Thursday, May 31, 2012

ပညာရေးဆိုင်ရာ ကော်မတီပြန်လည်ဖွဲ့စည်းခြင်း ပင့်လျှောက်လွှာ

ပင့်လျောက်အပ်ပါသည် ပညာရေးကော်မတီဆရာတော်အရှင်မြတ်သူတို့ဘုရား

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏ မြန်မာပြည်သားများအတွက် ပညာရေးဖြင့် ကူညီပေးရန် ရည်ရွယ်ချက်များဖြင့် အမှတ်စဉ် ၁/၂၀၀၉ မှစတင်၍ ဖွင့်လှစ်သင်ကြားလာခဲ့သည်မှာအခုဆိုလျှင် ၇/၂၀၁၂သို့ရောက်ရှိခဲ့ပြီး၊ ၇/၂၀၁၂ကို ပိတ်ပြီး ၈/၂၀၁၂ကို စတင်တော့မည်ဖြစ်ပါသည်။
ထို့အပြင် တာဝန်ပြီးဆုံးတော့မည်ဖြစ်သော ဒုတိယအကြိမ်မြှောက် ပညာရေးကော်မတီ အဖွဲ့နေရာများတွင် တတိယအကြိမ်မြှောက် ပညာရေးကော်မတီ အဖွဲ့ဝင်သစ်များဖြင့် အစားထိုးခြင်းနှင့် သင်တန်းအသစ်များ ဆက်လက်ဖွင့်လှစ် သင်ကြားနိုင်ရန် ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် အသစ်တစ်ဖန် ဖွင့်လှစ်တော့မည့် ၈/၂၀၁၂ သင်းတန်းသစ်အတွက် ဆက်လက်ပညာဒါန ပြုနိုင်/မနိုင် ပြန်လည်အကြောင်းကြားပေးပါရန် ရိုသေစွာဖြင့် ပန်ကြားလျှောက်ထားအပ်ပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား။
ကျင်းပမည့်အချိန်။ နေ့လည် ၂းဝဝ
ကျင်းပမည့် နေ့ ရက်။ ၂/6/၂၀၁၂ စနေနေ့ 
ကျင်းပမည့်နေရာ။ MSMO ရုံးခန်း၆၃/ ဖလန်း ၂

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.