Monday, April 29, 2013
သင်တန်းအသစ်တွက် ဆရာများဖိတ်ခေါ်ခြင်း
သင်တန်းအသစ်တွက် ဆရာများဖိတ်ခေါ်ခြင်း
11/2013 သင်တန်းအသစ်အတွက် M.S.M.O ပညာဒါနသင်တန်းကျောင်းတွင် ပညာဒါန သင်ကြားလိုသော ဆရာတော်များအနေဖြင့် မိမိသင်ကြားလိုသော အတန်း၌ စာရင်း ပေးသွင်းတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဆရာတော်အရှင်မြတ်တို့ဘုရား။ ။
By: ပြန်ကြားရေး
Sunday, April 28, 2013
သင်ကြားရေးအတွက် အစည်းအဝေးပင့်လျှောက်ခြင်း
M.S.M.O ပညာဒါန သင်တန်းကျောင်း သင်တန်းအသစ်အတွက် အစည်းအဝေး ဖိတ်ကြားခြင်း
M.S.M.O ဗဟိုကော်မတီဆရာတော်များဘုရား 11/2013 သင်တန်းအသစ်အတွက် ပညာရေးဆိုင်ရာများ ဆွေးနွေး တိုင်ပင်စရာရှိပါသဖြင့် 30.4.2013 အင်္ဂါနေ့ နေ့လည် 1.30 အချိန် M.S.M.O ရုံးတွင် အစည်းအဝေးကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက်တက် ရောက်ကြပါရန် ရိုသေစွာ ပင့်လျှောက်အပ်ပါသည် ဆရာတော် အရှင်မြတ်တို့ဘုရား။ ။
ပြန်ကြားရေးအဖွဲ့
Saturday, April 27, 2013
အမှတ်၂/၂၀၁၃၏ အစည်းအဝေးဆုံးဖြတ်ချက်များ
အမှတ်စဉ် / ၂၀၁၃
M S M O ကော်မတီ အဖွဲံဝင်များ နှင့် ပညာရေး ကော်မရှင်အဖွဲ့ဝင်များ ဒုတိယအကြိမ်မြောက် စည်းဝေးပွဲကို မြန်မာကျောင်းသား ရဟန်းတော်များ၏ ရုံခန်းတွင် ယနေ့ နေလယ် နာရီတွင် ကျင်ပခဲ့ပါသည်။
စည်းဝေးဆုံးဖြတ်ချက်များ
၁။ ပညာဒါနသင်တန်းကျောင်းကို အေးချမ်းစွာဖြင့် ဆက်လက်ဖွင့်လစ်သင်ကြားနိုင်ရန် သက်ဆိုင်ရာ မြို့နယ် သံဃာ့ နာယက ဆရာတော် နှင့် သက်ဆိုင်ရာ ရဲစခန်းတို့အား လျှောက်ထား အသိပေးရန်။
၂။ 11/ 2013 သင်းတန်းအသစ်တွက် သင်ကြားရေး ဆရာ အသစ်များဖိတ်ထားခေါ်ယူရန်းနှင့် သင်တန်းဆင် သင်တန်းဖွင့်ပွဲ အတွက် ၃၀ . . ၂၀၁၃ အင်္ဂါနေ့တွင်အစည်းအဝေးတိုင်ပင်ရန်။
၃။ သင်တန်းဆင် သင်းတန်းဖွင့်ပွဲကို .. ၂၀၁၃ တွင်ပြုလုပ်ကျင်ပရန် စည်းဝေးဆုံးဖြတ်ခဲ့ကြပါသည်။
By:ပြန့်ကြားရေး(၂၇၊၀၄၊၂၀၁၃) 
Thursday, April 25, 2013
အစည်းအဝေး ပင့်ဖိတ်လျှောက်ထားခြင်း
၂၇၊၄၊၃၀၁၃ စနေနေ့၌ ဗဟိုကော်မတီဆရတော်များနှုင့် ပညာရေးကော်မတီဆရာတော်များ တွေ့စုံကြမည်ဖြစ်ပါသည်။ ၎င်းတွေဆုံပွဲသို့ ကော်မတီဝင်ဆရာတော်များ ကြွရောက်ကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
နေရာ။ MSMO School၊ ဖလန်ဆောင်
အချိန်။ နေ့လည် ၂နာရီ
နေ့ရက်။ ၂၇၊၀၄၊၂၀၁၃။
By: ပြန့်ကြားရေး
ပညာရေးရံပုံငွေများ ထောက်ပံ့ခြင်း
မဟာချိုင်၊ တလကုန်းရပ်နေ သဟပုညကာရီအသင်းမှ လစဉ်ထောက်ပံ့လှူဒါန်းပွဲသို့ ၁)ဦးသြဘာသ-Ph.D course, (ဥက္ကဋ္ဌ)၊ ဦးစီးသောဆရာတော်(၅)ပါးတို့သည် (၁၉)ကြိမ်မြောက် မြန်မာကျောင်းသား ရဟန်းတော်များကို ပညာသင်စရိတ် ထောက်ပံ့ပွဲသို့ ကြွရောက်ခဲ့ကြပါသည်။ ၎င်းလှူဒါန်းငွေ ၈၉၀၀ဘတ်ကို ဘဏ္ဍာရေးမှူး ဆရာတော်များထံ အပ်နှံပြီးကြောင်း သိရပါသည်။
ပညာဥာဏ်တိုးပွားစေရန် အလို့လည်ကောင်း၊ သံသရာခရီးလမ်းဝယ် မပင်မပန်းချမ်းချမ်းသာသာဖြင့် လျှောက်လှမ်းနိုင်ရန်လည်းကောင်း၊ မဂ် ဖိုလ် နိဗ္ဗာန်ရည်စိတ်သန်၍ ပြုပြုသမျှ မြတ်ပုညကို နတ် လူ သာဓု သာဓု သာဓု ခေါ်နိုင်ကြပါစေသောဝ်။
ကြွရောက်ချီးမြှင့်ဆရာတော်များ...
 ၁)ဦးသြဘာသ(ဥက္ကဋ္ဌ)၊
၂) ဦးရာဇိန္ဒ(ဒုဥက္ကဋ္ဌ)၊
၃) ဦးအာစိဏ္ဏ(ဆီယံ)၊
၎) ဦးဝိသုဒ္ဓ(ယော)၊
၅) ဦးတေဇနိယ
ပြန့်ကြားရေး(၂၅၊၄၊၂၀၁၃)
Sunday, April 21, 2013
M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲမှတ်တမ်း
M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲမှတ်တမ်း
M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲကို M.S.M.O ရုံး၌ 21.4.2013 နေ့ နေ့လည် ( ၁) နာရီတွင် အောက်ဖော်ပြပါ အခမ်းအနား အစီအစဉ် ( ၆ ) ချက်ဖြင့် ကျင်းပခဲ့ပါသည်။
မိတ်ဆက်ပွဲ အခမ်းအနား အစီအစဉ်
၁။ နမော တဿ ()ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လွှင့်ရန်။
၂။ ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကားပြောကြားရန်။
၃။ ကော်မတီအသစ်များမှ မိတ်ဆက်ရန်။
၎။ ဝေယျာဝစ္စအဖွဲ့မှ မိတ်ဆက်ရန်
၅။ လိုအပ်သည်များ ဆွေးနွေးတိုင်ပင်ရန်။
၆။ ဗုဒ္ဓသာသနံ စိရတိဋ္ဌတု ( ) ကြိမ် ရွတ်ဆိုပြီး အခမ်းအနား သိမ်းရန်။
 အခမ်းအနား အစီအစဉ်အရ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် M.S.M.O ဗဟိုကော်မတီအသစ် ဆရာတော်များမှ အချင်းချင်းမိတ်ဆက်စကားပြောကြားသည်။ ၄င်းနောက် ဒေါ်သန်းသန်းဦး ဦးဆောင်သော M.S.M.O ဝေယျာဝစ္စအဖွဲ့မှ မိတ်ဆက်စကား ပြောကြားပြီး M.S.M.O ပညာဒါနကျောင်းကြီး ရေရှည်တည်တန့်အောင် လိုအပ်သည်များကို M.S.M.O ဥက္ကဋ္ဌဆရာတော် ဦးဆောင်သော ဗဟိုကော်မတီနှင့် M.S.M.O ဝေယျာဝစ္စအဖွဲ့တို့မှ ဆွေးနွေးတိုင်ပင်ကြပါသည်။ 
 ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကားမှ အဖွင့်အမှာစကားပြောကြားစဉ်
 M.S.M.O ဝေယျာဝစ္စအဖွဲ့ဝင်များ မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်စဉ်
 M.S.M.O ဝေယျာဝစ္စအဖွဲ့ဝင်များ
ပြန်ကြားရေးအဖွဲ့
21.4.2013 / 3.55PM 
M.S.M.O ဗဟိုကော်မတီ နှင့် ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲသို့ ကြွရောက်တော်မူကြသော သံဃာတော်များ ဆွမ်းဘုန်းပေးနေစဉ်
 M.S.M.O ဗဟိုကော်မတီ နှင့် ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲသို့ ကြွရောက်တော်မူကြသော သံဃာတော်များ ဆွမ်းဘုန်းပေးနေစဉ်
ပြန်ကြားရေးအဖွဲ့
21.4.2013 / 3.55PM
Tuesday, April 9, 2013
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ကျောင်းသားရဟန်းတော်များ
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) 2012/2013 ပညာသင်နှစ် ကျောင်းသားရဟန်းတော်များ
By: ပြန်ကြားရေး (9/4/2013)
စတုတ္ထအကြိမ်မြောက် မြန်မာကျောင်းသားရဟန်းတော်အဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆရာတော်များ
By: ပြန်ကြားရေး (9/4/2013)
Monday, April 8, 2013
M.S.M.O အသင်းကြီးမှ အသစ်ရွေးကောက်တင်မြှောက်ခံရသော ဗဟိုကော်မတီဝင်ဆရာတော်များ
By: ပြန်ကြားရေး (9/4/2013)
ဗဟိုကော်မတီ နှင့် ရုံးခန်းဝေယျာဝစ္စ အဖွဲ့ တွေ့ဆုံခြင်း
ဗဟိုကော်မတီဝင် ဆရာတော်များနှင့် ကျောင်းသာရုံးခန်း ဝေယျာဝစ္စ ဆောင်ရွက်သော လူပုဂ္ဂိုလ်များ မျက်နှာစုံညီ မိတ်ဆက်တွေ့ဆုံခြင်းကို (၂၁၊ ၄ ၊ ၂၀၁၃ ) တနင်္ဂနွေနေ့၌ မြန်မာကျောင်းသားရဟန်းတော်များ စာသင်ရုံးခန်း၌ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ထိုတွေ့ဆုံပွဲသို့ကော်မတီဆရာတော်များနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူလူပုဂ္ဂိုလ်တို့အား မပျက်မကွက် တက်ရောက်ကြရန် မေတ္တာရပ်ခံဖိတ်ကြားအပ်ပါသည်။
By: ပြန်ကြားရေး (8/4/2013)
ရုံးထိုင်အလှည့်ကျတာဝန်ယူခြင်း
၁။ ဦးသိရိန္ဒ၊ ဦးဝိသုဒ္ဓ။
၂။ ဦးဣန္ဒမဉ္ဖူ ၊ ဦးအာစရ။
၃။ ဦး အဂ္ဂါစာရ ၊ ဦးဝိယတ္တ။
၎။ ဦးဝေပုလ္လ ၊ ဦးဗြဟ္မ၀ံသ ။
၅။ ဦးသုဝဏ္ဏ ၊ ဦးဝိသုဒ္ဓ။
By: ပြန်ကြားရေး (8/4/2013)
Myanmar Student Monks Organization in Thailand. Powered by Blogger.