Tuesday, June 11, 2013

အသိပေး နှိုးဆော်လွှာ



အသိပေး နှိုးဆော်လွှာ
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ထိုင်းနိုင်ငံ ( Myanmar Student Monks Organization in Thailand) ကို ၂၈ ရက်၊ ဂျွန်လ၊ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
         မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ ၁၂..၂၀၁၃ ခုနှစ်တွင် မာဟာချူလာလောင်ကွန်တက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သော M.A Buddhist Studies B.A Buddhist Studies ဘွဲ့ရ မဟာချူလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ် {ဘန်ကောက်}မှ ၁၁ပါး၊ မဟာချူလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ် {ချင်မိုင်}မှ ၄ပါး၊ စုစုပေါင်း ဘွဲ့ရသံဃာတော် ၁၅ပါးတို့အား  ထိုင်နိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် အားလုံးသောစေတနာရှင်များ စုပေါင်း၍ ဂုဏ်ပြုပူဇော်ပွဲသဘင် အခန်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စဉ်အားလုံးတို့အား အဖွဲ့၏ကိုယ်စား ပြန်ကြားရေးဌာနမှ အသိပေးနှိုးဆော်အပ်ပါသည်။

အခန်းအနား ကျင်းပပြုလုပ်မည့် နေ့ရက်

မြန်မာသက္ကရဇ် ၁၃၇၅ ခု နယုန်လပြည့်နေ့ (23. 6. 2013) တနင်္ဂနွေနေ့

အခန်းအနား အစီအစဉ်

၁။ နံနက် ၃၀ မှ ၁၁ ၃၀ အထိ ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးရန်
၂။ နံနက် ၁၁း ၀၀ နာရီတွင် ပင့်သံဃာတော်များအား နေဆွမ်း ဆပ်ကပ်လှူဒါန်းရန်
၃။ ၁၂း ၃၀ နာရီတွင် ဂုဏ်ပြုပူဇော်ပွဲအခန်းအနား အစီအစဉ်များ စတင်ရန်
၎။ ဓမ္မကထိက ဆရာတော်ဘုရားမှ သြ၀ါဒစကားနှင့် အနုမောဒနာ တရားချီးမြှင့်ပေးရန်
၅။ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းရန်
၆။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေးရန်
၇။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာရန်

( လိုအပ်သော အခန်းအနား အစီအစဉ်များကို ထပ်မံ ဖြည့်စွက်ပါမည်)

ကျင်ပပြုလုပ်မည့်နေရာဌာန   ၀တ်တလုံးကျောင်း ကျလမ် စစ်ဆမ်(မ်) ဘန်ခဲ၊ ဘန်ကောက်ထိုင်းနိုင်ငံ၊

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.