Sunday, July 22, 2012

မေတ္တာရပ်ခံ အသိပေးလွှာ

MSMO ကျောင်းသားဝက်ဆိုဒ်သည် အများစုအားဖြင့် ကျောင်းသားရေးရာ အစည်းအဝေးမှတ်တမ်း၊ ဘဏ္ဍာရှင်းတမ်းများသာ တင်သောပို့စ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားအများစုနှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ်ရှိသော အချက်များကို တစ်ဦးချင်းစီ ဖြေရှင်းရန် မလွယ်ကူသောကြောင့် ဘလော့၌ တင်ခြင်းအားဖြင့် အားလုံးအမြင် ရှင်းသွားပေ၏။ ထိုင်းနိုင်ငံကျောင်းသားဝက်ဆိုဒ်သည် အခြားသောနိုင်ငံ ကျောင်းသားအဖွဲ့အစည်းနှင့် မတူပေ၊ အကြောင်းကား လူပုဂ္ဂိုလ်များနှင့် များစွာဆက်ဆံရ၍  အဖွဲ့အစည်းနှင့် ဆက်စပ်သော ပြုဖွယ်ကိစ္စကား များလှပေသည်။ အချင်းချင်း သံသယဖြစ်ဘို့ရန်လဲ လွယ်ကူပေ၏။ ထို့ကြောင့် MSMO ၀က်ဆိုဒ်၌ အစည်းအဝေးမှတ်တမ်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများသာ ဦးစားပေးတင်ရခြင်း ဖြစ်ပါသည်။ ယခုခေတ် အခါ၌ ဗဟုသုတ ရစေသော ၀က်ဆိုဒ်များမှာ မှိုလိုပေါက်နေပါသည်၊ မိမိတို့ အနေဖြင့် ပြင်ပဗဟုသုတ များစွာဖတ်လိုသော် နာမည်ကြီးဝက်ဆိုဒ်များစွာကို ရှာဖွေဖတ်ရှူဘို့ လိုပေသည်။ ခြွင်းချက်အားဖြင့် မိမိတို့ရဲ့ သုတ ဟာသ ပညာပေး ဘာသာရေး ဆောင်းပါးတို့ကို ၀က်ဆိုဒ်၌
တင်လိုသည်ရှိသော် ကျောင်သားမေးလ်များသို့ ပေးပို့နိုင်ပါသည်။ စာဖတ်သူများကို အကျိုးပြု အထောက်အကူဖြစ်စေပါက မိမိတို့ ဆောင်းပါးအား ဘလော့ဂ်၌ တင်ပြပေးသွားပါမည်။ သို့ဖြစ်ပါ၍ ဤ၀က်ဆိုဒ်၌ အများစုအားဖြင့် ဘဏ္ဍာရေးနှင့် အစည်းအဝေး မှတ်တမ်းများသာ ဦးစားပေးတင်ခြင်း ဖြစ်ပါ၍ စာဖတ်သူ ဘလော့ဂ်ကြည့်သူများအား နားလည်မှုရှိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်/ တတ်နိုင်သ၍ အခြားဗဟုသုတ ဖြစ်ဖွယ်ဆောင်းပါးတို့ကိုလဲ အလျှင်းသင့်သလို တင်ပြပေးသွားပါမည်။

ကျောင်းသားမေးလ်များ။ ။ msmothailand@gmail.com & informgroup1@gmail.com

Posted by: ပြန့်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.