Wednesday, March 28, 2012

ရွေးကောက်ပွဲပြီးဆုံးခြင်းအကြမ်းမျဉ်း

အကြောင်းအရာ ။ ။ နှစ်ပတ်လည် အစည်းအဝေးနှင့်ကော်မတီအသစ်ရွေးကောက်ပွဲးကြီးပြီးဆုံးခြင်း။ (၂၅.၃.၂၀၁၂)တနင်္ဂနွေနေ့တွင် Mahamakut Buddhist University၌ ထိုင်းနိုင်ငံသာသနာပိုင် ကျောင်းဖြစ်သည့် ထိုင်းဘုရင်၏ အမတော် ဆောက်လုပ်လှူဒါန်းထားသော ခန်းမကြီးတွင်ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံသာသနာပိုင်အဖွဲ့ဝင်ဆရာတော်ကြီးများကလည်း ကြည်ဖြူစွာလက်ခံကူညီခဲ့ကြပါသည်။၎င်းရွေကောက်ပွဲဝင်အကြောင်းရာများကိုအသေးစိတ် ဓါတ်ပုံမှတ်တမ်းများ ဗီဒီိယိုမှတ်တမ်းများ
နှင့်အတူတင်ပြပေးသွားပါမည်၊ အသင်း၏ Websiteမှာပြုပြင်နေဆဲဖြစ်သောကြောင့် ပြန်ကြားရေးဟောင်းဦးပညာစာရမှ အထူးတောင်းပန်အပ်ပါသည်ဘုရား Websiteမှာ မကြာမြှီပီးစီးတော့မည်ဖြစ်ပါသောကြောင့် M.S.M.O Website ကြီးမှာစည်းကားစွာ
တင်ပြပေးသွားပါမည်ဘုရား၊ လက်ရှိမှာတော့ရွေးကောက်ပွဲအကြောင်းအရာများကို အကြမ်းပျဉ်းတင်ပြပေးလိုက်ရပါသည်ဘုရား။
အပြည့်အစုံကို Website ပြီးသည်နှင့် ဗဟိုကော်မတီအသစ်ပြန်ကြားရေးဆရာတော်များနှင့်တွဲ၍ ဆက်လက်တင်ပေးသွားပါမည်ဘုရား။

အစည်းအဝေး၏အကြမ်းမျဉ်းပါဘုရား

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(M.S.M.O)၏ နှစ်ပတ်လည်စုံညီအစည်းဝေး၊
ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်းနှင့်တတိယအကြိမ်မြောက်ဗဟိုကော်မတီအသစ်ပြန်လည် ရွေးချယ်ပွဲအခမ်းအနားအစီအစဉ်
၁။နမောတဿသုံးကြိမ်ရွတ်ဆို၍အခမ်းနားဖွင့်လှစ်ခြင်း။
၂။အသင်းကြီး၏ဥက္ကဌဆရာတော်မှ အဖွင့်အမှာစကားလျှောက်ထားပြောကြားခြင်း။
၃။လက်ရှိဗဟိုကော်မတီမှ အသင်းကြီး၏တစ်နှစ်တာလုပ်ဆောင်ချက်များကိုအကျဉ်းချုပ်တင်ပြခြင်း။
၎။ ဘဏ္ဍာရေးဆရာတော်များမှအသင်းကြီး၏တနှစ်တာဘဏ္ဍာရေးရ/သုံးငွေစာရင်းများရှင်းလင်းတင်ပြခြင်း။
၅။အတန်းအသီးသီးမှရွေးချယ်တင်မြှောက်ထားသောကော်မတီလောင်းများအားဗဟိုကော်မတီဝင်အဖြစ် မဲဆန္ဒများနှင့် ရွေးချယ်တင်မြှောက်ခြင်း။
၆။အသင်း၏စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ခြင်းနှင့် တာဝန်မှအနားယူသွားသောကော်မတီဝင်အဟာင်းများအားအမှတ်တရဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း။
၇။ ပညာသင်စရိတ်ထောက်ပံ့လှုဒါန်းခြင်း။
၈။ကော်မတီဝင်ဟောင်းများနှင့် အသစ်ရွေးချယ်ထားသောကော်မတီဝင်များအသီးသီးအမှတ်တရအမှာစကားများလျှောက်ထားပြောကြားကြခြင်း။
၉။ကော်မတီဝင်ဟောင်းများနှင့်အသစ်များအမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်းနှင့်
၁၀။ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းနားကိုရုတ်သိမ်းခဲ့ကြပါသည်။ ၄င်းပြုလုပ်ခဲ့သောအသေးစိတ်မှတ်တမ်းများကိုမကြာမှီ
အပြည့်အစုံတင်ပြပေးသွားပါမည်။ကော်တီအသစ်ရွေးချယ်ထားသောဆရာတော်များစာရင်းကိုလည်း ဆက်လက်တင်ပြပေးသွားပါမည်ဘုရား။

Tuesday, March 27, 2012

အစည်းအဝေးပင့်ဖိတ်ခြင်း

နေ့စွဲ။ ။ 31.3.2012

အကြောင်းအရာ ။ ။ အစည်းအဝေးပင့်ဖိတ်ခြင်း M.S.M.O ဗဟိုကော်မတီ အဟောင်း / အသစ် ဆရာတော်များဘုရား ကော်မတီအဟောင်း မှ ကော်မတီအသစ်သို့ အဖွဲ့ပိုင် စာရွက်စာတမ်းများ လွှဲအပ်ရန် ကျန်ရှိပါသဖြင့် ကော်မတီ အဟောင်း အသစ် အစည်းအဝေး ကို (31.3.2012) ရက် ၊ စနေနေ့ ညနေ 2:00 နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ပါသောကြောင့် M.S.M.O ကျောင်းသားရုံး သို့ (31.3.2012) စနေနေ့ ၌ဗဟိုကော်မတီဆရာတော်ဟောင်းများ ဗဟိုကော်မတီအသစ် ဆရာတော်များအထူးကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်ဘုရား။

နေရာ......... MSMO ကျောင်းသားရုံးခန်း ဖလန်းဆောင်
အချိန်......... ညနေ ၂း ၀၀ နာရီ
နေ့ ......... 31.3.2012 စနေနေ့



ဗဟိုကော်မတီ
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)

ရွေးကောက်ပွဲကော်မရှင်ဆရာတော်များအား ပင့်ဖိတ်ခြင်း

နေ့စွဲ။ ။ 31.3.2012

သို့
ရွေးကောက်ပွဲကော်မရှင် ဆရာတော်များဘုရား

အကြောင်းအရာ။ ။ တတိယအကြိမ် M.S.M.O ရွေးကောက်ပွဲကော်မရှင်ဆရာတော်များကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ မကျေနပ်သဖြင့် စာပို့လာသော ဦးပုညသေဋ္ဌ အား ပြန်လည်ရှင်းလင်းရန် ရွေးကောက်ပွဲဆရာတော်များအား ပင့်ဖိတ်ရခြင်းဖြစ်ပါသည်ဘရား။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ တတိယအကြိမ် M.S.M.O ရွေးကောက်ပွဲ ကော်မရှင်ဆရာတော်များကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ မကျေနပ်သဖြင့် စာပို့လာသော ဦးပုညသေဋ္ဌ ကို ပြန်လည်ဖြေရှင်းပေးရန် အတွက် M.S.M.O ကျောင်းသားရုံးခန်းသို့ (31.3.2012) စနေနေ့ ညနေ 2:00 နာရီ ကြွရောက်ပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်ဘုရား။

နေရာ ။ ။ ဖလန်းဆောင်MSMOရုံးခန်း
နေ့ ။ ။ 31.3.2012 စနေနေ့
အချိန် ။ ။ ညနေ 2:00 နာရီ

ဗဟိုကော်မတီ
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)

Monday, March 12, 2012

ရွေးကောက်ပွဲကျင်းပရန်အချိန်နှင့်နေရာသတ်မှတ်

ထိုင်းနိုင်ငံရှိတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော(M.S.M.O)အဖွဲ့ဝင်မြန်မာကျောင်းသားရဟန်းတော်အရှင်သူမြတ်တို့ဘုရား

ဘုရားတပည့်တော်တို့နှစ်စဉ်ကျင်းပမြဲဖြစ်သော (msmo) အဖွဲ့ ၏ နှစ်ပတ်လည် ကျောင်းသားများစုံညီအစည်းဝေးကျင်းပခြင်း၊ ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်းနှင့်တတိယအကြိမ်မြောက်ဗဟိုကော်မတီအသစ်ပြန်လည်ရွေးချယ်ပွဲကို (၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်ပါသောကြောင့် ရွေးကောက်ပွဲကျင်းပမည့် နေရာသို့ မပျက်မကွက်ကြွရောက်တော်မူကြပါရန် ရိုသေစွာဖြင့် ပန်ကြားလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။

နေ့ရက်။ ။(၂၅-၃-၂၀၁၂) တနင်္ဂနွေနေ့
အချိန်။ ။နေ့လည် (၁း၀၀) မှ ညနေ(၆း၀၀)ထိ။
နေရာ။ ။ဝပ်ဘ၀ံကျောင်းတိုက်၊ ဘန်ကောက်။

မှတ်ချက်။ ။ဝပ်တလုံးကျောင်းတိုက်မှ ကားများအကြို/
ပို့စီစဉ်ထားပါသည်ဘုရား။ နေ့လည်(၁၂း၀၀) နာရီကားများစတင်ထွက်ခွာပါမည်။

Wednesday, March 7, 2012

မမိုးမိုးစံမမိုးမိုးနွယ်ညီအမတစုတို့၏ပညာရေးအလှူတော်

M S M O အသင်းကြီးဖြစ်သည့် ကျောင်းသားရဟန်းတော်များအတွက်ရန်ပုံငွေအလှူတော် (၁၁၀၀) ဘတ်ငွေကို လှိုင်ဘွဲမြို့နေ
ဘန်ကောက်မြို့ရောက် စူကူဝစ် မှ မမိုးမိုးစံ မမိုးမိုးနွယ်ညီအမတစုတို့မှ ဖြစ်လေရာဘဝဆက်တိုင်းဥာဏ်ပညာကြီးမားစေလို့သော ဆန္ဒဖြင့်
ပညာရေးအလှုတော်အဖြစ်(၁၁၀၀)ဘတ်ကို ပြန်ကြားရေးဆရာတော်ဦးပညာစာရထံသို့ဆက်ကပ်လှုဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်
၎င်းကုသိုလ်ကောင်းမှု့သည် ၃၁ဘုံသားအားလုံး မမိုးမိုးစံမမိုးမိုးနွယ်တို့နဲ့အတူတကွ သာဓုသာဓုသာဓု ခေါ်ဆိုနိုင်ကြပါစေသော်.....။

Monday, March 5, 2012

မမိုးမိုးစံနဲ့မစိုးစိုးနွယ်တို့၏ ပညာရေးအလှူတော်ငွေ

M S M O အသင်းကြီးဖြစ်သည့် ကျောင်းသားရဟန်းတော်များအတွက်ရန်ပုံငွေအလှူတော် (၁၁၀၀) ဘတ်ငွေကို လှိုင်ဘွဲမြို့နေ
ဘန်ကောက်မြို့ရောက် စုကဝတ် မှ မမိုးမိုးစံ မမိုးမိုးနွယ်ညီအမတစုတို့မှ ဖြစ်လေးရာဘဝဆက်တိုင်းဥာဏ်ပညာကြီးမားစေလို့သော ဆန္ဒဖြင့်
ပညာရေးအလှုတော်အဖြစ်(၁၁၀၀)ဘတ်ကို ပြန်ကြားရေးဆရာတော်ဦးပညာစာရထံသို့ဆက်ကပ်လှုဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်
၎င်းကုသိုလ်ကောင်းမှု့သည် ၃၁ဘုံသားအားလုံး မမိုးမိုးစံမမိုးမိုးနွယ်တို့နဲ့အတူတကွ သာဓုသာဓုသာဓု ခေါ်ဆိုနိုင်ကြပါစေသော်.......

Sunday, March 4, 2012

နှစ်ချုပ်အစည်းဝေးကျင်းပပြီးစီးခြင်း

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားများအဖွဲ့ကြီးဖြစ်သည့် M S M O အသင်းကြီးသည် (၄.၃.၂၀၁၂ )တနင်္ဂနွေနေ့ မွန်းလွဲညနေ ၄ နာရီတွင် အသင်းကြီး၏ အနှစ်ချုပ်အစည်းအဝေးကြီးကိုပြုလုပ်ကျင်းပခဲ့ပါသည်။
၎င်းစည်းဝေးပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး အကြောင်းအရာ (၄) ချက်ကိုတိုင်ပင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
၁ ။ M S M Oအသင်း ကြီး၏ ရွေးကောက်ပွဲရက်ကို ရှေးဦးစွာတိုင်ပင်ကြပြီး (၂၅ .၃ .၂၀၁၂) တနင်္ဂနွေနေ့ကိုအတည်ပြုရွေးချယ်ခဲ့ပြီး အစည်းအဝေး ပြုလုပ်မည့်အချိန်မှာ နေ့လည် (၁)နာရီမှ ညနေ(၆)နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၂ ။ M S M Oအသင်း ကြီး၏ ရွေးကောက်ပွဲကို ကျောင်းသားရဟန်းတော်များ( ၆ ) လပတ်အစည်းဝေးနှင့်ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်း တို့တပြိုင်နက်တည်း ပူးတွဲကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၃ ။ M S M O အသင်းကြီး၏ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်နေရာအား သံဃာတော်များနှင့် အဆင်ပြေမည့်နေရာကို စုံစမ်းနေဆဲဖြစ်ပါသည်။ နေရာအတိအကျငှားရမ်းပြီးလျှင် ထပ်မံ၍ အသိပေးလျှောက်ထားပါမည်။
၎ ။ M S M O အသင်းကြီးသည်လက်ရှိဗဟိုကော်မတီတာဝန်မှပြီးမြောက်တော့မည်ဖြစ်ပါသောကြောင့် ၄င်းရွေးကောက်ပွဲနေ့တွင် ဘဏ္ဍာရေးကိစ္စများကိုအပြီးသတ်လွဲပြောင်းပေးနိုင်ရန်ကြိုတင်ပြင်ဆင်ပြီး တနှစ်တာအတွက် ဝင်ငွေ/ထွက်ငွေအသုံးစာရင်းများကို တပါတည်းရှင်းလင်းတင်ပြပြီး အပြီးသတ်လွဲအပ်ပေးမည်ကိုလဲပြောကြားခဲ့ပါသည်။
၅ ။ အစည်းအဝေး ဆုံးဖြတ်ချက် ၄ ချက်ကို ချမှတ်ပြီး စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

Thursday, March 1, 2012

1 ,3 , 2012 ရောက်ရှိလာသောထေရုပ္ပတ္တိအကျဉ်းချုပ်

အရှင်ဝဏ္ဏိတသာရ ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်

(၁) အရှင်ဝဏ္ဏိတသာရ (B.A)(ဒုတိယနှစ်)
(၂)သက်တော် ၃၁ နှစ်
(၃)သိက္ခာတော် ၁၁ ၀ါ
(၄) အိုင်တီနံပါတ်=၅၃၁၀၁၄၀၁၁၁၁၁၈
(၅)မွေးရပ်ဇာတိ= ပေါက်တောရွာ၊ ပြည်မြို့နယ်၊ ပဲခူးတိုင်း
(၆)မွေးသက္ကရာဇ်= ၂၁၊ ၁၀၊ ၁၉၈၁
(ရ)ပညာဆည်းပူးခဲ့သောကျောင်းတိုက်= မစိုးရိမ်တိုက်(ဟောင်း)
(ဂ) အမြင့်ဆုံးအောင်မြင်ခဲ့သောစာမေးပွဲ= ပထမကြီးတန်း
(၉)လက်ရှိပညာဆည်းပူးနေသော တက္ကသိုလ်= မဟာမကုတက္ကသိုလ်


အရှင်ပညာစက္က ၏ ထေရုပ္ပတ္ထိအကျဉ်းချုပ်
(၁) ဘွဲ့တော် = အရှင်ပညာစက္က ( M.A -2011 )
(၂) သက်တော် = ၃၄ နှစ်
(၃) သိက္ခာတော် =၁၄ ဝါ
(၄) အိုင်တီနံပါတ် = ၅၄၀၁၄၀၅၀၃၃
(၅) မွေးရပ်ဇာတိ = စစ်ကိုင်းတိုင်း ။ ပုလဲမြို့နယ်
(၆) မွေးသက္ကရာဇ် =၁၃၄၀ ခု
(၇) ပညာဆည်းပူးခဲ့သော ကျောင်းတိုက်များ -မဟာသုဗောဓာရုံကျောင်းတိုက်-စစ်ကိုင်းမြို့
(၈) အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ -အစိုးရပထမကြီးတန်း-ဘီအေ အင်ဒိုအာရိယန်
(၉) လက်ရှိပညာဆည်းပူးနေသော တက္ကသိုလ်- မဟာချူလာလောင်ကွန်း


အရှင်နန္ဒသာရ ၏ ထေရုပ္ပတ္ထိအကျဉ်းချုပ်
(၁) ဘွဲ့တော် = အရှင်နန္ဒသာရ ( M.A -2011 )
(၂) သက်တော် = ၂၉ နှစ်
(၃) သိက္ခာတော်= ၁၀ ၀ါ
(၄) အိုင်တီနံပါတ် = ၅၄၀၁၄၀၅၀၁၆
(၅) မွေးရပ်ဇာတိ = ဆီဆိုင်မြို့ / ရှမ်းပြည်တောင်ပိုင်း
(၆) မွေးသက္ကရာဇ် =၁၃၄၄
(၇) ပညာဆည်းပူးခဲ့သော ကျောင်းတိုက်များ -သဓမ္မရံသီပရိယတ္တိစာသင်တိုက်/ သထုံမြို့
(၈) အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ -ပထမလတ်တန်း
(၉) လက်ရှိပညာဆည်းပူးနေသော တက္ကသိုလ်- မဟာချူလာလောင်ကွန်း
Myanmar Student Monks Organization in Thailand. Powered by Blogger.