Friday, January 24, 2014

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့ အလှူငွေများ ထောက်ပံ့လှူဒါန်း

၁၆.၁. ၂၀၁၄
(၂၈)ကြိမ်မြောက်
သဟပုညကာရီအသင်း( မဟာချိုင်) မှ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MSMO) ထိုင်းသို့ အလှုငွေ -7500 ( ခုနှစ်ထောင့် ငါးရာ) ဘတ်၊
ကလျာဏမိတ္တ ထေရ၀ါဒ သာသနာပြု အသင်းမှ-5000 (ငါးထောင်) ဘတ် တိတိကို  မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့(ထိုင်း) သို့ လှုဒါန်းလိုက်ပါသည်၊
MRG (D.H) Group (ထိုင်းနိုင်ငံ ) မှ1040 (တစ်ထောင့် လေးဆယ်)ဘတ် တိတိကို၎င်း၊
အသီးသီးသော လှူဒါန်းငွေတို့ကို ဦးသုဝဏ္ဏ -အတွင်းရေးမှူး မှ တဆင့် လက်ခံ ရရှိပါသည်။

 By: ပြန်ကြားရေး 24.1.2014

Wednesday, January 22, 2014

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့ အလှူငွေများ ထောက်ပံ့လှူဒါန်း

12.1.2014 ကိုရဲထက်+ မစန္ဒာ တို့မှ  မတည်၍ သိုးမွေးစက်ရုံ မြန်မာမိသားစု၊ အလှူငွေ (11500)
တစ်သောင်းတစ်ထောင့် ငါးရာ ဘတ်၊ကို ဦးက္ကန္ဒက ဦးဆောင်သော ပင့်သံဃာ (3)ပါး တို့မှ လက်ခံ ရရှိပါသည်။
   
 By: ပြန်ကြားရေး(23.1.2014)

Sunday, January 5, 2014

၁၂ /၂၀၁၃ သင်တန်းဆင်ပွဲနှင့် သင်တန်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

၅.၁.၂၀၁၄
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း)၏ ပညာဒါနသင်တန်းကျောင်းတွင် ၁၂ /၂၀၁၃ သင်တန်း ဆင်ပွဲနှင့် သင်တန်းသစ်ဖွင့်ပွဲကို အဖွဲ့၏သင်တန်းကျောင်းတွင်  အောက်ပါအခမ်းအနား အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၁။ နမောတဿ သုံးကြိမ်းရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခြင်း
၂။ ဥက္ကဋ္ဌ ဆရာတော်မှ အဖွင့်အမှာစကားပြောကြားခြင်း
၃။ ပညာရေးကော်မတီ ကိုယ်စား ဒုဥက္ကဋ္ဌ ဆရာတော်မှ သင်းတန်းကျောင်းနှင့်ပါတ်သပ်၍ ရှင်လင်းပြောကြားခြင်း
၎။ ကျောင်းသား/ သူများအား သင်းတန်းဆင်လက်မှတ်များ ပေးအပ်ခြင်း
၅။ သင်းကြားရေး ဆရာတော်များနှင့် ဆရာ/ မ များအား အမှတ်တရ လက်ဆောင်များပေးအပ်ခြင်း
၆။ သင်းတန်းသားများ၏ ကိုယ်စား သင်းတန်းသား မောင်တေဇ မှကျေးဇူးတင် စကားပြောကြားခြင်း
၇။  အတန်းစဉ် အလိုက် သင်းတန်းသား/ သူများ မှ သင်တန်းကျောင်းနှင့် ပါတ်သပ်၍ ဆွေးနွေးတင်ပြ အကြံပြု လျောက်ထားတင်ပြခြင်း
၈။  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခန်းအနားအား ရုပ်သိမ်းခြင်း တိုဖြစ်ပါသည်။






  
 by:ပြန်ကြားရေး (5.1.2014)

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့ လစဉ်အလှူငွေများ ထောက်ပံ့လှူဒါန်း

၅.၁.၂၀၁၄ နေ့ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း )သို့လစဉ် အလှူတော်ငွေ အဖြစ်
အောတော (မဟာချိုင်)မှ ဓမ္မမိတ်ဆွေများစုပေါင်း၍  အလှူတော်ငွေ (၁၀၀၀၀) ဘတ် တိတိကို ဥက္ကဋ္ဌ ဆရာတော် ဦးဆောင်သောပင့်သံဃာသုံးပါးတို့အား  လှူဒါန်းတော်မူခဲ့ပါသည်။
by:ပြန်ကြားရေး (5.1.2014)

မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်း) သို့ လစဉ်အလှူငွေများ ထောက်ပံ့လှူဒါန်း

10.12.2013 အောတော (မဟာချိုင်) မှ မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (ထိုင်း) သို့ အလှူငွေ ဘတ် 10000 တိတိကို ရဟန်းတော်များအဖွဲ့အား ဆက်ကပ်လှူဒါန်းပြီး ဦး ဆန္ဒဇော တိ မှ တစ်ဆင့် လက် ခံရရှိပါသည်။
 
31.12.2013 သဟပုညကာရီ  ( မဟာချိုင်) မှ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း) သို့ အ လှူငွေ  ဘတ် 7490 တိတိကို ရဟန်းတော်များအဖွဲ့အား ဆက်ကပ်လှူဒါန်းပြီး ဦးဝေပုလ္လ (ဘဏ္ဍာရေးမှုး) မှ တစ်ဆင့် လက်ခံ ရရှိပါသည်။
by: ပြန်ကြားရေး ( 5.1.2014)
Myanmar Student Monks Organization in Thailand. Powered by Blogger.