Wednesday, January 30, 2013

MSMOမြန်မာ ကျောင်းသားရဟန်းတော်များဆိုင်ရာ မဂ္ဂဇင်းအစည်းအဝေး

စာအုပ်ဖြစ်မြောက်ရေးကော်မတီဆရာတော်များနှင့် စာပေ၊ကဗျာ၊ဟာသ၊ဆောင်းပါးစိတ်ဝင်စားသူ ကျောင်းသားရဟန်းတော်များအားလုံး MSMO၏ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေမည့် ကျောင်းသားမဂ္ဂဇင်း၌ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်၍ အကြံပြုခြင်း၊ မိမိတို့ထင်မြင်ချက်များတင်ပြခြင်း၊ လိုအပ်ရာများတွေ့ဆုံတိုင်ပင်ကြရန်အတွက် ၀ပ်တလုံးကျောင်းသို့ သတ်မှတ်ထားသော အချိန်၊နေရာအတိုင်းကြွရောက်ပေးကြပါရန် ပင့်လျှောက်အပ်ပါသည်ဘုရား။

MSMOကျောင်းသားအသင်း ဖွဲ့စည်းလာသည်မှာ ၄နှစ်မျှသက်တမ်းကြာလာသော်လဲ မဂ္ဂဇင်းမှတ်တမ်းအဖြစ် အကောင်အထည်မပေါ်လာခြင်းမှာ ကျောင်းသားတို့၏ လုပ်ငန်းတာဝန်မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည့် သမိုင်းတစ်ခုပျောက်ကွယ်သည်နှင့် တူနေပေ၏။ မိမိတို့ရှေ့ဆောင်ပုဂ္ဂိုလ်တွေ မည်မျှပင် အသင်းအတွက် အလုပ်လုပ်စေခဲ့ကာမူ သမိုင်းမှတ်တိုင် မရှိပါက နောင်လာနောင်သားတွေအတွက် ပါးစပ်ပြောသမိုင်းအဖြစ်သာ ကျန်နေခဲ့ပါလိမ့်မည်။ထို့ကြောင့် စိတ်ဝင်စားသူ M.S.M.O ကျောင်းသားရဟန်းတော်များအားလုံး စိတ်ဖြင့်တမျိုး ကိုယ်ဖြင့်တဖုံ ၀ိုင်းဝန်းကြိုးစားဆောင်ရွက်ကြပေးပါရန် တိုက်တွန်းလျှောက်ထားအပ်ပါသည်ဘုရား။

အချိန်။ ။ ည ၇နာရီ
နေ့ရက်။ ။ ၀ပ်တလုံးကျောင်း၊ ကျလန် ၁၃၊
နေ့ရက်။ ။ ၇၊ ၂၊ ၂၀၁၃ ။ ကြာသာပတေးနေ့။

ဆက်သွယ်ရန်။ ။ ဦးပညာဇောတ(တွင်း၂၊ စာအုပ်ဖြစ်မြောက်ရေးကော်မတီ) 081 481 1145
                      ။ ။ ဦးအဂ္ဂ (ပြန့်ကြားရေး)   083 559 2320
                     
 အီးမေးလ်။ ။  msmothailand@gmail.com              

By: ပြန့်ကြားရေး


1 comment:

Myanmar Student Monks Organization in Thailand. Powered by Blogger.