Tuesday, June 25, 2013

MSMOအသင်း ဘွဲ့ရကျောင်းသားရဟန်းတော်များအား ပူဇော်ပွဲ



ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်လွှာ
သနာတော်နှစ်(၂၅၅၆)ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၃၇၅)ခုနှစ် နယုံလပြည့်နေ့၊ ခရစ်နှစ်(၂၀၁၃)ခုနှစ်၊ ဂျွန်လ(၂၃)ရက် တနင်္ဂနွေနေ့ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)မှ ဦးဆောင်၍ ထိုင်းနိုင်ငံရှိမြန်မာပြည်သူပြည်သား တိုင်းရင်းသားညီကိုမောင်နှမများ စုပေါင်းကျင်းပအပ်သော ဘွဲ့ရမြန်မာကျောင်းသားရဟန်းတော်များ အာ ပူဇော်ပွဲ အခမ်းအနားအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွား ဘန်ကောက်မြို့ ဘန်ခရယ်မြို့နယ်ရှိ ၀တ်တစ်လုံးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နံနက်ခင်ပိုင်းတွင် ကြွရောက်လားသော ဧည့်ပရိတ်သပ်များကို စီစဉ်ထားသသည့်အတိုင်း ဧည့်ခံကျွေးမွေးပြီး နေခင်ပိုင်းတွင် အခန်းအနား အစီအစဉ်များအတိုင်း ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ၀တ်တစ်လုံး ဆရာတော်ဘုရားကြီးမှ သြဝါဒ စကားပြောကြားပြီး ဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုသည့်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ချီးမြှင့်ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဥက္ကဌ ဆရာတော် ဦးသြဘာသမှ ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားပြီး ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာသံအမတ်ကြီး၏ကိုယ်စား အတွင်ဝန် ဦးအောင်ကျော်လင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ဖတ်ကြားခဲ့ပါတယ်။ ထို့နောက် အခန်းအနားကို ဆက်လက်၍ ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တထေရိန္ဒ တက္ကသီလဓမ္မာစရိယ(Mdy)BA(B.Dh)ITBMU)MA(SriLanka)Ph.D(Research,NagpurUniversity,India)Researcher( Dhammakaya Tipitaka Project-Thailand) ဘုရားထံမှ လူဧည့်ပရိတ်သပ် အပေါင်းမှ ငါးပါသီလခံယူဆောက်တည်ပြီး ဆရာတော်မှ ဆက်လက်၍ သြ၀ါဒ စကားနှင့် အနုမောဒနာ တရားတော်မြတ်တို့ကိုချီးမြှင့်ပေးတော်မူခဲ့ပါတယ်။ ဆရာတော်၏ သြ၀ဒစကားမှာ အကျဉ်အားဖြင့် ဒီနေ့ဂုဏ်ပြုတယ်ဆိုတာ ရရှိထားတဲ့ ဘွဲ့လက်မှတ်စက္ကူကို ဂုဏ်ပြုတာ မဟုတ်ကြောင်း ဘွဲ့ရသံဃာတော်မြတ်တို့၏  ကျိုးစားအားထုတ်ခဲ့သော ဇွဲလုံးလ ၀ရိယရှိမူ့နှင့် သီလဂုဏ် သမာဓီဂုဏ် ပညာဂုဏ်တို့ကို ချီကြူးဂုဏ်ပြု ပူဇော်တာဖြစ်ကြောင်း၊ဆရာတော်များအနေဖြင့်လည်း ဆက်လက်၍ အောင်မြင်မူ့များရရှိအောင်ကျိုးစားသွားရမှာဖြစ်ကြောင်း အစရှိသဖြင့် မိန့်ကြားတော်မူခဲ့ပါတယ်။
ဆက်လက်၍ အခန်းအနား အစီအစဉ်များအရ မြန်မာသံရုံ အတွင်ဝန်မိသားစုများမှ M.A ဘွဲ့ရ ဆရာတော်ဖြစ်သော ဦးသြဘာသ ( M S M O ဥက္ကဋ္ဌ ) အား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်တော်မူပြီး အခန်းအနားသို့ တက်ရောက်လာကြကုန်သော သာသန အကျိုးတော်ဆောင်အဖွဲ့များ၏ကိုယ်စား ခေါင်းဆောင်များမှ ကျန်ရှိနေသော သံဃာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးဆက်ကပ်လှူဒါန်းတော်မူ၍ကုသိုလ်ကောင်းမူ့အစုစုတို့ကိုရေစက်သွန်းချအမျှပေးဝေးတော်မူခဲ့ပါတယ်။ နောက်ဆုံ အစီအစဉ်ရ အခန်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ()ကြီးရွတ်ဆို အောင်မြင်စွာ ရုပ်သိမ်းပြီး အမှတ်တရ ဓါတ်ပုံများရိုက်၍ ကျင်ပပြုလုပ်ပြီးစီခဲ့ပါတယ်။
ထိုသို့ ဂုဏ်ပြုပူဇော်ပွဲ ဖြစ်မြောက်အောင် ကိုယ်စွမ်အား ညဏ်စွမ်းအားတို့ဖြင့် စီစဉ် ဆောင်ရွက်ပေးသောထိုင်းနိုင်ငံဘန်ခရယ်မြို့နယ်ရှိဝတ်တစ်လုံးကျောင်းဆရာတော်ဘုရားကြီးအားလည်းကောင်း၊မြန်မာကျောင်းသားရဟန်းတော်များအဖွဲ(ထိုင်နိုငံ)၏ ဥက္ကဋ္ဌ ဆရာတော်နှင့် အားလုံးသောသံဃာတော် အရှင်သူမြတ်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံအမတ်ကြီးကိုယ်စား တက်ရောက်လာသော အတွင်ဝန် ဦးအောင်ကျော်လင်းနှင့်မိသားစုအားလည်းကောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား အားလုံးသော တိုင်းရင်းသား/သူ ညီအကိုမောင်နှစ်မအားလုံးတို့နှင့် သာသန အကျိုးတော်ဆောင် အဖွဲ့အသီးသီတို့အားလည်းကောင်းကျေးဇူးအထူးတင်ရှိပါကြောင်း အဖွဲ့၏ကိုယ်စား ပြောကြားရင် ၀မ်းမြောက်ဂုဏ်ယူ သာဓုခ်ါဆိုအပ်ပါသည်။

By: ပြန့်ကြားရေး(၂၅၊၀၆၊၂၀၁၃)






2012/2013 graduated Myanmar monks in Thailand, total BA 11 and  MA 1.


No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.