Sunday, February 26, 2012

ပထမအကြိမ် ရွေးကောက်ပွဲကော်မရှင်သီးသန့်အစည်းဝေးကျင်းပ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့၏ အသစ်ပြန်လည်ရွေးချယ်မည့် ရွေးကောက်ပွဲအတွက် လက်ရှိ M.S.M.O အဖွဲ့ ဗဟိုကော်မတီမှရွေးချယ်တင်မြောက်ထားသည့် ရွေးကောက်ပွဲကော်မရှင် ဆရာတော်များ (၂၅-၂-၂၀၁၂)စနေနေ့ ညနေ၄း၀၀ ခန့်အချိန်တွင် M.S.M.O ရုံးခန်းတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အခြားသောရွေးကောက်ပွဲ ကော်မရှင်ဆရာတော်များ အကြောင်းအမျိုးမျိုးကြောင့် ဤအစည်းအဝေးသို့ စုံလင်စွာတက်ရောက်နိုင်ခြင်းမရှိပါ။ ထပ်မံ၍ကော်မရှင် ဆရာတော်များ စည်းဝေးတိုင်ပင်ကြဦးမည်ဟု သတင်းရရှိပါသည်။ တိုင်ပင်ဆွေးနွေးသည့် အကြောင်းအရာအသေးစိတ်မှာ ကော်မရှင်ဆရာတော်များနှင့်သာ သက်ဆိုင်သောကြောင့် သတင်းအပြည့်စုံ ထုတ်ဖော်တင်ပြခွင့် မရှိပါကြောင်း လျှောက်ထားရင်း အဖွဲ့ဝင်သံဃာတော်များအား လျှောက်ထားအပ်ပါသည်ဘုရား။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.