Sunday, April 21, 2013

M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲမှတ်တမ်း


M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲမှတ်တမ်း
M.S.M.O ဗဟိုကော်မတီ နှင့် M.S.M.O ရုံး ဝေယျာဝစ္စအဖွဲ့ မိတ်ဆက်ပွဲကို M.S.M.O ရုံး၌ 21.4.2013 နေ့ နေ့လည် ( ၁) နာရီတွင် အောက်ဖော်ပြပါ အခမ်းအနား အစီအစဉ် ( ၆ ) ချက်ဖြင့် ကျင်းပခဲ့ပါသည်။

မိတ်ဆက်ပွဲ အခမ်းအနား အစီအစဉ်

၁။ နမော တဿ ()ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လွှင့်ရန်။

၂။ ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကားပြောကြားရန်။

၃။ ကော်မတီအသစ်များမှ မိတ်ဆက်ရန်။

၎။ ဝေယျာဝစ္စအဖွဲ့မှ မိတ်ဆက်ရန်

၅။ လိုအပ်သည်များ ဆွေးနွေးတိုင်ပင်ရန်။

၆။ ဗုဒ္ဓသာသနံ စိရတိဋ္ဌတု ( ) ကြိမ် ရွတ်ဆိုပြီး အခမ်းအနား သိမ်းရန်။


 အခမ်းအနား အစီအစဉ်အရ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် M.S.M.O ဗဟိုကော်မတီအသစ် ဆရာတော်များမှ အချင်းချင်းမိတ်ဆက်စကားပြောကြားသည်။ ၄င်းနောက် ဒေါ်သန်းသန်းဦး ဦးဆောင်သော M.S.M.O ဝေယျာဝစ္စအဖွဲ့မှ မိတ်ဆက်စကား ပြောကြားပြီး M.S.M.O ပညာဒါနကျောင်းကြီး ရေရှည်တည်တန့်အောင် လိုအပ်သည်များကို M.S.M.O ဥက္ကဋ္ဌဆရာတော် ဦးဆောင်သော ဗဟိုကော်မတီနှင့် M.S.M.O ဝေယျာဝစ္စအဖွဲ့တို့မှ ဆွေးနွေးတိုင်ပင်ကြပါသည်။ 

 ဥက္ကဋ္ဌဆရာတော် ဦးသြဘာသမှ အဖွင့်အမှာစကားမှ အဖွင့်အမှာစကားပြောကြားစဉ်

 M.S.M.O ဝေယျာဝစ္စအဖွဲ့ဝင်များ မိတ်ဆက်ပွဲအခမ်းအနား တက်ရောက်စဉ်

 M.S.M.O ဝေယျာဝစ္စအဖွဲ့ဝင်များ



ပြန်ကြားရေးအဖွဲ့
21.4.2013 / 3.55PM 


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.