Sunday, September 15, 2013

ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်

14, 9, 2013
 မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏ ဗဟိုကော်မတီ အစည်းအဝေးကို အဖွဲ့၏ ရုံးခန်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး အောက်ပါ အချက်အလက်များကို ဆုံးဖြတ်ခဲ့ကြပါသည်၊

၁၊ ခြောက်လပတ် အစည်းအဝေးကို ၀တ်တလုံကျောင်းတိုက်တွင် စနေ နေ့ (နေ့လည်) ၁-နာရီတွင် ကျင်း ပပြုလုပ်ရန်၊

၂၊ (၆) လပတ်စုံညီပွဲတွင် ကြွရောက်လာသော ကျောင်းသားများအား ပညာရေးထောက်ပံ့ငွေ ဘတ် (၁၀၀၀) ဆက်ကပ်ရန်၊

၃၊ ထောက်ပံ့ငွေ နောက်ဆုံး ထုပ်ရက်ကို နောက်ကျပြီးလာထုတ်သူများအတွက် (30, 9, 2013) သတ်မှတ် ခဲ့ကြပါသည်။

by: ပြန်ကြားရေး 16, 9, 2013

Thursday, September 12, 2013

သြ၀ါဒခံယူပွဲမှ ကောက်နှုတ်ချက် မှတ်တမ်းများ


မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ၏ သြ၀ါဒခံယူပွဲ ကျင်းပပြုလုပ်ခြင်း


ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ၈ - ၉- ၂၀၁၃ တနင်္ဂနွေနေ့တွင် ၀တ်တစ်လုံးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တက်ရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အား နီပါလီဓမ္မမိတ်ဆွေ မိသားစုများမှ နေဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပြီး၊လင်းမလိုင် ( ၁၂၂ ) အထည်ချူပ်စက်ရုံမှ အဖျော်ရည် အအေးများဖြင့်လည်း လှူဒါန်းခဲ့ကြပါသည်။

အခန်းအနားကို နေ့ ၁း၀၀ နာရီတွင်စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား အစီအစဉ်အရ M S M O အဖြွဲ့ကီး၏ ဥက္ကဋ္ဌ ဆရာတော် အရှင်သြဘာသ( M . A buddhist Studies, Ph.D coursework) မှ အသင်းကြီး၏ ( ၆ ) လတာ ကာလအတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များနှင့် အဖွဲ့ပိုင် လက်ရှိ ဘဏ္ဍာငွေစာရင်းတို့ကို အကျဉ်ချုပ်တင်ပြခဲ့ပါသည်။

ဆက်လက်၍ အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌဆရာတော်ဖြစ်သော အရှင် ရာဇိန္ဒ (M . A Thesis) မှ အဖွဲ့၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီ အခန်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့မှ အဖွဲ့၏ သြ၀ါဒါစရိယဖြစ်သော ရွှေစင်တိပိဋကဆရာတော် ဒေါက်တာ အရှင်ဂန္ဒမာလာလင်္ကာရအား သြဃာသ ကန်တော့ချိုးဖြင့် ညီညာစွာ ရွတ်ဆိုကန်တော့ခဲ့ကြပါသည်။

ဆက်လက်၍ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ စကားမိန့်ကြားရာတွင် ပညာရှိ မဟောသဓါသုခမိန်၏ အဆုံးအမဖြစ်သော မကောင်းခြင်း ၄ ပါးကို ပါဠိစာသားများရွတ်ဆို၍ တစ်ဆင့်ခြင်း ရှင်းလင်းပြတ်သားစွာ ဥပမာသာဓကများပေး၍ သြ၀ါဒပြု မိန့်တော်မူခဲ့ပါသည်။

အခန်းအနား အစီအစဉ်များအရ ဆရာတော်ဘုရားကြီးမှ ( ၇- ၉ - ၂၀၁၃)စနေနေ့ည အထူးတရားပွဲမှ ဓမ္မပူဇာအလှူတော်ငွေ (၂၁၄၆၃၀) ဘတ်ကို  ပညာဒါန အလှူတော်ငွေအဖြစ် ပြန်လည် လှူဒါန်းခဲ့သည်ကို အဖွဲ့၏ ဥက္ကဋ္ဌ ဆရာတော်မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီ အဖွဲ့၏ကိုယ်စား ဒု ဥက္ကဋ္ဌ ဆရာတော်မှ အလှူတော်ငွေ ( ၂၀၀၀၀ )ဘတ် နှင့် ငှက်သိုက် အချိုရည်တို့ကို လှူဒါန်းပြီး ဒု အတွင်းရေးမှူး ဆရာတော် အရှင်သိရိန္ဒ မှ သင်္ကန်းအစရှိသော လှူဒါန်းဖွယ်ရာများဖြင့် လှူဒါန်းပူဇော်ခဲ့ကြပါသည်။

အစီအစဉ်အရ ကြွရောက်လာသော ဒါယကာ ဒါယိကာမ အပေါင်းတို့မှ ဆရာတော်ဘုရားကြီးအား န၀ကမ္မ အလှူတော်ငွေများနှင့်လှူဒါန်း၍ နီပါလီဓမ္မမိတ်ဆွေ မိသားစုများမှလည်း စုပေါင်းအလှူတော်ငွေ ( ၁၀၀၀၀) ဘတ်တို့ကို လှူဒါန်းပူဇော်ခဲ့ပြီး ကုသိုလ်ကောင်းမှု့ အစုစုတို့ကို ရေစက်သွန်းချ အမျှ ပေးဝေးခဲ့ကြပါသည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့်အတူ အမှတ်တရ ဓါတ်ပုံများ မှတ်တမ်းတင်ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

သြ၀ါဒစကား အကျဉ်းချူပ်

ရဟန်းဖြစ်စေ လူဖြစ်စေ မကောင်းခြင်းလေးပါးကိုရှောင်ပြီးတော့နေရမယ် ၊

၁။ ပျင်ရိခြင်းမှကင်းအောင် နေရမယ်။( အပျင်းထူငြား ထိုသူများ မှတ်သားမကောင်းပါ)

ရဟန်းဖြစ်စေ လူဖြစ်စေ အပျင်းထူးနေမယ်ဆိုရင် ဘ၀ရဲ့ ရည်ရွယ်ချက် ပန်းတိုင်းကို မရောက်နိုင်ဘူး။

၂။ မစောင့်စည်းရင်မကောင်းဘူး( မစောင့်စည်းငြား ထိုသူများ မှတ်သားမကောင်းပါ)

စောင့်စည်းထိမ်းသိမ်းရမည့် ၀ိနည်းစည်းကမ်းများနှင့် လူကျင့်ဝတ်တရားတွေကို မစောင့်စည်းရင် မကောင်းဘူး။

၃။ မစဉ်းစား မဆင်ခြင်ရင် မကောင်းဘူး။ (မစဉ်းမစား ပြုလုပ်ငြား မှတ်သား မကောင်းပါ)

ခေါင်ဆောင်များဟာ မည်သည့် ကိစ္စကိုဘဲ ဖြစ်ဖြစ် စဉ်စားရမယ် ဆင်ခြင်ရမယ်။

၎။ ပညာရှိသူတော်ကောင်းတွေ ဒေါသထွက်ရင် မကောင်းဘူး( ပညာရှိများ စိတ်ဆိုငြား မှတ်သားမကောင်းပါ)။





 By: ပြန်ကြားရေး(၁၂၊၀၉၊၂၀၁၃)


ဗဟိုကော်မတီအစည်းအဝေးပင့်လျှောက်လွှာ



                                                                                      
ဗဟိုကော်မတီဝင် ဆရာတော်များ                            
မြန်မာကျောင်းသား ရဟန်းတောများ အဖွဲ့ (ထိုင်းနိုင်ငံ)

အကြောင်းအရာ ။        ။ ၆ လပါတ် သင်းလုံးကျွတ် အစည်းအဝေးအတွက် ဆွေးနွေးတိုင်ပင်ရန်း

          မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (ထိုင်းနိုင်ငံ)၏ ဗဟိုကော်မတီဝင် ဆရာတော်များဘုရား  နူစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သော အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးပွဲနှင့် အဖွဲ့ဝင် ကျောင်းသားရဟန်းတော်များအား ပညာဒါန အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကို ၂၁ - ၉ - ၃၀၁၃ စနေနေ့တွင် ကျုင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ထိုအစည်းအဝေးပွဲနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေး တိုင်ပင်ရန်အတွက် အသင်း၏ရုံခန်းတည်ရှိရာသို့ ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ဘုရား။


                                                                         
ကျင်းပမည့်နေရာဌာန
အသင်း၏ရုံခန်း၊ ဖလမ်းဆောင် စွယ် ၆၃ ။
 ကျင်းပမည့်နေ့ရက်
 ၁၄ - ၉ - ၂၀၁၃ စနေနေ့  ၂း ၀၀ နာရီ

By: ပြန်ကြားရေး(11,09,2013)




Sunday, September 1, 2013

ပတ်စပို့စာအုပ် ကောက်ရထားကြောင်း အသိပေးခြင်း

ဖလဆောင် ဘတ်စကားမှတ်တိုင်မှ ပတ်စပို့စာအုပ်ကောက်ရထားသဖြင့် ပိုင်ရှင်ဖြစ်သူသည် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်၍ လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မောင်နိုင်​၀င်း passport TE034625

စုံစမ်းရန်ဖု​န်းနံပါတ်= ၀၉၁၁၁၂၀၄၈၈

By: ပြန်ကြားရေး(၂၊၉၊၂၀၁၃)

၁၂/ ၂၀၁၃ ပညာဒါနသင်တန်း အချိန်ဇယား

by: ပြန်ကြားရေ 1/9/2013
Myanmar Student Monks Organization in Thailand. Powered by Blogger.