Saturday, February 9, 2013

M.S.M.O မဂ္ဂဇင်းဖြစ်မြောက်ရေး တာဝန်များ ခွဲယူခြင်း

  မြန်မာကျောင်းသားရဟန်းတော်များမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အဖွဲ့၏တာဝန်များအသီးသီးခွဲယူခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းတိုင်ပင်ကြခြင်းကို 7,2,2013နေ့၌ ၀ပ်တလုံးကျောင်းတိုက်း၌ အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့တက်ရောက်ကြသော စာအုပ်ဖြစ်မြောက်ရေးကော်မတီများနှင့် စိတ်ဝင်စားသူကျောင်းသားရဟန်းတော်များမှ အောက်ပါ တာဝန်ကိုယ်စီဖြင့် ဖွဲ့စည်းလိုက်ကြပါသည်။

M.S.M.O မဂ္ဂဇင်း...အယ်ဒီတာဆရာတော်များ

၁) ဦးကုဝေရ (M.A 1st)
၂) ဦးအာစိဏ္ဏ (ဥကၠ႒- M.S.M.O)
၃) ဦးပညာဇောတ (ဥက္ကဋ္ဌ-စာအုပ်ဖြစ်မြောက်ရေးကော်မတီ)
၎) ဦးစန္ဒဇောတိ (စီယံ- MBA)
၅) ဦးအဂ္ဂါစာရ (ပြန့်ကြားရေး)

စာစီစာရိုက် ဆရာတော်များ...

၁) ဦးသီရိန္ဒ (M.A 1st)
၂) ဦးသုမန (B.A 1st)
၃) ဦးပညာနန္ဒ (B.A 1st)
၄) ဦး၀ဏ္ဏသီရိ (B.A 1st)
၅) ဦးက၀ိပီယ (M.A 1st)

ဒီဇိုင်းနာ ဆရာတော်များ...

၁) ဦးဥာဏိန္ဒ (B.A 1st)
၂) ဦးဝေပုလ္လ (B.A 1st)

စာမူစုဆောင်းနှင့်လက်ခံ ဆရာတော်များ...

၁) ဦးဣန္ဒက (B.A 1st)
၂) ဦးဝိနယပါလ (B.A 1st) ၎င်းဆရာတော်များသည် မိမိတို့စွမ်းနိုင်ရာ တာဝန်အသီးသီးကိုယ်စီယူခဲ့ကြပါသည်။


                      စာမူစည်းကမ်းများ

၁) ထေရ၀ါဒနှင့်ဆန့်ကျင်သော အရေးအသားများ၊
၂) စာဖတ်သူများအား အဆိပ်အတောက်ဖြစ်စေသော အရေးအသားများ၊
၃) သုတ၊ရသ၊ဓမ္မ၊ ဟာသနှင့်ကင်းလွတ်သော အရေးအသားများ၊
၎) ပုဂ္ဂိုလ်ရေးအား ရည်ညွှန်း၍တိုက်ခိုက်သော အရေးအသားများ၊
၅) အခြားသော မဂ္ဂဇင်း၊စာစောင်တို့မှ ကော်ပီးကူး၍သော်၎င်း၊ ဖော်ပြထားအပ်ပြီးသော်၎င်း ထိုစာမူများမှ ရှောင်ကြဉ်ခြင်း စသောစာမူစည်းမျဉ်းများလဲ သတ်မှတ်ခဲ့ကြပါသည်။

၇၊၂၊၂၀၁၃။ ကြာသာပတေး

By: ပြန့်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.