Tuesday, May 21, 2013

MSMOကော်မတီများ သီတဂူဆရာတော်အား သွားရောက်ဦးတိုက်ကန်တော့ကြ

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ရဲ့ကိုယ်စား ကော်မတီအဖွဲ့ဝင်ဆရာတော်အချို့မှ (20,05,2013)တနင်္လာနေ့၌ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ဗုဒ္ဓဘာသာဆိုင်ရာအစည်းအဝေးသို့ ကြွရောက်လာသော သီတဂူဆရာတော်ကြီးအား ကြက်ပေါင်းရည်ဗူးများဆက်ကပ်ကာ သွားရောက်ကန်တော့ခဲ့ကြပါသည်။ မိမိတို့သည် ဆရာတော်သီတင်းသုံးရာ The Twin Towers Hotelသို့သွားရောက်စဉ် ဆရာတော်ကြီးအားဝေယျာဝစ္စပြုနေသော ရဟန်းတော်၂ပါးနှင့်ဒကာတစ်ဦးအားလဲတွေ့ခဲ့ပါတယ်။ ထိုင်းနိုင်ငံသို့မကြာမကြာရောက်တတ်သောကြောင့် နောင်လာမည့်အခေါက်များတွင် တရားတော်များချီးမြှင့်ပေးမည်ဖြစ်ပါတယ်။ ဆရာတော်ကြီးသည် မြန်မာကျောင်းသားရဟန်းတော်များ(ထိုင်းနိုင်ငံ)၏ သြ၀ါဒါစရိယဖြစ်သောကြောင့် ဆရာတော်ဘုရားအား ဆုံးမသြ၀ါဒများ မိန့်ကြားပေးရန် ဥက္ကဋ္ဌဆရာတော်ဦးသြဘာသ(Ph.D-course)မှ လျှောက်ထားလေသောကြောင့် ဆရာတော်မှ ကျောင်းသားရဟန်းများနှင့်သင့်လျော်သော ဆုံးမသြ၀ါဒအနည်းငယ် မိန့်ကြားပေးခဲ့ပါသည်။

သြ၀ါဒ

ခေတ်ပညာနှင့်ဗုဒ္ဓစာပေတတ်မြောက်ကြသော ရဟန်းတော်များအနေဖြင့် မိမိတို့ဆိုင်ရာဆိုင်ရာ ကျောင်းပြီးတဲ့အခါမှာ တောနယ် တောင်တန်းများသို့ သာသနာပြုကြွပေးကြဖို့၊ ငယ်ဖြူရဟန်းပညာတတ်တွေ မနေကြတဲ့အရပ်မှာ တောထွက်ရဟန်းတွေ ကြီးစိုးကြတယ်။ အဲဒိအရပ်ဒေသမှာ သာသနာရဲ့အရည်အသွေးတွေ နိမ့်ကျနေတယ်။ ကျောင်းထိုင်တဲ့အခါမှာ ကျောင်းလိုချင်လို့ ကျောင်းရဖို့အတွက် မဟုတ်ပဲ အလုပ်လုပ်ကြဖို့ဆိုတဲ့စိတ်နဲ့ နေဖို့လိုပါတယ်။ 1) Missionary-သာသနာပြုတာဝန်၊ 2) Ministry- အလုပ်အတွေ့အကြုံ စတဲ့အချက်နှစ်ခုကိုလည်း မိန့်ကြားပေးခဲ့ပါတယ်။ မိမိတို့သာသနာပြုတဲ့ အရပ်ဒေသက လူတွေကို တရားရဲ့အနှစ် ဓမ္မရသတွေ ခံစားနိုင်အောင် သင်ကြားပေးကြ ဖြန့်ဝေပေးကြဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံတက္ကသိုလ်အသီးသီးက ကျောင်းပြီးရဟန်းတော်များကိုလဲ တောနယ် တောင်တန်းသာသပြုကိစ္စရပ်တွေမှာ လိုအပ်လို့ရှိရင် ကူညီကြဖို့ကိုလဲ မေတ္တာရပ်ခံပါတယ်။ အဆင့်မြင့်ဒီဂရီဘွဲ့ရကျောင်းသားများလဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ လုပ်အားပေးဆရာများအဖြစ် ကူညီလုပ်ကိုင်ပေးဖို့ မိန့်ကြားသွားခဲ့ပါတယ်။
သွားရောက်ကန်တော့ကြသော ကော်မတီဝင်ဆရာတော်များမှလဲ ဆရာတော်၏ အဖိုးတန်ဆုံးမ သြ၀ါဒတွေကို နာခံမှတ်သားရင်း ဆရာတော်အားဦးတိုက်ကန်တော့ပြီးနောက် ၀မ်းသာပီတိများစွာဖြင့်လာလမ်းဆီသို့ ပြန်ခဲ့ကြပါတယ်။

သွားရောက်ကန်တော့ကြသောကော်မတီဆရာတ်ာများ...
၁) ဦးသြဘာသ(ဥက္ကဋ္ဌ)
၂) ဦးရာဇိန္ဒ(ဒုဥက္ကဋ္ဌ)
၃) ဦးအဂ္ဂါစာရ(ပြန့်ကြားရေး)
၎) ဦးဝေပုလ္လ(ဘဏ္ဍာရေး) တို့ဖြစ်ပါသည်။

By: ပြန့်ကြားရေး(၂၁၊၀၅၊၂၀၁၃)






Monday, May 13, 2013

(MSMO) မြန်မာကျောင်းသားရဟန်းတော်များ၏ ဘွဲ့ယူပုံရိပ်များ

 
ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် တတ်ရောက်ပညာသင်ကြားနေသော M S M O မြန်မာကျောင်းသား ရဟန်းတော်များမှ ၂၀၁၃ ခုနုစ် ဘွဲ့နှင်းသဘင်း International program မှ M A Buddhist Studies  ပါး နှင့် B A Buddhist Studies ၁၁ ပါး ပေါ်ထွန်းခဲ့ပါတယ်။
ထိုအရှင်မြတ်များသည် ၂၀၀၈ ပညာသင်နှစ်တွင် စတင်တက်ရောက် ပညာသင်ကြားလေ့လာခဲ့ပြီး ယခုနုစ်တွင် ဘွဲ့နှင်းသဘင် အခန်းသို့ တက်ရောက်ပြီး ဘွဲ့လက်မှတ် များကို လက်ခံရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုအရှင်မြတ်တို့၏ကြိုးစားမူ့၊ လုံးလ၀ီရိယရှိမူ့နှင့် စိတ်အားထက်သန်စွာ မိမိတိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်ကျေးဇူးတရားတို့ကို ယခုလို စွမ်းအားရှိသမျှ ကြိုးစားမြှင့်တင်ပေးသော ထိုအရှင်မြတ်တို့ကို လေးစားဂုဏ်ယူပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း M S M O အဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ကျောင်းသားရဟန်းတော်များပညာရေး၌ သဒ္ဓါထက်သန်စွာ လှူဒါန်းထောက်ပံ့သည့်စေတနာရှင် အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။

M A Buddhist Studies မှ ဘွဲ့ရသံဃာတော် အရှင်မြတ်များ
၁။ ဦး သြဘာသ
 
B A Buddhist Studies မှ ဘွဲ့ရသံဃာတော် အရှင်မြတ်များ

၁။ ဦး တေဇဓမ္မ
၂။ ဦး ဥာဏိန္ဒ
၃။ ဦး သုန္ဒရ
၎။ ဦးကုဝေရ
၅။ ဦး အာစိဏ္ဏ
၆။ ဦး ဗြဟ္မဝံသ
၇။ ဦး စက္ကိန္ဒ
၈။ ဦး စန္ဒန
၉။ ဦး ကုမာရ
၁၀။ ဦး ဓမ္မိက
၁၁။ ဦးအာစရ(ခ) ကိုအာကာတို့ဖြစ်ကြပါသည်။

ဓါတ်ပုံပါ အရှင်မြတ်များကတော့ အရှင် သုန္ဒရ (B A) အရှင်တေဇဓမ္မ (B A),အရှင် သြဘာသ ( M A ) အရှင် ကုဝေရ ( B A) အရှင် အာစိဏ္ဏ ( B A) တို့ဖြစ်ပါတယ်။

By: ပြန့်ကြားရေး

 
Myanmar Student Monks Organization in Thailand. Powered by Blogger.