Sunday, February 12, 2012

အသိပေးလျှောက်ထားခြင်း (ညီနေမင်း)

ယခုဝဘ်ဆိုက်အား ၀င်ရောက်ရေးသားနေသည့် အရှင်သူမြတ်များတပည့်တော်မှ လျှောက်ထားလိုသည်မှာ တပည့်တော် ယခုဝဘ်ဆိုက်အား ပြုပြင်နေဆဲကာလဖြစ်သည့်အတွက် password အား ပြောင်းလဲခြင်းမပြုရန်နှင့် ပို့စ်များ(သို့)သတင်းအချက်အလက်များ တင်သည့်အခါတွင် စာရေးသားပုံရေးသားနည်းနှင့် ပို့စ်တင်ပုံ တင်နည်းများကို ယခုဝဘ်ဆိုက်တွင် movie ဖြင့် ရှင်းပြသွားမည်ဖြစ်ပြီး ၄င်းဗွီဒီယိုဖိုင်ထဲတွင် ရှိသည့်အတိုင်း ရေးသားသွားကြပါရန် အကြောင်းကြားအပ်ပါသည်ဘုရား. တပည့်တော်အနေဖြင့် စတင်ရေးသားသည့် ရက်မှအစပြုပြီး ယခုနေ့ရက်အထိ ရေးသားထားသည့် ရေးသားချက်များအားလုံးအား ပုံစံတကျဖြစ်စေရန် စတင်ပြီးပြုပြင်နေပြီ ဖြစ်ပါသဖြင့် အကြောင်းအရာများကို စနစ်တကျပြုပြင်ပြောင်းလဲမည်ဖြစ်သောကြောင့် html coding များကို မည်သည့်အကြောင်းကြောင့်နှင့်မျှ မပြုပြင်ပါရန် အသိပေးအပ်ပါသည် ဘုရား. အရေးကြီးသည့် အကြောင်းအရာများမှ လွှဲပြီး တပည့်တော်ရှင်းပြသည့် video ဖြင့် ပို့စ်တင်နည်း အသုံးပြုနည်းများကို တင်ပေးပြီး နားလည်သည်အထိ ကြည့်ရှု့ပြီးမှသာ ပို့စ်ရေးကြရန်လည်း အသိပေးအပ်ပါသည် ဘုရား. သို့မှသာ စနစ်ကျသည့် ၀ဘ်ဆိုက်တစ်ခု ဖြစ်လာမည် ဖြစ်ပါသည်ဘုရား. လိုအပ်ချက်များနှင့် သိလိုသည့် အကြောင်းအရာများကိုလည်း ဆွေးနွေး မေးမြန်းနိုင်ပါသည်ဘုရား.

ညီနေမင်း(နည်းပညာ)
nyinaymin.org@gmail.com
http://www.nyinaymin.org

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.