Thursday, January 3, 2013

MSMOပညာရေး ရံပုံငွေပေးအပ် ထောက်ပံ့လှူဒါန်းခြင်း

1,1,2013နေ့က မြန်မာကျောင်းသား ရဟန်းတော်များအား မဟာချိုင်၊ တလာကုန်း သဟပုညကာရီအသင်းမှ ထောက်ပံ့လှူဒါန်းငွေ ဘတ် 7000အား ပြန့်ကြားရေး(၁)ဆရာတော်ဦးအဂ္ဂမှ လက်ခံ၍ ၎င်းထောက်ပံ့ငွေများအား ဘဏ္ဍာရေး(၂)ဆရာတော်ဦးပုညသေဋ္ဌထံသို့ လွှဲအပ်ပြီးဖြစ်ပါသည်။ သဟပုညကာရီအသင်းသည် မြန်မာကျောင်းသားရဟန်းတော်များအား လစဉ်လှူဒါန်းထောက်ပံ့လာသည်မှာ ၁၅ကြိမ်မြောက် ရှိပြီဖြစ်ပါသည်။

လူငယ်/လူကြီးများ စုံလင်စွာဖွဲ့စည်းထား၍ အသင်း၏ လုပ်ဆောင်မှုများမှာ သွက်လက်မှု ရှိလှပေသည်။ ကျောင်းသားသံဃာများကြွလာသည်နှင့် ခရီးဦးကြိုပြုခြင်း၊ ရေ၊ အမ်မလွိုက်အအေး၊ ကြက်ပေါင်းရည်စသည်တို့ဖြင့် ဦးစွာဆက်ကပ်စေပြီး ထိုဒကာ/ဒကာမများ၏ ဆက်ဆံရေးမှာ နွေးထွေးမှုရှိလှ၏။

မြန်မာကျောင်းသားရဟန်းတော်များ အနေဖြင့်လဲ တလာကုန်းသို့ အလှည့်ကျကြွရောက် ချီးမြှင့်ပေးကြသည်။ အကျိုးဆောင်အဖွဲ့ဝင်လူတွေဟာ သဟပုညကာရီအမည်နဲ့ အင်္ကျီတွေမှာ ရေးထိုးထားတာ တွေ့ရပါတယ်။ ၎င်းအဖွဲ့အစည်းအနေဖြင့် မြန်မာကျောင်းသားရဟန်းတော်များအပေါ် စေတနာ၊ သဒ္ဓါထက်သန်စွာ ထောက်ပံ့လှူဒါန်းနေသည်မှာ သူတို့၏ ကြည်လင်နေသော မျက်နှာပုံရိပ်များက ဖော်ပြနေပေသည်။ ကြွရောက်ကျောင်းသားရဟန်းတော်များနှင့်ဓာတ်ပုံတွဲရိုက်ကာ မိမိတို့ဘွဲ့နာမည်များနှင့် ဖုန်းနံပါတ်တို့ကိုလဲ ၎င်းတို့သဟပုကညရီအသင်း၏ မှတ်တမ်းစာအုပ်ပေါ်၌ ရေးပေးခဲ့ရပါသည်။

မြန်မာကျောင်းသားရဟန်းတော်များအနေဖြင့်လဲ တလာကုန်းသဟပုညကာရီအသင်း၏ ပြုလုပ်သောပညာသင်စရိတ်ထောက်ပံ့လှူဒါန်းမှု ကုသိုလ်အစုစုကို အသင်းနှင့်ထပ်တူ ၀မ်းမြောက်နုမော်သာဓု ခေါ်ဆိုလိုက်ပါသည်။

By: ပြန့်ကြားရေး




No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.