Thursday, May 31, 2012

ပညာရေးဆိုင်ရာ ကော်မတီပြန်လည်ဖွဲ့စည်းခြင်း ပင့်လျှောက်လွှာ

ပင့်လျောက်အပ်ပါသည် ပညာရေးကော်မတီဆရာတော်အရှင်မြတ်သူတို့ဘုရား

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏ မြန်မာပြည်သားများအတွက် ပညာရေးဖြင့် ကူညီပေးရန် ရည်ရွယ်ချက်များဖြင့် အမှတ်စဉ် ၁/၂၀၀၉ မှစတင်၍ ဖွင့်လှစ်သင်ကြားလာခဲ့သည်မှာအခုဆိုလျှင် ၇/၂၀၁၂သို့ရောက်ရှိခဲ့ပြီး၊ ၇/၂၀၁၂ကို ပိတ်ပြီး ၈/၂၀၁၂ကို စတင်တော့မည်ဖြစ်ပါသည်။
ထို့အပြင် တာဝန်ပြီးဆုံးတော့မည်ဖြစ်သော ဒုတိယအကြိမ်မြှောက် ပညာရေးကော်မတီ အဖွဲ့နေရာများတွင် တတိယအကြိမ်မြှောက် ပညာရေးကော်မတီ အဖွဲ့ဝင်သစ်များဖြင့် အစားထိုးခြင်းနှင့် သင်တန်းအသစ်များ ဆက်လက်ဖွင့်လှစ် သင်ကြားနိုင်ရန် ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် အသစ်တစ်ဖန် ဖွင့်လှစ်တော့မည့် ၈/၂၀၁၂ သင်းတန်းသစ်အတွက် ဆက်လက်ပညာဒါန ပြုနိုင်/မနိုင် ပြန်လည်အကြောင်းကြားပေးပါရန် ရိုသေစွာဖြင့် ပန်ကြားလျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။
ကျင်းပမည့်အချိန်။ နေ့လည် ၂းဝဝ
ကျင်းပမည့် နေ့ ရက်။ ၂/6/၂၀၁၂ စနေနေ့ 
ကျင်းပမည့်နေရာ။ MSMO ရုံးခန်း၆၃/ ဖလန်း ၂

Tuesday, May 22, 2012

K.DD မိသားစု

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ M.S.M.O အား ထိုင်းနိုင်ငံရောက် K.DD မိသားစု (၇) ရက်သားသမီးများမှ  လစဉ်ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ရာ 13,05,2012 နေ့တွင်လည်း ဘတ်၂၄၂၀ ဘတ်တိတိကို လှူဒါန်းသွားကြောင်းသိရပါသည်။

Sunday, May 20, 2012

8/2012 M.S.M.O သင်တန်းစတင်မည်

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ M.S.M.O ကို 2009 ခုနှစ်မှမစတင်ဖွဲ့စည်းခဲ့ပြီး ၄င်းအဖွဲ့၏ ရုံးခန်းမှာ ဖလန်စောင် ၆၃ လမ်းမှာတည်ရှိပြီး ထိုရုံးခန်းတွင် မြန်မာပြည်သူပြည်သားများအတွက် English Speaking, Thai Speaking, Abhidhamma and Computer, အခြေခံသင်တန်းများကို ကျောင်းသားရဟန်းတော်များကိုယ်တိုင် အခမဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။ သင်တန်းကို ၄ လ တကြိမ် သင်ကြားလာခဲ့ရာ 27,05,2012 တွင် 7/2012 ပြီးဆုံးမှာဖြစ်ပြီး 03,06,2012 တွင် သင်တန်းသစ်ပြန်လည်စတင်မှာဖြစ်ကြောင်း သိရှိရပါသည်။

သဟပုညကာရီ

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ မြန်မာမိသားစု သဟပုညကာရီအသင်းမှ ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအား လစဉ် ကျောင်းသားရဟန်းတော် ၅ ပါးစီ ပင့်ဖိတ်လျှက် ထိုကျောင်းသားအဖွဲ့အား ၇ ကြိမ်တိုင် ထောက်ပံ့လှူဒါန်းလာခဲ့ရာ 05,05,2012 ကဆုန်လပည့် ဗုဒ္ဓနေ့တွင်လည်း ၄င်း M.S.M.O အဖွဲ့သို့ 7570 ဘတ်တိတိ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

Tuesday, May 1, 2012

သားမြေးတို့တွက် ကြိုးစားစို

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

• သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊

( မင်းသုဝဏ် )

V.T စက်ရုံမိသားစု

01,05,2012 ယနေ့တွင် ထိုင်းနိုင်ငံ V.T စက်ရုံမိသားစု ထာဝရအလှူရှင်များမှ M.S.M.O မြန်မာကျောင်းသားရဟန်းတော်များ၏ ကျောင်းသားရုံးခန်း ရေမီးဖိုးအတွက် ဘတ်ငွေ 1100 လှူဒါန်းသွားကြောင်း သိရှိရပါသည်။
Myanmar Student Monks Organization in Thailand. Powered by Blogger.