Wednesday, March 19, 2014

အသိပေးလျှောက်ထားလွှာပါ ဘုရား

19/3/2014 ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့၏ ကျောင်းသား ရဟန်း များအား ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား တကာ/မ များမှ လှူဒါန်းထားသော ပညာသင် စရိတ် များ  ထောက်ပံ့ လှူဒါန်းပွဲကို  မဟာချူလာလောင်ကွန် တက္ကသိုလ် (အယုဒ္ဓယ) ငါးထပ်မြောက်တွင် ယနေ့ နေ့ လည် 2-မှ-4 ထိကျင်းပပြုလုပ်ခဲ့ပြီး အခန်းအနားကို အဖွဲ့ဝင်ကျောင်းသားရဟန်း (164) ပါးမှ ပညာသင်အလှူငွေစရိတ် နှင့် လွယ်အိပ်များကို လက်ခံရယူခဲ့ကြပါသည်၊ ကျန်ရှိသော အဖွဲ့ ၀င်ကျောင်း သားများသည် (5/4/2014) မဟာချူလာတက္ကသိုလ်တွင်ကျင်းပပြုလုပ် မည့် ကျောင်း သားရွေးကောက် ပွဲ၌ သာလျှင် ပညာသင်စရိတ် နှင့် လွယ်အိပ်များကို ကိုယ်တိုင်လာရောက် ထုပ်ယူနိုင်ပါသည်၊ ကျောင်းသား မဂ္ဂဇင်းစာအုပ်၌ ဘွဲနာမည်များ ပါ၍ လက်ရှိကျောင်းတက်နေပြီး Register ထပ်မလုပ်ထားသောကျောင်း သားများသည်ကိုယ်တိုင်  စာရင်ပေး သွင်းပြီး အလှူငွေများကို ထုပ်ယူနိုင် ပါသည်   ကျာင်းသား ဗီဇာရှိ လျှက် ကျောင်းမတက်သော  ကျောင်းသားများ နှင့် အသင်းမှ ထုပ်ပယ် ထားသော ကျောင်းသားများအား Cancel အဖြစ် သတ်မှတ်ပါသည်။




,
ယခုလို တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ယူနေကြသော မြန်မာကျောင်းသား ရဟန်း
သံဃာတော် များအား စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ပညာသင်စရိတ် အလှူငွေ လှူဒါန်းကြသော ထိုင်းနိုင်ငံရောက် မြန်မာ တကာ/မ များသည်  ဘေးအန္တရယ် အသွယ် သွယ်တို့မှ ကင်းစင်လွင့်ပျောက်ပြီး အလုပ်အကိုင် အကြံအစည်များ အောင်မြင်ပြီးလျှင် ကိုယ်ကျမ္မာခြင်း စိတ်ချမ်းသာခြင်း တို့ နှင့် ပြည့် စုံနိုင် ပါစေ ကြောင်း မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။

By: ပြန်ကြားရေး 19/3/2014

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.