Saturday, December 28, 2013

MSMO ဗဟိုကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ

မြန်မာကျောင်းသား ရဟန်းတော်များ(ထိုင်းနိုင်ငံ) ၏ ဒုတိယအကြိမ်ထွက်ရှိသော စာအုပ်များ လှူဒါန်းရေး ဖြန့်ချီရေးတာဝန်များခွဲယူရေး၊ MSMO ပညာဒါနသင်တန်းဆင်းပွဲ အခမ်းအနားနှင့် ဆရာသစ်များ ခန့်အပ်ရေးစသည့်ကိစ္စရပ်များကို ဗဟိုကော်မတီအဖွဲ့ဝင်ဆရာတော်များမှ စည်းဝေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။ (28,12,2013)

စာအုပ်ဖြန့်ချီရေးနှင့်ထိမ်းသိမ်းရေးတာဝန်များ

၁) မဂ္ဂဇင်း ၁ အုပ်လျှင် ၅၀ ဘတ်၊
                 
 ၂)                       အုပ်ရေ
(က) ဦးရာဇိန္ဒ-         ၅၀၀
(ခ) ဦးသုဝဏ္ဏ-         ၅၀၀
(ဂ) ဦးစန္ဒဇောတိ-     ၅၀၀
(ဃ) MSMO ရုံးခန်း   ၁၅၀၀
အုပ်ရေ စုစုပေါင်း-     ၃၀၀၀

၃) ဘတ် ၁သောင်းအထက် အလှူငွေထည့်သော အသင်းအား မေတ္တာလက်ဆောင်  ၅၀ အုပ်၊
၎) ဘတ် ၂သောင်းအထက် အလှူငွေထည့်သော အသင်းအား မေတ္တာလက်ဆောင်  ၁၀၀ အုပ်၊
၅) ဘတ် ၅ထောင်အထက်  အလှူငွေထည့်သော အသင်းအား မေတ္တာလက်ဆောင်  ၃ အုပ်၊
၆) ဘတ် ၅ထောင်အောက်  အလှူငွေထည့်သော အသင်းအား မေတ္တာလက်ဆောင် ၁ အုပ်၊
၇) အောတောနှင့်တလကုန်း လစဉ်ပညာသင်စရိတ်ထောက်ပံ့သော အသင်းများအား မေတ္တာလက်ဆောင် ၂၀အုပ်စီ၊
၈) မြန်မာကျောင်းသား ရဟန်းတော်များအား တစ်ပါးလျှင် ၁အုပ်( တာဝန်ခံ ဦးသုဝဏ္ဏ-BA 3rd)
၉) စာမူရှင်၊ ကဗျာရှင်၊ ဘွဲ့ရ သံဃာတော်များနှင့် သြ၀ါဒါစရိယဆရာတော်များ တစ်ပါးလျှင် ၃အုပ်စီ၊
၁၀) သင်ကြားရေးဆရာတော်များနှင့် MSMOကျောင်း ဝေယျာဝစ္စအသင်းသားများ ၁အုပ်စီ၊

အထူးမှတ်ချက်။ ။အထက်ပါ အကြောင်းများမှအပ ကျန်ရှိသော ၂၅၀၀ခန့်သော စာအုပ်များကို တစ်အုပ်လျှင် ၅၀ ဘတ်ဖြင့် ဖြန်ချီ၍ ဓမ္မဒါနပြုနိုင်ပါကြောင်း...





By: ပြန်ကြားရေး (28,12,2013)

Wednesday, December 4, 2013

ဗဟိုကော်မတီအစည်း အဝေးပင့်လျှောက်လွှာပါဘုရား

ဗဟိုကော်မတီဝင် ဆရာတော်များဘုရား                           
မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (ထိုင်း) မှဦးဆောင်၍ တိပိဋက ဆရာတော်ကြီးများအား ပူဇော်ပွဲကျင်းပပြုလုပ်ရန်ရှိပါသည် ထို့ကြောင့် ၄င်း အကြောင်း အရာများကို  ဆွေးနွေး တိုင်ပင်ရန် အတွက် ဗဟိုကော်မတီဝင်များ၏  အစည်းအဝေးကို (7/12/ 2013)  နေ့ ကျောင်းသားရုံးခန်း တွင် ကျင်းပရန်ရှိသောကြောင့် ဗဟိုကော်မတီ ဆရာတော်များ မပျက်မကွက် ကြွရောက်ကြပါရန် ရိုသေ စွာလျှောက်ထားအပ်ပါသည်ဘုရား။

အချိန်- နေ့လည် ၂း၀၀နာရီ
နေရာ -ဖလန်းဆောင် (စွယ် ၆၃) ကျောင်းသားရုံးခန်း

byး ပြန်ကြားရေ 4/12/2013

Monday, November 25, 2013

မြန်မာကျောင်းသား ရဟန်းတော်များ ကြွရောက်လက်ခံ

မြန်မာ ကျောင်းသားရဟန်းတော်များဘုရား
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်း) မှ ဦးစီး၍ မြန်မာ တကာ တကာမများမှ 
လှူ ဒါန်းသော  ခေါင်းအုံး၊ ခြင်ထောင်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုပ်ပ၀ါ ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမုန့် ၊ စသည့်အသုံးအဆောင်များကို  မဟာချူလာလောင်ကွန်း တက္ကသိုလ် ၊ (B )အဆောင်၊ အခန်း (၂၁၉) သို့ လာရောက်ထုတ်နိုင်ယူပါသည်ဘုရား။
by: ပြန်ကြားရေး ( မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့)
 ၂၅.၁၁.၂၀၁၃

Monday, November 18, 2013

အသိပေးလျှောက်ထားလွှာ

18/11/2013
ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ ရုံးခန်းတွင် ဗဟိုကော်မတီဝင် ဆရာတော်များ အစည်း အဝေးပြုလုပ် အောက်ပါ ဆုံးဖြတ်ချက်များကို အတည်ပြု ဆုံးဖြတ်ခဲ့ကြပါသည်။
၁၊ အတွင်းရေးမှုး (၁) ဆရာတော် ဦးပုညသေဌ ၏ အ သင်းမှ နှုတ်ထွက် ခွင့်ပေးပါ ရန်လျှောက် ထားခြင်းအား ဗဟို ကော်မတီဝင်ဆရာတော်များမှ နှုတ်ထွက်ခွင့် အတည်ပြုပေးခြင်း၊
၂၊ ဘဏ္ဍာရေးမှုး (၃) ဆရာတော် ဦးဝိသုဒ္ဓ (ယော) ၏ အသင်းမှ နှုတ်ထွက် ခွင့်ပေးပါ ရန်လျှောက် ထားခြင်းအား နှုတ်ထွက်ခွင့် အတည်ပြုပေးခြင်း၊
၃၊ အတွင်းရေးမှုး (၂) ဆရာတော် ဦးသိရိန္ဒ အား လစ်လပ်နေသော အတွင်းရေးမှုး (၁) နေရာတွင်ခန့် ထား အတည်ပြုခြင်း၊
၎၊ ကြီးကြပ်ရေး/စာရင်းစစ်မှုး (၂) ဆရာတော် ဦသုဝဏ္ဏ အား အတွင်းရေးမှုး (၂) နေရာတွင်ခန့်ထား အတည်ပြုခြင်း၊

အောက်ပါအချက်တို့အား ကြွရောက်တော်မူလာကြကုန်သော ဗဟိုကော်မတီဆရာတော်များမှ အ တည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။

By: ပြန်ကြားရေး 18/11/2013










မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့ လစဉ်အလှူငွေများ ထောက်ပံ့လှူဒါန်း



 ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ အား လစဉ်ပညာသင် စရိတ်ထောက် ပံ့နေ ကြ ရာ အောက်ပါစက်ရုံအသီးအသီးတို့တွင် အကျိုးတော်ဆောင်ဆရာတော်များကြွရောက်လက်ခံခဲ့ကြပါသည် အလှူရှင်များ ကျမ္မာ၊ချမ်းသာပါစေကြောင်းနှင့် နတ်လူသာဓုခေါ်ဆိုနိုင်ပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ အသိ ပေးတင်ပြအပ်ပါသည်။ 

စဉ်
အလှူရှင်များ
ကြွရောက်လက်ခံသူ
အလှူငွေ (ဘတ်)
နေ့စွဲ
အောတောစက်ရုံ (မဟာချိုင်)
ဦးကောဝိဒ
၁၀၀၀၀
17.11.2013
တလကုန်း စက်ရုံမိသားစု
ဦးသိရိန္ဒ
၉၃၀၀
17.11.2013
ကလျာဏမိတ္တ အသင်း
ဦးသုဝဏ္ဏ
၅၀၀၀
17.11.2013
ဟိုရင်ပါထို မိသားစု
ဦးသြသဓ
၅၄၀၀
12.11.2013





 



Myanmar Student Monks Organization in Thailand. Powered by Blogger.