Monday, January 28, 2013

MSMOကျောင်းသား ရံပုံငွေများ ထောက်ပံ့လှူဒါန်းခြင်း

၁) ထိုင်းနိုင်ငံ၊ တလကုန်း၊ သဟပုညကာရီအသင်းမိသားစုမှ လစဉ် ၁၆ ကြိမ်မြောက်၊  ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ငွေ ၇၃၀၀ ဘတ်ကို ဦးသြဘာသ(အတွင်းရေးမှူး-၁)မှ လက်ခံထားကြောင်း သိရှိရပါသည်။

၂) ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းငွေအဖြစ် မဟာချိုင်၊ အောတောစက်ရုံမိသားစုမှ ၁၃၃၀၀ ဘတ်ကို ဦအာစိဏ်ဏ(ဒုဥက္ကဋ္ဌ)မှ လက်ခံထားကြောင်း သိရပါသည်။

မြန်မာပြည်သားစက်ရုံလုပ်သား မိသားစုများသည် မိမိတို့ ပြုလုပ်ထောက်ပံ့အပ်သော ကုသိုလ်အစုစု၏ ဦးတည်ရာမှန် ဆုပန်ရွယ်ရာသည် ပညာဥာဏ်ကြီးပွားစေရန်အလို့ငှာ၎င်း၊ ပညာရှိ သူတော်စင်/သူတော်မြတ်တို့နှင့် ပေါင်းသင်းဆည်းကပ်နိုင်ရန်အလို့ငှါ၎င်း၊ သံသရာခရီးလမ်း လျှောက်လှမ်းရာ၌ မပင်မပန်း လျှောက်လှမ်း ဖြတ်သန်းနိုင်ရန်၎င်း၊ နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းအပ်သော ကုသိုလ်အစုစုကို နတ်လူ သာဓု ခေါ်စေသောဝ်။

၂၆၊၁၊၂၀၁၃။




Posted by: ပြန့်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.