Monday, March 11, 2013

အသိပေးလျှောက်ထားလွှာ

ထပ်ဆင့်အသိပေးလျှောက်ထားလွှာ
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) (M.S.M.O)
အဖွဲ့ဝင်သံဃာတော်အရှင်မြတ်တို့ဘုရား
တပည့်တော်များ၏ M.S.M.O အဖွဲ့အတွက် ဗဟိုကော်မတီဝင်သံဃာတော်များကို အသစ်ရွေးကောက် တင်မြှောက်ကြရမည့်အချိန်ကျရောက်ပြီဖြစ်ပါသည်။ ထိုကြောင့် ဗဟိုကော်မတီဝင် လောင်းများကို အောက်ပါစည်းမျဉ်းအတိုင်း ရွေးကောက် တင်မြှောက်ပေးတော်မူကြပါရန် ရိုသေလေးစားစွာ လျှောက်ထားအသိပေးဝံ့ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား။
၁။ M.S.M.O မြန်မာကျောင်းသားရဟန်းတော်များ ငါးပါးနှင့် ငါးပါးအထက်ရှိသော အတန်း၌ နှစ်ပါးကျစီရွေး၍ ငါးပါးအောက်ရှိသော အတန်းတွင် တစ်ပါးသာ ရွေးရမည်။
၂။ M.S.M.O အသင်းအတွက် စိတ်ရောကိုယ်ပါ တာဝန်ကျချိန်ကာလအတွင်း တာဝန်ထမ်းဆောင်နိုင်သော ဆရာတော်မျိုးကို ရွေးချယ်ပေးရမည်။
၃။ အတန်းအသီးသီး၌ ကျောင်းသားအားလုံးကို ကြိုတင်အသိပေး၍ အများစုစုံညီသော အချိန်၌သာ မဲချ၍ ရွေးချယ်ပေးရမည်။
၎။ ရွေးချယ်ပြီးသော ဆရာတော်များကို မဲပေးခဲ့ကြသော အတန်းသားများမှ ၎င်းတို့ရရှိကြသော မဲအရေအတွက်နှင့်တကွ သဘောတူလက်မှတ်ရေးထိုး ပေးကြရမည်။ M.S.M.O အသင်းဝင် အတန်းခေါင်းဆောင်မှ ကြီးကြပ်ဆောင်ရွက်ပေးရမည်။ ၎င်းခေါင်းဆောင်မရှိလျှင် လက်ရှိဗဟိုကော်မတီဝင်တစ်ပါးပါးမှ ကြီးကြပ်ဆောင်ရွက်ပေးရမည်။
၅။ ရွေးချယ်ခံဆရာတော်များသည် ၂၀၁၃-ခုနှစ် မတ်လ ၁၆ရက် နောက်ဆုံးထား၍ မိမိတို့၏ ကိုယ်ရေးအကျဉ်းကို အောက်ပါအတိုင်းဖြည့်သွင်းလျက် msmoelection@gmail.com သို့ မေးလ်ပို့ကြရမည်။
(က)ဘွဲ့တော်
() သက်တော်
() သိက္ခာတော်
() ကျောင်းသားအိုင်တီနံပါတ်
() မွေးရပ်ဇာတိ
() မွေးသက္ကရာဇ်
() ပညာဆည်းပူးခဲ့သော ကျောင်းတိုက်နှင့် တက္ကသိုလ်များ
() အမြင့်ဆုံးအောင်မြင်ခဲ့သော အတန်းများ
လောကီအတန်းအောင်မြင်မှုရှိလျှင် ဖော်ပြပေးရန်။ အောင်လက်မှတ်
မူရင်းစကင်ဖတ်၍ မေးလ်ပို့တင်ပြပေးရန်
(ဈ) လက်ရှိတက်ရောက်ပညာသင်ယူနေသော တက္ကသိုလ်နှင့်အတန်း
ရွေးကောက်ပွဲကော်မရှင်အဖွဲ့
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)
ဘန်ကောက်မြို့
(7, 3, 2013)

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.