Wednesday, October 31, 2012

တလာကုန်းမိသားစု

ထိုင်းနိုင်ငံ မဟာချိုင်ရပ် တလာကုန်းမိသားစုမှ 30,10,2012 နေ့တွင် သံဃာတော်အရှင်သူမြတ်တို့အား  ဆွမ်းဆန်စိမ်းလောင်းလှူ၍ ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ M.S.M.O သို့ အလှူတော်ငွေ 9200 ဘတ်လှူဒါန်းငွေကို ဦးပုညသေဋ္ဌမှ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။



Monday, October 22, 2012

ဗဟိုကော်မတီ ကထိန်အစည်းအဝေး ဆုံးဖြတ်ချက်

၁) သင်ကြားရေးဆရာတော်များအား ကထိန်ပင့်သံဃာအဖြစ် သတ်မှတ်ချင်း၊
၂) ကထိန်ဖြစ်မြောက်ရေးကော်မတီကို ဗဟိုကော်မတီ ၆ပါးဖြင့် ဖွဲ့စည်းချင်း၊
၃) ဗဟိုကော်မတီ အစည်းအဝေးသို့ ကြွရောက်သည့် အကျိုးဆောင်ဗဟိုကော်မတီဆရာတော်များအား ခရီးစရိတ်ထက်ဝက်အဖြစ် တပါးလျှင် ၁၂၀ဘတ်ကို ထောက်ပံ့ချင်း၊
၎) MSMO ကျောင်းသားရုံးခန်း ကထိန်ကို 25,11,2012 အဖြစ် သတ်မှတ်ချင်း၊
၅) ၆လပတ် ကျောင်းသားထောက်ပံ့ပွဲမတိုင်မှီ ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်မှာဖြစ်ချင်း

စသည်အကြောင်းအရာတို့ကို 22,10,2012 နေ့၌ ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေး၌ တိုင်ပင်ဆုံးဖြတ် ခဲ့ကြပါသည်။

Posted by: ပြန့်ကြားရေး

Thursday, October 18, 2012

ဗဟိုကော်မတီအစည်းအဝေး


အစည်းအဝေးဖိတ်ကြားလွှာ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ဗဟိုကော်မတီဝင်ဆရာတော်တို့ဘုရား   အသင်းရုံးခန်နှင့်သင်တန်းကျောင်တွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ရန် ရှိပါသောကြောင့် ယင်းပွဲနှင့်ပါတ်သက်၍ စည်းဝေးတိုင်ပင်ကြရန် ဗဟိုကော်မတီဝင်အားလုံးအား အစည်းအဝေးဖိတ်ကြားအပ်ပါသည်။

နေရက်။           22-10-2012
အချိန်။             02:00 PM
နေရာ။             M.S.M.O Office & Training School 


Posted by: ပြန်ကြားရေး

Sunday, October 14, 2012

MSMO၏ ပညာရေးရံပုံငွေ ဆက်ကပ်လှူဒါန်းခြင်း



   ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ ပညာသင်စရိတ်အတွက်
   လကပန်  ချာလောင်ကုန်း ဆွယ်(၃၃) ဆွယ်လုနဖာ စက်ရုံမြန်မာအလုပ်သမား
  များမှ စုပေါင်းကာ  ဘဏ္ဍာရေးမှူး(၂) ဦးပုညသေဋ္ဌအား ဘတ်ငွေ 9800 တိတိကို 14,10,2012ရက်နေ့၌   လာရောက်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

Posted by: ပြန့်ကြားရေး

Saturday, October 13, 2012

ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းပွဲနှင့် ၆လပတ်အစည်းအဝေးပွဲ

1) 08,10,2012 နေ့၌ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၆လပတ်ကျောင်းသားစုံညီစည်းဝေးပွဲနှင့်တပါးလျှင်ပညာသင်စရိတ် ထောက်ပံ့ငွေ2000ဘတ်ကို24,11,2012နေ့၌ အသီးသီး ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း၊

2) ၎င်းနေ့မှာပင် လစ်လပ်သွားသော MSMOအသင်း၏ ဒုတိယဥက္ကဋ္ဌနေရာအား ပြန်လည်ရွေးကောက်သွားပါမည်။ အရွေးခံဆရာတော်များမှာ  ၁)ဦးပညာဇောတ(M.A thesis,)၊ ၂)ဦးအာစိဏ်ဏ(MB.A) ၃) ဦးသြဘာသ (B.A 3rd) တို့ဖြစ်ပါသည်။

3) ၎င်းအစည်းအဝေးနေ့၌ ထောက်ပံ့ငွေဘတ် 2000အား ကျောင်းသားအသင်းဝင်များသည် ဘဏ္ဍာရေးမှူးဆရာတော်များထံမှ ကိုယ်တိုင်ထုတ်ယူရမည် ဖြစ်ပါသည်။

မှတ်ချက်/ ဘန်ကောက်မြို့ရှိ တက္ကသိုလ်များမှတပါး အခြားမြို့ရှိ တက္ကသိုလ်များ၌ တက်ရောက်နေသော MSMOကျောင်းသားအသင်းဝင်များအနေဖြင့် အကြောင်းတစုံတရာရှိပါက ဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ကြိုတင်အသိပေးလျှောက်ထားနိုင်ပါသည်ဘုရား။

E-mail: msmothailand@gmail.com
Mobile: 0835592320 ( ပြန့်ကြားရေး)
             0846714772  (ပြန့်ကြားရေး)

အချိန်။ ။ နံနက် 8:30 to 11 am, and  12:30 to 3:30pm.
နေ့ရက်။ ။ 24,11,2012 စနေနေ့
နေရာ။ ။ ၀ပ်တလုံးကျောင်းတိုက်၊ ကျလန် ၁၃၊ ဘန်ခဲ

Posted by: ပြန်ကြားရေး


Friday, October 5, 2012

ကျောင်းသားပညာရေးရံပုံငွေ ပေးအပ်လှူဒါန်းခြင်း




သဟပုညကာရီအသင်းမှ လစဉ်MSMOကျောင်းသား ရံပုံငွေ 12000ဘတ်ကို လှူဒါန်းရာ အတွင်းရေးမှူး(၂)ဦးသြဘာသမှ လက်ခံ၍ ဘဏ္ဍာရေးမှူး(၂)ဦးပုညသေဋ္ဌထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

30,9,2012




Posted by: ပြန့်ကြားရေး
Myanmar Student Monks Organization in Thailand. Powered by Blogger.