Monday, July 30, 2012

ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ မဲကျသံဃာတော်များ

မဲပေါက်သံဃာတွေစာရင်း...
 
မဟာချိုင်မြို့၊ တလာကုန်းရပ်၊ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲ
မဲပေါက်သံဃာတော်များ၊၊(၂-၈-၂၀၁၂)ကြာသပတေးနေ့
၁။ဦးတေဇဓမ္မ(ဥက္ကဋ္ဌ)
၂။ဦးကုဏ္ဍလ(ဘီအေ၊ဒုတိယနှစ်)မဟာချူလာ
၃။ဦးကောဝိဒ(ဘီအေ၊ဒုတိယနှစ်)မဟာချူလာ
၎။ဦးသုနန္ဒ(ဘီအေ၊ဒုတိယနှစ်)မဟာမကု
၅။ဦးတိဿ(ဘီအေ၊ဒုတိယနှစ်)မဟာချူလာ
၆။ဦးနန္ဒသာရ(M.A-ဒုတိယနှစ်)
၇။ဦးဇဋိလ(M.A-Thesis)
၈။ဦးတိက္ခဥာဏ(M.A-Thesis)
၉။ဦးဝဏ္ဏ(ဘီအေ၊ဒုတိယနှစ်)မဟာချူလာ
 
မှတ်ချက်။ ။နံက်(၉း၃၀)၀ပ်တလုံး ကျောင်းသို့ ကားလာကြိုပါမည်။
 
Posted by : ပြန့်ကြားရေး

Sunday, July 22, 2012

မေတ္တာရပ်ခံ အသိပေးလွှာ

MSMO ကျောင်းသားဝက်ဆိုဒ်သည် အများစုအားဖြင့် ကျောင်းသားရေးရာ အစည်းအဝေးမှတ်တမ်း၊ ဘဏ္ဍာရှင်းတမ်းများသာ တင်သောပို့စ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားအများစုနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ်ရှိသော အချက်များကို တစ်ဦးချင်းစီ ဖြေရှင်းရန် မလွယ်ကူသောကြောင့် ဘလော့၌ တင်ခြင်းအားဖြင့် အားလုံးအမြင် ရှင်းသွားပေ၏။ ထိုင်းနိုင်ငံကျောင်းသားဝက်ဆိုဒ်သည် အခြားသောနိုင်ငံ ကျောင်းသားအဖွဲ့အစည်းနှင့် မတူပေ၊ အကြောင်းကား လူပုဂ္ဂိုလ်များနှင့် များစွာဆက်ဆံရ၍  အဖွဲ့အစည်းနှင့် ဆက်စပ်သော ပြုဖွယ်ကိစ္စကား များလှပေသည်။ အချင်းချင်း သံသယဖြစ်ဘို့ရန်လဲ လွယ်ကူပေ၏။ ထို့ကြောင့် MSMO ၀က်ဆိုဒ်၌ အစည်းအဝေးမှတ်တမ်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများသာ ဦးစားပေးတင်ရခြင်း ဖြစ်ပါသည်။ ယခုခေတ် အခါ၌ ဗဟုသုတ ရစေသော ၀က်ဆိုဒ်များမှာ မှိုလိုပေါက်နေပါသည်၊ မိမိတို့ အနေဖြင့် ပြင်ပဗဟုသုတ များစွာဖတ်လိုသော် နာမည်ကြီးဝက်ဆိုဒ်များစွာကို ရှာဖွေဖတ်ရှူဘို့ လိုပေသည်။ ခြွင်းချက်အားဖြင့် မိမိတို့ရဲ့ သုတ ဟာသ ပညာပေး ဘာသာရေး ဆောင်းပါးတို့ကို ၀က်ဆိုဒ်၌
တင်လိုသည်ရှိသော် ကျောင်သားမေးလ်များသို့ ပေးပို့နိုင်ပါသည်။ စာဖတ်သူများကို အကျိုးပြု အထောက်အကူဖြစ်စေပါက မိမိတို့ ဆောင်းပါးအား ဘလော့ဂ်၌ တင်ပြပေးသွားပါမည်။ သို့ဖြစ်ပါ၍ ဤ၀က်ဆိုဒ်၌ အများစုအားဖြင့် ဘဏ္ဍာရေးနှင့် အစည်းအဝေး မှတ်တမ်းများသာ ဦးစားပေးတင်ခြင်း ဖြစ်ပါ၍ စာဖတ်သူ ဘလော့ဂ်ကြည့်သူများအား နားလည်မှုရှိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်/ တတ်နိုင်သ၍ အခြားဗဟုသုတ ဖြစ်ဖွယ်ဆောင်းပါးတို့ကိုလဲ အလျှင်းသင့်သလို တင်ပြပေးသွားပါမည်။

ကျောင်းသားမေးလ်များ။ ။ msmothailand@gmail.com & informgroup1@gmail.com

Posted by: ပြန့်ကြားရေး

ခဲလှိုင်ရပ် တရားပွဲ


                                                 ခဲလှိုင်ရပ် တရားဓမ္မချီးမြှင့်ပွဲ မှတ်တမ်းပုံ



15/07/2012 တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့သော မဟာချိုင်မြို့၊ ခဲလှိုင်ရပ်၊ ခဲလှိုင်သာသနာပြု အကျိုးတော်ဆောင်လူငယ်များမှ ကြီးမှူးကျင်းပသောကျောင်းသားရဟန်းတော် (9)ပါးတို့အား ပညာရေးအလှူ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲတွင် အလှူငွေ ၇၄၃၇၄ ဘတ်တိတိကို MSMOအသင်း၏ ရန်ပုံငွေအဖြစ် လက်ခံရရှိပြီး ဘဏ္ဍာရေးမှူးများထံတွင် အပ်နှံပြီးကြောင်း  သိရှိရပါသည်။




Posted by: ပြန့်ကြားရေး

Sunday, July 15, 2012

ဗဟိုကော်မတီဝင် အစည်းအဝေးမှ မှတ်ချက်များ

11,07,2012..

၁။ သြဂုတ် ၂၂ရက်၊၂၀၁၂ ကျောင်းသားရုံးခန်း၌ ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲ ပြုလုပ်မှာဖြစ်ချင်း၊(ပင့်သံဃာ ၁၅ပါး)
၂။ ၎င်းပွဲအတွက် တာဝန်အသီးသီး ခွဲယူချင်း၊
၃။ ပညာရေးအဖွဲ့အစည်းနှင့် တရားပွဲဖြစ်မြောက်ရေး အဖွဲ့အစည်းမှ ၎င်းတို့ ရေးဆွဲထားသော အချက်အလက်များကို ဗဟိုကော်မတီသို့တင်ပြချင်း၊
၎။ MSMO အသင်းအတွက် Facebook အကောင့်ဖွင့်မှာ ဖြစ်ချင်း စသည်တို့ကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

မှတ်ချက်/ ကျောင်းသားများ၏ကိုယ်စား အသင်းအတွက် ဓမ္မကထိကဆရာတော် ၁၀ပါး ရွေးချယ်သွားပါမည်၊   အသေးစိတ်ကို စည်းမျဉ်းများ အတည်ကျသတ်မှတ်ပြီးမှသာ တင်ပြသွားပါမည်။

မိမိတို့လျှောက်ထား မေးမြန်းလိုတာများရှိပါက  informgroup1@gmail.com & msmothailand@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Posted by: ပြန့်ကြားရေး


မှတ်ချက်။ ။11, 07, 2012 နေ့၌ ပြုလုပ်ခဲ့သော ဗဟိုကော်မတီအစည်းအဝေးမှ မှတ်တမ်းပုံရိပ်များ ဖြစ်ပါသည်။

Posted by: ပြန့်ကြားရေး

Monday, July 9, 2012

ဝါဆိုပွဲအတွက် အစည်းအဝေးဖိတ်ကြားလွှာ



ဝါဆိုပွဲအတွက် အစည်းအဝေးဖိတ်ကြားလွှာ


မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ တာဝန်ဆောင် ဗဟိုကော်မတီဝင် ဆရာတော်တို့ဘုရား   အသင်းရုံးခန်းနှင့်သင်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပပြုလုပ်ရန် ရှိပါသောကြောင့် ယင်းပွဲနှင့်ပါတ်သက်၍ စည်းဝေးတိုင်ပင်ကြရန် ဗဟိုကော်မတီဝင်အားလုံးအား အစည်းအဝေးသို့ တက်ရောက်ရန်ဖိတ်ကြားအပ်ပါသည်။



နေရက်။           11/07/2012 Wednesday(ဥပုသ်နေ့)
အချိန်။             02:00 PM
နေရာ။             M.S.M.O Office & Training School


Posted By: : ပြန့်ကြားရေး

Saturday, July 7, 2012

MSMO ကျောင်းသားရုံးခန်း အပတ်စဉ် အလှည့်ကျရုံးထိုင် ဆရာတော်များ...

၁။ ဦးပညာစက္က(M.A)၊ ဦးရာဇိန္ဒ(M.A)၊ ဦးဝိသုဒ္ဓ (B.A 3rd)၊ ဦးဣန္ဒမဉ္ဖူ(B.A 2nd)။  (လစဉ် ပထမပတ်)

၂။ ဦးဝဏ္ဏိတသာရ(B.A 3rd)၊ ဦးနန္ဒသာရ(M.A)၊ ဦးဂန္ဓသာရ(B.A final)ဦးသြဘာသ (Ph.D course)။  (လစဉ် ဒုတိယပတ်)

၃။ ဦးအဂ္ဂ(B.A final)၊ ဦးဝိသုဒ္ဓ (B.A final)၊ ဦးသြဘာသ(B.A 2nd) ဦးသုန္ဒရ(M.A.)။  (လစဉ် တတိယပတ်)

၎။ ဦးပညာဇောတ(M.A)၊ ဦးပုညသေဋ္ဌ(M.A)၊ဦးရေ၀တ(B.A 2nd)၊ ဦးဝိယတ္တ(B.A 3rd)။  (လစဉ် စတုတ္ထပတ်)



မှတ်ချက်။ ။အထက်ပါ ဆရာတော်များသည် မိမိအလှည့်ကျရာ အပတ်စဉ်များ၌ MSMO ကျောင်းသားရုံးခန်း ထိုင်ပေးရန်ဖြစ်ပါသည်။ အဖွဲ့ ၁ ဆရာတော်များသည် 08, 07, 2012 မှစ၍ ရုံးထိုင်တာဝန်ကျပါသည်။ လ ၁လ၏ ပထမအပတ်သည် အဖွဲ့(၁)၊ ဒုတိယပတ်သည် အဖွဲ့(၂)၊ တတိယပတ်သည် အဖွဲ့(၃)၊ စတုတ္ထအပတ်သည် အဖွဲ့(၄) စသည်ဖြင့် အသီးသီး တာဝန်များကျပါသည်။

Posted by: : ပြန့်ကြားရေး

Tuesday, July 3, 2012



အသိပေးလျှောက်ထားလွှာ


မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ကော်မတီဝင်ဆရာတော်တို့ဘုရား ကျောင်းသား အသင်းကို ဦးတည်၍ပင်လျှောက်လာသောအလှူပွဲများရှိပါသည်။ယင်းပွဲများကိုအောက်တွင်ဇယားဖြင့်ဖော်ပြထားပါသည်။ အချို့ပွဲများတွင် တရားဟော ဓမ္မကထိကကို သီးသန့်ပင့်လျှောက်လာသည်များရှိပါသည်။ သို့အတွက်ကြောင့် ဒကာ/ဒကာမများ၏ ဆန္ဒအရသော်၎င်း၊ အသင်း၏အကျိုးတွက်သော်၎င်း ရှေရှု၍ တရားဟောဆရာတော်ကို သီသန့်ပင့်လျှောက်လာလျှင် နာမည်တပ်၍လျှောက်ထားလာသော ဆရာတော်ကို စီစဉ်ပေးမည်ဖြစ်ကြောင်း အသိပေးလျှောက်ထားအပ်ပါသည်။ ယင်းဆရာတော်မရရှိသော် သင့်တော်သောတစ်ပါးပါးစီစဉ်ပေးပါမည်။ သီးသန့်ပင်လျှောက်လာခြင်းမရှိလျှင်မဲကျသံဃာများမှထေရ်စဉ်အလိုက်သော်၎င်း၊သင့်တော်သောတစ်ပါးပါးမှသော်၎င်း ဟောကြားပေးရန်လျှောက်ထားအပ်ပါသည်။

အလှူပွဲစာရင်း

 
နေ့ရက်
အချိန်
ပွဲ
နေရာ
ပင့်လျှောက်သူ
08/07/2012
နံနက်(၈း၃၀)
(၂၇)ပါး
ဆွမ်းလောင်း
(၂၇)ပါးမဲချရပါမည်။
စန္ဒိဘဝံဓမ္မာရုံ
ဦးဝိသုဒ္ဓ(B.A 3rd )
တရားချီးမြှင့်ရန် သီးသန့်လျှောက်ထား
ခြင်းမရှိ
15/07/2012
နေ့ဆွမ်း()ပါး
ပညာရေးရန်ပုံငွေနှင့်ဝါဆိုသင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲ (သင်္ကန်းမှဖြစ်ပေါ်လာသောဝတ္ထုနှင့် ဓမ္မပူဇာကို အသင်းတွက်လှူဒါန်းပါမည်။)
()ပါးမဲချရပါမည်။
ခဲလှိုင်
ကိုဝတုပ်
0851837263
ဦးတေဇ(ဥက္ကဋ္ဌ)
အားတရားချီးမြှင့်
ရန်လျှောက်ပါသည်။
12/08/2012
နေ့ဆွမ်း()ပါး
ညအိပ်ကြွရမည်
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
()ပါးမဲချရပါမည်။
စရပူရီ
ကိုမင်းမင်း
0804277060
ဦးသြဘာသ(တွင်း2)
အားတရားချီးမြှင့်ရန်
လျှောက်ထားလာပါ
သည်။






မှတ်ချက်။         ။သံဃာစာရင်းမဲချပေးခြင်းနှင့်  သင်္ကန်းပရိက္ခရာများ စီစဉ်ပေးခြင်းကို အတွင်းရေးမှူးနှစ်ပါးမှ စီစဉ်ပေးမည်ဖြစ်ပါသည်။


Posted by: ပြန့်ကြားရေး 
 သဟပုညကာရီ အသင်း၏ ဘဏ္ဍာငွေ ထောက်ပံ့လှူဒါန်းခြင်း

၃.၇.၂၀၁၂  နေ့လည် ၁နာရီအချိန်တွင်  အတွင်းရေးမှူး( ၂) ဦးသြဘာသမှ  သဟပုညကာရီအသင်း
လှူဒါန်းထားသော ကျောင်းသားဘဏ္ဍာငွေ ၁၃၆၀၀ (တစ်သောင်း သုံးထောင် ခြောက်ရာ)ဘတ်တိတိကို ဘဏ္ဍာရေးမှူး(၂)ဆရာတော်ဦးပုညသေဋ္ဌထံသို့အပ်နှံခဲ့ပါကြောင်း သိရှိရပါသည်။

Posted by: ပြန့်ကြားရေး
Myanmar Student Monks Organization in Thailand. Powered by Blogger.