Saturday, August 10, 2013

ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်

10/8/2013 

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(MSMO) ဗဟိုကော်မတီအစည်းအဝေးကို ဖလန်းဆောင် ရှိ မြန်မာကျောင်းသား ရဟန်းတော်များရုံးခန်း တွင်ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး၏ 
ဆုံးဖြတ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်၊

၁၊ ကျောင်းသားရုံးခန်းတွင် ပြုလုပ်မည့် အသင်း၏၀ါဆိုသင်္ကန်းဆက်ကပ်ပွဲတွင်အောက်ပါ ပုဂ္ဂိုလ်တို့သည် အသီးအသီးတာဝန်ခွဲယူခဲ့ကြပါသည်။

ကျွေးမွေး ဧည့်ခံတာဝန်ခံ
ဦးသိရိန္ဒ (အတွင်းရေးမှုး-၂ )
ဒေါ်သန်းသန်းဦး

လှူဖွယ် ၀တ္ထု စီမံ တာဝန်ခံ
ဦးရာဇိန္ဒ (ဒုဥက္ကဋ္ဌ)

အခန်းအနားပြင်ဆင် တာဝန်ခံ
ဦးပုညသေဋ္ဌ (အတွင်းရေးမှုး-၁ )

ဗွီဒီယိုမှတ်တမ်း တာဝန်ခံ
ဦးရာဇ

၂၊ အသင်း၏ရန်ပုံငွေ တရားပွဲဖြစ်မြောက်ရန် အတွက် တိပိဋက ဆရာတော် ဘဒ္ဒ န္တ ဂန္ဓမာလာလင်္ကာရ အားပင့်ဖိတ်ပြီး (7/9/2013) နှင့် (8/9/2013) နေ့များတွင် ခဲလှိုင်၊ အုံးယိုင် တို့တွင် တရားပွဲများ ကျင့်ပပြုလုပ်ရန်ဖြစ်ပါသည်။

ဆရာတော်အား သွားရောက်ပင့်ကြမည့် သံဃာတော်များမှာ
ဦးသြဘာသာ (ဥက္ကဋ္ဌ)
ဦးသိရိန္ဒ (အတွင်းရေးမှုး-၂)
ဦးဝိသုဒ္ဓ (ယော) (ဘဏ္ဍာရေးမှုး-၃)
ဦးကုဝေရ
တို့ဖြစ်ကြပါသည်။

၃၊ 12 / 2013 သင်တန်းသစ်ဖွင့်ပွဲ၊ ၆ ကြိမ်မြောက် သင်တန်းဆင်း လက်မှတ်ပေးပွဲကို (1/9/2013) တွင်ပြု လုပ်ရန် သတ်မှတ်ခဲ့ကြပြီး၊ ဗဟိုကော်မတီဝင်များ၏  အစည်းအဝေးကို (24/8/2013) တွင်ကျင်းပရန်၊ သင်တန်းသစ်အတွက် ဆရာများဖိတ်ခေါ်ရန်၊ (၆) လပတ် ကျောင်းသားများ စုံညီအစည်းအဝေးပြုလုပ်ရန် အကြောင်းအရာများကို ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၎၊ အဖွဲ့ပိုင် သင်္ကန်း ပရိက္ခရာများကို အသင်းအတွက် အသုံးပြုလျှင် ရရှိလာသော ရန်ပုံငွေများကို ဗဟို ဘဏ္ဍာရေးသို့ထည့်သွင်းရန် နှင့် အဖွဲ့ပိုင် သင်္ကန်း ပရိက္ခရာများကို ပုဂ္ဂလိက အတွက်ငှားလျှင် ရရှိလာသော ရန်ပုံငွေကို ရုံးခန်းသို့အပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

တက်ရောက်လာသော ဗဟိုကော်မတီအဖွဲ့ဝင်များ
၁၊ ဦးသြဘာသ(ဥက္ကဋ္ဌ)
၂၊ ဦးရာဇိန္ဒ (ဒုဥက္ကဋ္ဌ)
၃၊ ဦးသိရိန္ဒ (အတွင်းရေးမှုး-၂)
၎၊ ဦးဝေပုလ္လ (ဘဏ္ဍာရေးမှုး-၁)
၅၊ ဦးဝိသုဒ္ဓ (ယော) ဘဏ္ဍာရေးမှုး-၃
၆၊ ဦးဝိယတ္တ (ပြန်ကြားရေး-၁)
၇၊ ဦးအဂ္ဂါစာရ (ပြန်ကြားရေး-၂)
၈၊ ဦးဗြဟ္မ၀ံသ (ကြီးကြပ်ရေး-၁)
၉၊ ဦးသုဝဏ္ဏ (ကြီးကြပ်ရေး-၂)

By: ပြန်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.