Thursday, August 8, 2013

ပညာရေး ရံပုံငွေများထောက်ပံ့လှူဒါန်းခြင်း

နေ့စွဲ….( ၁၄.၇.၂၀၁၃)၊ ခဲလှိုင်မြန်မာအလုပ်သမား မိသားစုများ မှ နေ့အထူးတရားပွဲ ကျင်းပကာ MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေးထောက် ပံ့ငွေ- ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)ဘတ် တိတိ ကို လှူဒါန်းပါသည်။ ၎င်းပွဲ၌ ဦးဆန္ဒဇောတိ(Siam) မှ တရားဟောကထိက အဖြစ် ဆောင်ရွက်တော် မူပြီး ဦးသိရိန္ဒ (ဒု-အတွင်းရေးမှူး)ဆရာတော် ဦးဆောင်၍ ကြွသံဃာ ၂၉- ပါးတို့ ကြွရောက်တော်မူ ခဲ့ပါသည်။

နေ့စွဲ….. (၂၁.၇.၂၀၁၃)၊ မဟာချိုင် ခဲလှိုင်မြန်မာအလုပ်သမား မိသားစုများမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေးထောက်ပံ့ငွေ -၂၀၅၀၀ (နှစ်သောင်းငါးရာ)ဘတ် တိတိကို လှူဒါန်းပါသည်။ ထိုပ္ပွဲ္ပ၌ ဦးပုညသေဋ္ဌ (အတွင်းရေးမှူး) ဆရာတော် ဦးဆောင်မှုဖြင့် ကြွသံဃာ ၃-ပါး ကြွရောက်ချီးမြှင့် ခဲ့ပါသည်။
နေ့စွဲ…..( ၂၂.၇.၂၀၁၃)

၁။ သြတောမြန်မာအလုပ်သမားမိသားစုမှ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ၍ MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေးထောက်ပံ့ငွေ- ၁၀၀၀၀ (တစ်သောင်း)ဘတ် တိတိကို လှူးဒါန်းပါသည်။ ၎င်းပွဲတွင် ဦးသိရိန္ဒ (ဒု-အတွင်းရေးမှူး) ဆရာတော် ဦးဆောင်မှုဖြင့် ကြွသံဃာ ၇-ပါး ကြွရောက်တော် မူခဲ့ပါသည်။

၂။ သဟပုညကာရီမြန်မာအလုပ်သမား မိသားစု မှ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပကာ MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား လစဉ် ပညာရေး ထောက်ပံ့ငွေ ၇၃၀၀ (ခုနှစ်ထောင့်သုံးရာ) ဘတ် တိတိကို လှူဒါန်းပါသည်။ ထိုပွဲ၌ ဦးရာဇိန္ဒ( ဒု-ဥက္ကဋ္ဌ)ဆရာတော် ဦးဆောင်မှုဖြင့် ကြွသံဃာ ၉-ပါးကြွရောက် ချီးမြှင့်ခဲ့ပါသည်။

၃။ ထိုင်းနိုင်ငံရောက် လက်ခ်ျထေ၀ီ မြန်မာစာသင်ကျောင်း ကျောင်းသား/သူ များမှ MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေးထောက်ပံ့ငွေ-၂၁၈၅၀ (နှစ်သောင်းတစ်ထောင့်ရှစ်ရာငါးဆယ်) ဘတ် တိတိကို လှူဒါန်းခဲ့ပါသည်။
နေ့စွဲ…..(၂၂.၇.၂၀၁၃)၊ ထားခန်း၊ စွယ်-(၈) မိသားစုမှ မိသားစု မှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် နေ့အထူးတရားပွဲ ကျင်းပ၍ MSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေး ထောက်ပံ့ငွေ- ၁၀၀၀၀ (တစ်သောင်း)ဘတ် တိတိကို လှူဒါန်းပါသည်။ ထိုပွဲတွင် ဦးသြဘာသ (ဥက္ကဋ္ဌ) ဆရာတော် ဦးဆောင်မှုဖြင့် ကြွသံဃာ ၃-ပါး ကြွရောက်ခဲ့ပါသည်။

နေ့စွဲ…..(၂၈-၇-၂၀၁၃)၊ ထနွန်ထေဖရက် ချည်စက်ရုံ မြန်မာ အလုပ်သမား မိသားစုများမှ ၀ါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ ကျင်းပကာMSMO မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့အား ပညာရေး ထောက်ပံ့ငွေ- ၁၀၀၀၀ (တစ်သောင်း)ဘတ် တိတိကို လှူဒါန်းပါသည်။ ဆရာတော် ဦးသြဘာသ (ဥက္ကဌ) ဦးဆောင်ပြီး ကြွသံဃာ ၅-ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

By:ပြန့်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.