Sunday, February 19, 2012

ဗဟိုကော်မတီနှင့်ရွေးကောက်ပွဲကော်မရှင်တို့တိုင်ပင်ဆွေးနွေး

(၁၉-၂-၂၀၁၂) တနင်္ဂနွေနေ့ တွင် MSMO အဖွဲ့ကြီးမှအစည်းအဝေးပြုလုပ်ကြပါသည်။

၁။ နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းနားကိုစတင်ကြပါသည်။

၂။ ဒုတိယဥက္ကဌ ဆရာတော် ဦးဗြဟ္မဝံသမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး။ ကော်မရှင်ဆရာတော်များနဲ့ အတန်းလိုက် ၂ပါးစီရွေးချယ်ရမည့်စည်းကမ်းများ၊ ကော်မတီလောင်းအဖြစ်အရွေးခံမည့်ပုဂ္ဂိုလ်၏ ကိုယ်ရေးအကျဉ်းတို့ကိုတိကျစွာ စီစစ်ကြရန်ရွေးကောက်ပွဲ ကော်မရှင်ဆရာတော်များအား တစုံတရာ ဖိအားပေးလာပါကဗဟိုကော်မတီဝင်ဆရာတော်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ဆရာတော်တို့ဘက်မှ
မားမားမတ်မတ် ထောက်ခံရပ်တည်မည်
ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ လိုအပ်တာများကိုလဲကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂။ နောက်လာမည့်အပါတ် (၂၅-၂-၂၀၁၂ ) စနေနေ့တွင် ညနေ (၃း၀၀) နာရီတွင်ရွေးကော်ပွဲ ကော်မရှင်ဆရာတော်များသီးသန့်M.S.M.O
ရုံးခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေး တိုင်ပင်ကြမည်ဖြစ်ပါသည်။

၃။ ဘန်ကောက်မြို့ ၊မဟာချိုင်နယ်မြေ ခဲလှိုင်ရပ်ရှိ မြန်မာပြည်သားဒကာ/ဒကာမများမှ
မြန်မာကျောင်းသားများရဟန်းတော်များအတွက် ပညာရေးရန်ပုံငွေ အထူးတရားပွဲပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ ၄င်းတရားပွဲ၌
မဟာချုလာလောင်ကွန်းတက္ကသိုလ်ကြီးတွင် ပညာသင်ကြားနေသော စတုတ္ထနှစ်ကျောင်းသား
ဆရာတော်ဦးတေဇဓမ္မ (B.A Final Year) မှတရားရေအေးအမြိုက်ဆေး တိုက်ကျွေးပေးရန် ဗဟိုကော်မတီဝင်ဆရာတော်များမှတာဝန်ပေးအပ်ခဲ့ပါသည်။

၎။ မဟာချိုင် ခဲလှိုင်ရှိမြန်မာပြည်သားများက မြန်မာကျောင်းသားများအဖွဲ့ကြီး၏
သြဝါဒါစရိယဆရာတော်ကြီးများဖြစ်ကြသည့်
သီတဂူဆရာတော်ဘုရားကြီးနင့်ရွှေညဝါဆရာတော်ကြီး(၂)ပါးအနက် တပါးပါးကို တရားချီးမြှင့်ပေးရန် လျှောက်ထားလာသဖြင့်
M.S.M.O အဖွဲ့မှပင့်လျှောက်ပေးရန်တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

၅။ ဗုဒ္ဓသာသနံ ၃ကြိမ်ရွတ်ဆို၍ (၁၉-၂-၂၀၁၂ ) တနင်္ဂနွေနေ့ ဗဟိုကောာ်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တို့စည်းဝေးပွဲကိုအောင်မြင်စွာပြုလုပ်ခဲ့ကြပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.