေရန် နှင့် ၀ဘ်ဆိုက်တွင် သံဃာတော်များ ၀င်ရောက်ရေးသားနိုင်စေရန် အတွက် နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်ရှင်းပြထားမည်ဖြစ်ပါသည်။

(၁) email ဖြင့် ပို့ပြီး ပို့စ်တင်ခြင်း
(၂) permission ဖြင့် ၀င်ရောက်ရေးသားနိုင်ခြင်း

စသည့်နှစ်မျိုးဖြစ်ပါသည်ဘုရား။ ၀ဘ်ဆိုက်အသစ်သည် account အသစ်ဖြင့် ပြုလုပ်သည်ဖြစ်သောကြောင့် account အသစ်၏ User name နှင့် password အား ဆရာတော်ကြီးများနှင့် တာဝန်ရှိဆရာတော်ထံ ၀ဘ်ဆိုက်ပြီးသည်နှင့် အပ်နှံမည် ဖြစ်ပါသည်ဘုရား. ၀ဘ်ဆိုက်အသစ်ပြုလုပ်ထားသည့် account အသစ်အား လုံခြုံရေးအရ မေးမသုံးရန်နှင့် Chatting မသုံးရန်လိုအပ်ပါသည်။ ၀ဘ်ဆိုက်အသုံးပြုနည်းနှင့် ပို့စ်တင်နည်းများကို tutorial video ဖိုင်များဖြင့် အသံကော ရှင်းလင်းချက်ကိုပါ ရှင်းပြမည်ဖြစ်ပြီး. ၀ဘ်ဆိုက်တွင် အသုံးပြုမည့် music player နှင့်အသုံးပြုရမည့် code များကိုလည်း တစ်ခါတည်း လေ့လာနိုင်စေရန် တင်ပေးသွားမည်ဖြစ်ပါသည်။ တပည့်တော်ဖက်မှ MSMO အဖွဲ့ရည်ရှည်တည်တံ့ပြီး ၀ဘ်ဆိုက်အား နောက်တာဝန်ရှိသူများထံ အဆင့်ဆင့်လက်ဆင့်ကမ်းသွားနိုင်စေရန်နှင့် MSMO ကိုယ်စားပြုဝဘ်ဆိုက်အား လိုအပ်သလို သက်တမ်းတိုးနိုင်စေရန်လည်း အရေးကြီးပါသည်။ ၀ဘ်ဆိုက်ရေးသားမှု့သည် အဓိကကျသည်ဖြစ်သော်လည်း တကယ်အရေးကြီးသည်မှာ ၀ဘ်ဆိုက်အသက်ဆက်နိုင်စေရန်ဖြစ်ပါသည်။

အင်တာနက်တွင် MSMO အဖွဲ့ ရည်ရှည်တည်တံ့နေစေရန်နှင့် ဒါကာ၊ ဒါကာမများအားလုံး လာရောက်ဖတ်ရှု့လေ့လာနိုင်စေရန် ဂဏ္ဍအမျိုးမျိုးဖြင့် စီစဉ်ထားပါသည်။ လိုအပ်ချက်များရှိပါက ၀င်ရောက် အကြံပေးနိုင်ပါသည်။

MSMO အဖွဲ့ကြီး ရည်ရှည်တည်တံ့ပြီး အင်တာနက်မှတဆင့် ကျော်ကြားနိုင်စေရန်ဆန္ဒပြုဆုတောင်းလျှက်
ညီနေမင်း
nyinaymin.org@gmail.com

1 comment:

  1. နည်းပညာများကို မျှော်လင့်နေပါတယ်...
    အကောင်းဆုံး ဖြစ်စေလိုပါတယ်ဘုရား။
    www.majjimalwinpyin.com ဆိုဒ်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြင်ချင်လိုပါ။

    ReplyDelete

Myanmar Student Monks Organization in Thailand. Powered by Blogger.