Sunday, March 4, 2012

နှစ်ချုပ်အစည်းဝေးကျင်းပပြီးစီးခြင်း

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားများအဖွဲ့ကြီးဖြစ်သည့် M S M O အသင်းကြီးသည် (၄.၃.၂၀၁၂ )တနင်္ဂနွေနေ့ မွန်းလွဲညနေ ၄ နာရီတွင် အသင်းကြီး၏ အနှစ်ချုပ်အစည်းအဝေးကြီးကိုပြုလုပ်ကျင်းပခဲ့ပါသည်။
၎င်းစည်းဝေးပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး အကြောင်းအရာ (၄) ချက်ကိုတိုင်ပင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
၁ ။ M S M Oအသင်း ကြီး၏ ရွေးကောက်ပွဲရက်ကို ရှေးဦးစွာတိုင်ပင်ကြပြီး (၂၅ .၃ .၂၀၁၂) တနင်္ဂနွေနေ့ကိုအတည်ပြုရွေးချယ်ခဲ့ပြီး အစည်းအဝေး ပြုလုပ်မည့်အချိန်မှာ နေ့လည် (၁)နာရီမှ ညနေ(၆)နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
၂ ။ M S M Oအသင်း ကြီး၏ ရွေးကောက်ပွဲကို ကျောင်းသားရဟန်းတော်များ( ၆ ) လပတ်အစည်းဝေးနှင့်ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်း တို့တပြိုင်နက်တည်း ပူးတွဲကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၃ ။ M S M O အသင်းကြီး၏ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်နေရာအား သံဃာတော်များနှင့် အဆင်ပြေမည့်နေရာကို စုံစမ်းနေဆဲဖြစ်ပါသည်။ နေရာအတိအကျငှားရမ်းပြီးလျှင် ထပ်မံ၍ အသိပေးလျှောက်ထားပါမည်။
၎ ။ M S M O အသင်းကြီးသည်လက်ရှိဗဟိုကော်မတီတာဝန်မှပြီးမြောက်တော့မည်ဖြစ်ပါသောကြောင့် ၄င်းရွေးကောက်ပွဲနေ့တွင် ဘဏ္ဍာရေးကိစ္စများကိုအပြီးသတ်လွဲပြောင်းပေးနိုင်ရန်ကြိုတင်ပြင်ဆင်ပြီး တနှစ်တာအတွက် ဝင်ငွေ/ထွက်ငွေအသုံးစာရင်းများကို တပါတည်းရှင်းလင်းတင်ပြပြီး အပြီးသတ်လွဲအပ်ပေးမည်ကိုလဲပြောကြားခဲ့ပါသည်။
၅ ။ အစည်းအဝေး ဆုံးဖြတ်ချက် ၄ ချက်ကို ချမှတ်ပြီး စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.